Corona Virus

အင္းယားစင္တာတြင္ တစ္ေန႔လွ်င္ လူဦးေရ (၅၀ဝ) မွ (၁၀ဝဝ) ထိ Covid -19 အခမဲ့ စစ္ေဆးေပးမည္

အင္းယားစင္တာတြင္ တစ္ေန႔လွ်င္ လူဦးေရ (၅၀ဝ) မွ (၁၀ဝဝ) ထိ Covid -19 အခမဲ့ စစ္ေဆးေပးမည္
===================================================

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ စီစဥ္ႀကီးၾကပ္မႈျဖင့္ အင္းယားစင္တာတြင္ တစ္ေန႔လွ်င္ လူဦးေရ (၅၀ဝ) မွ (၁၀ဝဝ) ထိ

Covid -19 အခမဲ့ စစ္ေဆး ေပးသြားမည္ ျဖစ္ေၾကာင္းသိရသည္။

WHO ႏွင့္ အေမရိကန္ႏိုင္ငံ FDA အသိအမွတ္ျပဳလက္မွတ္ ရရွိထားသည့္ Boimeme RT-PCR (၁၀) လုံးကို အသုံးျပဳ၍ စစ္ေဆးေပးမည္

ျဖစ္ေၾကာင္း အဆိုပါ စင္တာက ထုတ္ျပန္ထားသည္။

ယင္းစင္တာတြင္ Inya Centre Molecular Laboratory (Covid-19) ကို အင္းယားစင္တာမွ မတည္ရင္း ႏွီးေငြ သိန္းေပါင္း

(၅၃၀ဝ) ေက်ာ္ျဖင့္ အင္းယားစင္တာ ပရဝုဏ္ အတြင္း ထပ္မံ ေဆာင္႐ြက္ထားၿပီး က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနသို႔ လႊဲေျပာင္း

ေပးအပ္လႉဒါန္းပြဲကို ႏိုဝင္ဘာလ ၉ ရက္ မြန္းလြဲ (၃) နာရီအခ်ိန္က လမ္းမေတာ္ ၿမိဳ႕နယ္ ေဆးတကၠသိုလ္ (၁) ရန္ကုန္တြင္ က်င္းပခဲ့

သည္။

အခမ္းအနားသို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းႏွင့္ တာဝန္ရွိသူ မ်ား ရန္ကုန္ တိုင္းေဒသႀကီး ကိုဗစ္-၁၉

ကုသတိုက္ဖ်က္ေရး ေကာ္မတီ ဒုတိယဥကၠဌ ေဆးတကၠသိုလ္ (၁) (ရန္ကုန္) ပါေမာကၡခ်ဳပ္ ေဒါက္တာေဇာ္ေဝစိုး ႏွင့္ တာဝန္ရွိသူမ်ား ၊

အင္းယားစင္တာ ဦးစီးေကာ္မတီ ႏွင့္လုပ္ငန္း ေကာ္မတီမွတာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကသည္။

အင္းယားစင္တာကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ရန္ကုန္တိုင္းေဒသႀကီး အစိုးရ အဖြဲ႕၏ လမ္းၫႊန္ မႈမ်ားျဖင့္ ကေမာၻဇဘဏ္မွ

ေငြက်ပ္သိန္း (၁၀ဝဝဝ) ၊ ေ႐ႊသံလြင္ကုမၸဏီမွ ေငြက်ပ္သိန္း (၃၀ဝဝ) စုစုေပါင္း က်ပ္သိန္းတစ္ေသာင္းသုံးေထာင္ ကနဦး မတည္လႉ

ဒါန္း၍ Yangon Convention Center တြင္ တည္ေဆာက္ကာ ေအာက္တိုဘာလ (၁၀)ရက္တြင္ စတင္ ဖြင့္လွစ္၍ ကိုဗစ္အတည္ျပဳလူ

နာမ်ားအား ျပဳစုေစာင့္ေရွာက္ ေပးလ်က္ရွိေၾကာင္းသိရသည္။

credit;

Unicode

အင်းယားစင်တာတွင် တစ်နေ့လျှင် လူဦးရေ (၅၀ဝ) မှ (၁၀ဝဝ) ထိ Covid -19 အခမဲ့ စစ်ဆေးပေးမည်
===================================================

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် အင်းယားစင်တာတွင် တစ်နေ့လျှင် လူဦးရေ (၅၀ဝ) မှ (၁၀ဝဝ)

ထိ Covid -19 အခမဲ့ စစ်ဆေး ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

WHO နှင့် အမေရိကန်နိုင်ငံ FDA အသိအမှတ်ပြုလက်မှတ် ရရှိထားသည့် Boimeme RT-PCR (၁၀) လုံးကို အသုံးပြု၍ စစ်ဆေး

ပေးမည် ဖြစ်ကြောင်း အဆိုပါ စင်တာက ထုတ်ပြန်ထားသည်။

ယင်းစင်တာတွင် Inya Centre Molecular Laboratory (Covid-19) ကို အင်းယားစင်တာမှ မတည်ရင်း နှီးငွေ သိန်း

ပေါင်း (၅၃၀ဝ) ကျော်ဖြင့် အင်းယားစင်တာ ပရဝုဏ် အတွင်း ထပ်မံ ဆောင်ရွက်ထားပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့

လွှဲပြောင်း ပေးအပ်လှူဒါန်းပွဲကို နိုဝင်ဘာလ ၉ ရက် မွန်းလွဲ (၃) နာရီအချိန်က လမ်းမတော် မြို့နယ် ဆေးတက္ကသိုလ် (၁) ရန်

ကုန်တွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူ များ ရန်ကုန် တိုင်းဒေသကြီး ကိုဗ

စ်-၁၉ ကုသတိုက်ဖျက်ရေး ကော်မတီ ဒုတိယဥက္ကဌ ဆေးတက္ကသိုလ် (၁) (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး နှင့်

တာဝန်ရှိသူများ ၊ အင်းယားစင်တာ ဦးစီးကော်မတီ နှင့်လုပ်ငန်း ကော်မတီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အင်းယားစင်တာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ လမ်းညွှန် မှုများဖြင့် ကမ္ဘော

ဇဘဏ်မှ ငွေကျပ်သိန်း (၁၀ဝဝဝ) ၊ ရွှေသံလွင်ကုမ္ပဏီမှ ငွေကျပ်သိန်း (၃၀ဝဝ) စုစုပေါင်း ကျပ်သိန်းတစ်သောင်းသုံးထောင်

ကနဦး မတည်လှူဒါန်း၍ Yangon Convention Center တွင် တည်ဆောက်ကာ အောက်တိုဘာလ (၁၀)ရက်တွင် စတင် ဖွင့်

လှစ်၍ ကိုဗစ်အတည်ပြုလူနာများအား ပြုစုစောင့်ရှောက် ပေးလျက်ရှိကြောင်းသိရသည်။

credit;