ျပည္တြင္းသတင္း

“မင္းတို႔ထမင္းဝေအာင္စားထား”စာသားပါ အက်ီျဖင့္ ၾကည္လင္းကိုဝန္းရံသျဖင့္ တရားစြဲခံရၿပီး ထြက္ေျပး တိမ္းေရွာင္သူတစ္ဦး လာေရာက္ အဖမ္းခံ

“မင္းတို႔ထမင္းဝေအာင္စားထား”စာသားပါ အက်ီျဖင့္ ၾကည္လင္းကိုဝန္းရံသျဖင့္ တရားစြဲခံရၿပီး ထြက္ေျပး တိမ္းေရွာင္သူတစ္ဦး လာေရာက္

အဖမ္းခံခဲ့ၿပီး ယခုအခါ အင္စိန္ေထာင္တြင္ ထိန္းသိမ္းထား ရွိေၾကာင္း ကရင္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန႔္ဇင္ေအာင္က

ႏိုဝင္ဘာလ ၂ ရက္က ျပည္ျမန္မာကိုေျပာ သည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၂၅ ရက္က ထိုင္း-ျမန္မာနယ္စပ္တစ္ခုျဖစ္သည့္ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ရွိ ျပည္နယ္လႊတ္ေတာ္ကိုယ္စား

လွယ္တစ္ဦး ျဖစ္သူ ဦးသန႔္ဇင္ေအာင္ထံ ထြက္ေျပးတိမ္းေရွာင္ေနသူ အသက္ ၂၆ ႏွစ္အ႐ႊယ္ ဟိန္းေဝယံက ဖုန္းဆက္သြယ္အေၾကာင္း

ၾကားလာၿပီး ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး အမွတ္(၂) တံတားမွတစ္ဆင့္ ဝင္ေရာက္လာကာ အဖမ္းခံခဲ့ျခင္းျဖစ္သည္။

ယင္းေနာက္ ကိုဗစ္ ၁၉ ေရာဂါႏွင့္ ပတ္သက္၍ စစ္ေဆးခ်က္ ယူၿပီး သဃၤန္းညီေနာင္ရဲစခန္းရွိ ယာယီတည္ ေဆာက္ထားသည့္ ကြာလ

တင္းအခ်ဳပ္တြင္ ကနဦး ခ်ဳပ္ေႏွာင္ထားရွိ ခဲ့ေၾကာင္း သိရသည္။

“သူက ဗန္ေကာက္မွာရွိေနတဲ့အေၾကာင္း၊ လာေရာက္အဖမ္းခံခ်င္တဲ့အေၾကာင္း ဆက္သြယ္လာတယ္။ သူ႔အေနနဲ႔ ေအးေဆးစြာနဲ႔ ေထာင္ထဲ

သြားခ်င္တယ္။ သူ႔ အသက္အႏၲရာယ္အတြက္ ကြၽန္ေတာ့္ကိုေစာင့္ ေရွာက္ေပးဖို႔ေျပာတယ္။ သူ လာအဖမ္းခံေတာ့ ကြၽန္ေတာ္လည္း သက္

ဆိုင္တဲ့ ခ႐ိုင္ ၊ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ မႉးေတြကို ခ်ိတ္ဆက္ၿပီးေတာ့ က်န္းမာေရးနဲ႔ ပတ္သက္တာေတြ စစ္ေဆးခ်က္ယူၿပီး ရဲတပ္ဖြဲ႕က သဃၤန္း

ညီေနာင္ကြာလတင္းအခ်ဳပ္မွာ ထားတယ္။ ေအာက္တိုဘာ ၂၆ ရက္မွာ ျမဝတီၿမိဳ႕နယ္တရား႐ုံးမွာ ႐ုံးထုတ္ ၿပီး ေအာက္တိုဘာ ၂၉ ရက္

နံနက္ပိုင္းမွာ ရန္ကုန္အင္းစိန္အက်ဥ္းေထာင္ကို ပို႔လိုက္တယ္။ မြန္းလြဲပိုင္းမွာ ေထာင္ကိုေရာက္သြားၿပီဆိုတဲ့ အေၾကာင္း သူ႔မိသားစုက

ဆက္သြယ္အေၾကာင္း ၾကားလာလို႔ သိရပါတယ္” ဟု ၎က ရွင္းျပသည္။

ယင္းမွာ အသက္ ၂၆ ႏွစ္အ႐ြယ္ ဟိန္းေဝယံျဖစ္ၿပီး ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း ရန္ကုန္ ေျမာက္ပိုင္း ခ႐ိုင္တရား႐ုံးတြင္

တရားခံၾကည္လင္းအပါ ေလးဦးကို ႐ုံးထုတ္စစ္ေဆးခ်ိန္တြင္ မင္းတို႔ ထမင္း ဝေအာင္ စားထား စာတမ္းပါ တီရွပ္ဝတ္ဆင္၍ ဝန္းရံခဲ့သည့္

