Corona Virus

မႏၲေလးၿမိဳ႕ရွိ မစိုးရိမ္တိုက္သစ္တြင္ ကိုရင္ေလးတစ္ပါး အနံ႔ေပ်ာက္ရာက ေဆး႐ုံႀကီး သြားျပရာကေန ပိုးေတြ့

မႏၲေလးခ႐ိုင္၊ မဟာေအာင္ေျမၿမိဳ႕နယ္အတြင္းရွိ မစိုးရိမ္တိုက္သစ္မွ ဓမၼေဝဒဂူေက်ာင္း၌ သီတင္းသုံးေနသည့္ သာမေဏ တစ္ပါး COVID-

19 အတည္ျပဳလူနာျဖစ္ခဲ့ေသာေၾကာင့္ ေက်ာင္းရွိသံဃာ ၈၇ ပါး Quarantine ဝင္ေရာက္ၿပီး ဓာတ္ခြဲနမူနာမ်ား ရယူစစ္ေဆးခဲ့ရာ ေနာက္

ထပ္ သုံးပါး တြင္ COVID-19 ေတြ႕ရွိခဲ့ေၾကာင္း မဟာေအာင္ေျမၿမိဳ႕နယ္ COVID-19 ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရး ေကာ္မ

တီမွ သိရသည္။

“ကိုရင္ေလးတစ္ပါးက အနံ႔ေပ်ာက္ရာက ေဆး႐ုံႀကီး သြားျပရာကေန ပိုးေတြ႕တာ၊ အဲဒီလို ပိုးေတြ႕ခဲ့တာေၾကာင့္ ေက်ာင္းမွာ ရွိတဲ့ သံဃာ

အကုန္လုံးကို ၆၂လမ္းေပၚက သံဃာ့ေဆး႐ုံႀကီးကို ပို႔ထားပါတယ္၊ ေရာက္ကတည္းက ေဆးစစ္ေနၾကပါတယ္၊ Swab ယူစစ္ၿပီးရင္လဲ အဲဒီ

မွာပဲ Quarantine ဝင္ၿပီး သီတင္းသုံးၾကရမွာပါ၊လက္ရွိ စစ္ေဆးၿပီးစီးတဲ့အေနအထားမွာ ကိုရင္ သုံးပါး Positive ထပ္ေတြ႕ပါတယ္၊

Positive ေတြ႕တဲ့ ကိုရင္ေလးေတြ အားလုံးလည္း က်န္းမာေရး ေကာင္းၾကပါတယ္၊ က်န္တဲ့သံဃာေတြအားလုံး ပိုးမေတြ႕ ဘဲ ေနထိုင္

ေကာင္း ၾကတယ္လို႔ သိရပါတယ္”ဟု မဟာ ေအာင္ေျမၿမိဳ႕နယ္ COVID-19 ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚ တုံ႔ျပန္ေရးေကာ္မတီမွ

ျမိဳ႕နယ္အုပ္ခ်ဳပ္ ေရးမႈး ဦးႏိုင္ဝင္းက ေျပာသည္။

မစိုးရိမ္တိုက္သစ္၊ ဓမၼေဝဒဂူေက်ာင္း၌ သီတင္းသုံးေနသည့္ သာမေဏတစ္ပါးသည္ ႏိုဝင္ဘာလ ၂ ရက္ ညေန ပိုင္းက အနံ႔ ေပ်ာက္သြား

သျဖင့္ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီးသို႔ သြားေရာက္ျပသရာ ေစာင့္ၾကည့္လူ နာအျဖစ္ သတ္မွတ္၍ ဓာတ္ခြဲနမူနာ(Swab) ရယူ

စစ္ေဆးခဲ့ရာ ညပိုင္းတြင္ COVID-19 ေရာဂါပိုး ကူးစက္ခံရ ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။

“ဘယ္လို ကူးစက္တယ္ဆိုတာေတာ့ အတိအက် မသိရဘူးေပါ့ေနာ္၊ ကိုဗစ္ေၾကာင့္ ေက်ာင္းတိုက္ထဲကို အျပင္လူစိမ္း အဝင္မခံဘဲေနတာ

ၾကာပါၿပီ၊ ပုံမွန္ကာလဆိုရင္ ေက်ာက္တိုက္မွာက စာသင္သားသံဃာေတြ ေတာ္ေတာ္မ်ားတယ္၊ အခုက ကိုဗစ္ေၾကာင့္ ေက်ာင္းတိုက္မွာ သီ

တင္းသုံးတဲ့ သာမေဏ၊ ရဟန္း နည္းနည္းပဲ က်န္တာ၊ ေလာေလာဆယ္ ပိုးေတြ႕တဲ့ ေက်ာင္းကိုေတာ့ အသြားအလာ ကန႔္သတ္ထားတယ္၊

ပိုးေတြ႕ ေက်ာင္း ကိုလည္း ေဆးျဖန္းတာေတြ လုပ္ၿပီးပါၿပီ”ဟု မစိုးရိမ္တိုက္သစ္တြင္ သီတင္းသုံးေနသည့္ ဆရာေတာ္ ဦးဉာဏဓဇက ႁမြက္

