နိုင်ငံတကာသတင်း
အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ ဓါတုဗေဒပစ္စည်းတွေ သိုလှောင်ထားရာ ဝါစက်ရုံတစ်ခု မီးလောင် ပေါက်ကွဲမှုကြီးဖြစ်ပွား
လိုင်းက ဖော်ပြပါတယ်။
ပွားလေ့ရှိပါတယ်။
credit;
Unicode
အိန္ဒိယ ဓါတုပစ္စည်း သိုလှောင်ရုံတစ်ခု မီးလောင် ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီး လူ ၁၂ ဦး သေဆုံး
အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ ဓါတုဗေဒပစ္စည်းတွေ သိုလှောင်ထားရာ ဝါစက်ရုံတစ်ခု အကြီးအကျယ် မီးလောင်ပေါက်ကွဲမှုကြီး
ဖြစ်ပွားခဲ့တာကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ အရာရှိတစ်ဦးက ပြောဆိုပါတယ်။
ဂူဂျာရတ်ပြည်နယ် အာမက်ဒါဘတ်မြို့ အစွန်အဖျားရှိ အခင်းဖြစ် သိုလှောင်ရုံကနေ အလောင်း ၁၂ လောင်း တွေ့ရှိခဲ့ကြောင်း
အမျိုးသား သဘာဝဘေး တုန့်ပြန်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခရစ်ရှန် ကူးမားက ပြောဆိုပါတယ်။
မီးလောင်မှုဖြစ်ပွားရာနေရာမှာ အလုပ်သမားများစွာ အထိတ်တလန့်ပြေးလွှားနေတာကို ရုပ်သံပြကွက်တွေမှာ တွေ့ရပါတယ်။
မီးသတ်ကား ၂၄ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင် ၅၀ ကျော်သုံးကာ နာရီများစွာကြာအောင် မီးကို ငြိမ်းသတ်ခဲ့ရကြောင်း မီးသတ်ဌာနက ပြောဆို
ပါတယ်။ သိုလှောင်ရုံ အစိတ်အပိုင်းတစ်ခု ပြိုကျခဲ့တယ်လို့ PTI သတင်းဌာနက ပြောဆိုပါတယ်။
အာမက်ဒါဘတ် သိုလှောင်ရုံ မီးလောင်မှုကြောင့် အသက်တွေ ဆုံးရှုံးခဲ့ရမှုအတွက် စိတ်မချမ်းမြေ့ရပါကြောင်း ဝန်ကြီးချုပ် နာရ
င်ဒြာမိုဒီက ပြောဆိုပါတယ်။ သိုလှောင်ရုံ မီးလောင် ပေါက်ကွဲမှုကြောင့် အနီးအနားက အဆောက်အဦအချို့ ပျက်စီးမှုဖြစ်ခဲ့ကြောင်း န
ယူးဒေလီ ရုပ်သံလိုင်းက ဖော်ပြပါတယ်။
အိန္ဒိယနိုင်ငံမှာ လုံခြုံဘေးကင်းမှုဆိုင်ရာ စံသတ်မှတ်ချက်တွေကို လိုက်နာမှုအားနည်းတာကြောင့် မီးလောင်မှုတွေ မကြာခဏ
ဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။
credit;