ေလးဦးအနက္ တစ္ဦးျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ထြက္ေျပးတိမ္းေရွာင္သူ ဟိန္းေဝယံအပါအဝင္ ေလးဦးကို ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၅၀၅ ျဖင့္ အမႈဖြင့္ထားရွိကာ ဖမ္းဝ

ရမ္းထုတ္ထားၿပီး လက္ရွိတြင္ ေအာင္လင္းႏွင့္ ဟိန္းေဝယံကို ဖမ္းဆီးရ မိၿပီး ျဖစ္ကာ တင္ေ႒းႏွင့္ ျမတ္ဘုန္းမိုရ္ တို႔ႏွစ္ဦးကို ဖမ္းဆီးရမိျခင္း

မရွိေသးေၾကာင္း သိရသည္။

credit;

Unicode

“မင်းတို့ထမင်းဝအောင်စားထား”စာသားပါ အကျီဖြင့် ကြည်လင်းကိုဝန်းရံသဖြင့် တရားစွဲခံရပြီး ထွက်ပြေး တိမ်းရှောင်သူတစ်ဦး လာ

ရောက်အဖမ်းခံခဲ့ပြီး ယခုအခါ အင်စိန်ထောင်တွင် ထိန်းသိမ်းထား ရှိကြောင်း ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်

အောင်က နိုဝင်ဘာလ ၂ ရက်က ပြည်မြန်မာကိုပြော သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်က ထိုင်း-မြန်မာနယ်စပ်တစ်ခုဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့ရှိ ပြည်နယ်လွှတ်တော်

ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ဦးသန့်ဇင်အောင်ထံ ထွက်ပြေးတိမ်းရှောင်နေသူ အသက် ၂၆ နှစ်အရွှယ် ဟိန်းဝေယံက ဖုန်းဆက်

သွယ်အကြောင်းကြားလာပြီး နှစ်နိုင်ငံချစ်ကြည်ရေး အမှတ်(၂) တံတားမှတစ်ဆင့် ဝင်ရောက်လာကာ အဖမ်းခံခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ကိုဗစ် ၁၉ ရောဂါနှင့် ပတ်သက်၍ စစ်ဆေးချက် ယူပြီး သင်္ဃန်းညီနောင်ရဲစခန်းရှိ ယာယီတည် ဆောက်ထားသည့်

ကွာလတင်းအချုပ်တွင် ကနဦး ချုပ်နှောင်ထားရှိ ခဲ့ကြောင်း သိရသည်။

“သူက ဗန်ကောက်မှာရှိနေတဲ့အကြောင်း၊ လာရောက်အဖမ်းခံချင်တဲ့အကြောင်း ဆက်သွယ်လာတယ်။ သူ့အနေနဲ့ အေးဆေးစွာနဲ့

ထောင်ထဲသွားချင်တယ်။ သူ့ အသက်အန္တရာယ်အတွက် ကျွန်တော့်ကိုစောင့် ရှောက်ပေးဖို့ပြောတယ်။ သူ လာအဖမ်းခံတော့

ကျွန်တော်လည်း သက်ဆိုင်တဲ့ ခရိုင် ၊ မြို့နယ် ရဲတပ်ဖွဲ့ မှူးတွေကို ချိတ်ဆက်ပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်တာတွေ စစ်ဆေး

ချက်ယူပြီး ရဲတပ်ဖွဲ့က သင်္ဃန်း ညီနောင်ကွာလတင်းအချုပ်မှာ ထားတယ်။ အောက်တိုဘာ ၂၆ ရက်မှာ မြဝတီမြို့နယ်တရားရုံးမှာ

ရုံးထုတ် ပြီး အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းမှာ ရန်ကုန်အင်းစိန်အကျဉ်းထောင်ကို ပို့လိုက်တယ်။ မွန်းလွဲပိုင်းမှာ ထောင်ကို

ရောက်သွားပြီဆိုတဲ့ အကြောင်း သူ့မိသားစုက ဆက်သွယ်အကြောင်း ကြားလာလို့ သိရပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ယင်းမှာ အသက် ၂၆ နှစ်အရွယ် ဟိန်းဝေယံဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန် မြောက်ပိုင်း ခရိုင်

တရားရုံးတွင် တရားခံကြည်လင်းအပါ လေးဦးကို ရုံးထုတ်စစ်ဆေးချိန်တွင် မင်းတို့ ထမင်း ဝအောင် စားထား စာတမ်းပါ တီရှပ်

ဝတ်ဆင်၍ ဝန်းရံခဲ့သည့် လေးဦးအနက် တစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်သူ ဟိန်းဝေယံအပါအဝင် လေးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ထား

ရှိကာ ဖမ်းဝရမ်းထုတ်ထားပြီး လက်ရှိတွင် အောင်လင်းနှင့် ဟိန်းဝေယံကို ဖမ်းဆီးရ မိပြီး ဖြစ်ကာ တင်ဋ္ဌေးနှင့် မြတ်ဘုန်းမိုရ်

တို့နှစ်ဦးကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

credit;