ၾကားသည္။

မစိုးရိမ္တိုက္သစ္သည္ အထက္ျမန္မာျပည္၌ နာမည္ေက်ာ္ ပရိယတၱိိစာသင္တိုက္တစ္ခုျဖစ္ၿပီး ပုံမွန္အခ်ိန္မ်ား တြင္ စာသင္သား သံဃာ

၃၀၀၀ ေက်ာ္အထိ သီတင္းသုံးေနထိုင္ၿပီး ကိုဗစ္ကာလတြင္ စာသင္သားသံဃာမ်ား ေနရပ္အသီးသီးသို႔ ျပန္လည္ သီတင္းသုံးၾကသျဖင့္

လက္ရွိအခ်ိန္တြင္ ၅၀၀ ေက်ာ္ သီတင္းသုံးေန ထိုင္လ်က္ရွိ ကာ ဆြမ္းကိစၥအား အလႈရွင္မ်ားႏွင့္ ေက်ာင္တိုက္မွ တာဝန္ယူထားေၾကာင္း

သိရသည္။

ယခုအခါ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ COVID-19 အတည္ျပဳလူနာ ၃၆၄ ဦးထိ ေတြ႕ရွိထားၿပီး ေရာဂါေ ပ်ာက္ကင္းသြား သျဖင့္ ၁၆၀

ေက်ာ္ထိ ေဆး႐ုံဆင္းခြင့္ျပဳထားၿပီးျဖစ္သလို မဟာေအာင္ေျမၿမိဳ႕နယ္ကိုလည္း (Stay at Home) မိမိတို႔ေနအိမ္အတြင္း ေနထိုင္ရန္

သတ္မွတ္ေၾကညာထားဆဲျဖစ္သည္။

မႏၲေလးတိုင္းအတြင္း၌ COVID-19 ေရာဂါ အတည္ျပဳလူနာေတြ႕ရွိမႈသည္ ႏိုဝင္ဘာ ၁ ရက္ထိ အတည္ျပဳလူနာ ၂၀၅၉ ဦးထိ ရွိၿပီး ေရာဂါ

ေပ်ာက္ကင္းသြားသျဖင့္ ၁၃၆၀ ေက်ာ္ထိ ေဆး႐ုံဆင္းလာၿပီျဖစ္သလို မႏၲေလး ခ႐ိုင္ အတြင္းမွ ၁၄၀၃ ဦးထိရွိၿပီး မဟာေအာင္ေျမၿမိဳ႕နယ္မွ

အတည္ျပဳလူနာ ေလးဦး၊ ေအာင္ေျမသာစံၿမိဳ႕နယ္မွ အတည္ျပဳ လူနာတစ္ဦး၊ ပုသိမ္ႀကီးၿမိဳ႕နယ္မွ အတည္ျပဳလူနာတစ္ဦး၊ ခ်မ္းေအးသာစံ

ျမိဳ႕နယ္မွ အတည္ျပဳ လူနာႏွစ္ဦး၊ ျမင္းၿခံၿမိဳ႕နယ္မွ အတည္ျပဳလူနာ တစ္ဦး ေသဆုံးခဲ့ သည္။

credit;

Unicode

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မစိုးရိမ်တိုက်သစ်မှ ဓမ္မဝေဒဂူကျောင်း၌ သီတင်းသုံးနေသည့် သာမဏေ တစ်ပါး

COVID-19 အတည်ပြုလူနာဖြစ်ခဲ့သောကြောင့် ကျောင်းရှိသံဃာ ၈၇ ပါး Quarantine ဝင်ရောက်ပြီး ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးခဲ့

ရာ နောက်ထပ် သုံးပါး တွင် COVID-19 တွေ့ရှိခဲ့ကြောင်း မဟာအောင်မြေမြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်

တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

“ကိုရင်လေးတစ်ပါးက အနံ့ပျောက်ရာက ဆေးရုံကြီး သွားပြရာကနေ ပိုးတွေ့တာ၊ အဲဒီလို ပိုးတွေ့ခဲ့တာကြောင့် ကျောင်းမှာ ရှိတဲ့

သံဃာအကုန်လုံးကို ၆၂လမ်းပေါ်က သံဃာ့ဆေးရုံကြီးကို ပို့ထားပါတယ်၊ ရောက်ကတည်းက ဆေးစစ်နေကြပါတယ်၊ Swab ယူစစ်ပြီးရင်

လဲ အဲဒီမှာပဲ Quarantine ဝင်ပြီး သီတင်းသုံးကြရမှာပါ၊လက်ရှိ စစ်ဆေးပြီးစီးတဲ့အနေအထားမှာ ကိုရင် သုံးပါး Positive ထပ်

တွေ့ပါတယ်၊ Positive တွေ့တဲ့ ကိုရင်လေးတွေ အားလုံးလည်း ကျန်းမာရေး ကောင်းကြပါတယ်၊ ကျန်တဲ့သံဃာတွေအားလုံး ပိုးမတွေ့

ဘဲ နေထိုင်ကောင်း ကြတယ်လို့ သိရပါတယ်”ဟု မဟာ အောင်မြေမြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး

ကော်မတီမှ မြို့နယ်အုပ်ချုပ် ရေးမှုး ဦးနိုင်ဝင်းက ပြောသည်။

မစိုးရိမ်တိုက်သစ်၊ ဓမ္မဝေဒဂူကျောင်း၌ သီတင်းသုံးနေသည့် သာမဏေတစ်ပါးသည် နိုဝင်ဘာလ ၂ ရက် ညနေ ပိုင်းက အနံ့ ပျောက်

သွားသဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်ပြသရာ စောင့်ကြည့်လူ နာအဖြစ် သတ်မှတ်၍ ဓာတ်ခွဲနမူ

နာ(Swab) ရယူစစ်ဆေးခဲ့ရာ ညပိုင်းတွင် COVID-19 ရောဂါပိုး ကူးစက်ခံရ ကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ဘယ်လို ကူးစက်တယ်ဆိုတာတော့ အတိအကျ မသိရဘူးပေါ့နော်၊ ကိုဗစ်ကြောင့် ကျောင်းတိုက်ထဲကို အပြင်လူစိမ်း အဝင်မခံဘဲနေ

တာ ကြာပါပြီ၊ ပုံမှန်ကာလဆိုရင် ကျောက်တိုက်မှာက စာသင်သားသံဃာတွေ တော်တော်များတယ်၊ အခုက ကိုဗစ်ကြောင့်

ကျောင်းတိုက်မှာ သီတင်းသုံးတဲ့ သာမဏေ၊ ရဟန်း နည်းနည်းပဲ ကျန်တာ၊ လောလောဆယ် ပိုးတွေ့တဲ့ ကျောင်းကိုတော့

အသွားအလာ ကန့်သတ်ထားတယ်၊ ပိုးတွေ့ ကျောင်း ကိုလည်း ဆေးဖြန်းတာတွေ လုပ်ပြီးပါပြီ”ဟု မစိုးရိမ်တိုက်သစ်တွင် သီတင်းသုံးနေ

သည့် ဆရာတော် ဦးဉာဏဓဇက မြွက်ကြားသည်။

မစိုးရိမ်တိုက်သစ်သည် အထက်မြန်မာပြည်၌ နာမည်ကျော် ပရိယတ္တိိစာသင်တိုက်တစ်ခုဖြစ်ပြီး ပုံမှန်အချိန်များ တွင် စာသင်သား

သံဃာ ၃၀၀၀ ကျော်အထိ သီတင်းသုံးနေထိုင်ပြီး ကိုဗစ်ကာလတွင် စာသင်သားသံဃာများ နေရပ်အသီးသီးသို့ ပြန်လည် သီတင်းသုံးကြ

သဖြင့် လက်ရှိအချိန်တွင် ၅၀၀ ကျော် သီတင်းသုံးနေ ထိုင်လျက်ရှိ ကာ ဆွမ်းကိစ္စအား အလှုရှင်များနှင့် ကျောင်တိုက်မှ

တာဝန်ယူထားကြောင်း သိရသည်။

ယခုအခါ မဟာအောင်မြေမြို့နယ်တွင် COVID-19 အတည်ပြုလူနာ ၃၆၄ ဦးထိ တွေ့ရှိထားပြီး ရောဂါေ ပျာက်ကင်းသွား သဖြင့် ၁၆၀

ကျော်ထိ ဆေးရုံဆင်းခွင့်ပြုထားပြီးဖြစ်သလို မဟာအောင်မြေမြို့နယ်ကိုလည်း (Stay at Home) မိမိတို့နေအိမ်အတွင်း နေထိုင်ရန်

သတ်မှတ်ကြေညာထားဆဲဖြစ်သည်။

မန္တလေးတိုင်းအတွင်း၌ COVID-19 ရောဂါ အတည်ပြုလူနာတွေ့ရှိမှုသည် နိုဝင်ဘာ ၁ ရက်ထိ အတည်ပြုလူနာ ၂၀၅၉ ဦးထိ ရှိ

ပြီး ရောဂါ ပျောက်ကင်းသွားသဖြင့် ၁၃၆၀ ကျော်ထိ ဆေးရုံဆင်းလာပြီဖြစ်သလို မန္တလေး ခရိုင် အတွင်းမှ ၁၄၀၃ ဦးထိရှိပြီး မဟာ

အောင်မြေမြို့နယ်မှ အတည်ပြုလူနာ လေးဦး၊ အောင်မြေသာစံမြို့နယ်မှ အတည်ပြု လူနာတစ်ဦး၊ ပုသိမ်ကြီးမြို့နယ်မှ အတည်ပြုလူနာတစ်

ဦး၊ ချမ်းအေးသာစံမြို့နယ်မှ အတည်ပြု လူနာနှစ်ဦး၊ မြင်းခြံမြို့နယ်မှ အတည်ပြုလူနာ တစ်ဦး သေဆုံးခဲ့ သည်။

credit;