Corona Virus

မန္တလေးက Covid-19 ဓာတ်ခွဲခန်း ပြီးတော့မည်

မန္တလေးတွင် Covid-19 ဓာတ်ခွဲခန်း အဆောက်အဦ ၇၀ ရာခိုင်နှုန်းပြီးစီး

မန္တလေးမြို့တွင် Covid-19 ရောဂါပိုးနှင့် ပက်သက်ပြီး စမ်းသပ်နိုင်မည့် ဓာတ်ခွဲခန်းအား ပြင်ဆင်လျက်ရှိ ပြီး အဆောက်အဦပိုင်း ပြင်ဆင်မှု ၇၀ ရာခိုင်နှုန်းခန့်ပြီးစီးနေသည့်အတွက် မတ်လ နောက်ဆုံးပတ်တွင် စတင်စမ်းသပ်မှုများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးက ဧပြီ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ဧပြီလ ၃၀ ရက်နေ့က တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြုလုပ်သည့် တိုင်းအတွင်း ကိုရိုနာဗိုင်းရပ်အတွက် လုပ်ဆောင်ချက်များနှင့် ပက်သက်ပြီး စာရှင်းလင်းပွဲတွင် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ သတင်းမှန် ပြန်ကြားရေးနှင့် သတင်းမှားများ ဖြန့်ဝေသူများအား ရှာဖွေထုတ်ပြီး သတင်းစောင့်ကြည့်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ရှမ်းတိုင်းရေးသားလူမျိုးရေးရာ ဝန်ကြီး ဦးဆိုင်းပန်းဆိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ တိုးတက်နေတဲ့ နိုင်ငံတွေကတော့ ဓာတ်ခွဲနိုင်တဲ့ အရေအတွက်ကို ဦးစားပေးလုပ်နေတာပေါ့။ အကြမ်းအားဖြင့် တစ်ယောက်ကို စမ်းသပ်မယ်ဆိုရင် တစ်သိန်းခွဲလောက် ကုန်တယ်လိုသိထားရတယ်။ မန္တလေးမှာ အရင်ကဓာတ်ခွဲခန်းနဲ့ ပက်သက်ပြီး ဘယ်လိုမှာ စိတ်ကူးလိုမရနိုင်ဘူးပေါ့ ဒါပေမယ့် စင်ကာပူက အလှူရှင် တစ်ဦးက လှူမယ်လို ပြောလာတဲ့အတွက် ဓာတ်ခွဲစမ်းသပ်နိုင်တော့မှာပါ ” ဟု ၎င်းကပြောသည်။

ယင်းဓာတ်ခွဲခန်းအား ၃၅ လမ်း ၆၄ လမ်းနှင့် ၆၅ လမ်းရှိ အရင် FDA ရုံးခန်းဟောင်းနေရာအား ပြန်လည် ပြင်ဆင်ဆောင်ရွက်မည်ဖြစ်သော်လည်း အလှူရှင် နာမည်နှင့် စက်၏ တန်ဖိုးအား ဝန်ကြီး ပြောကြားသွားခဲ့ခြင်းမရှိပေ။

“အဆောက်အဦးကို နည်းနည်းပြန်ပြင်ဆင်ရတာလေးတွေရှိတယ်။ နောက်ဓာတ်ခွဲခန်းလုပ်မယ်ဆိုရင်လည်း သာမန် အဲကွန်းအအေးပေးတာလောက်နဲ့ မရတဲ့အတွက် တိုင်းအစိုးရငွေထဲက ခေတ္တစိုက်ထုတ်ပြီးတော့ အဲကွန်းတပ်ဆင်တာတွေလုပ်ထားတယ် ” ဟု ဦးဆိုင်းပန်းဆိုင် ကပြောသည်။

ယင်းဓာတ်ခွဲခန်းတွင် တာဝန်ယူမည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်း ၄ ဦးအား ရန်ကုန်သို့ ပို့က သင်တန်းပေးပြီးဖြစ်ကြောင်း၊ စက်စတင်လည်ပတ်သည့်တပြိုင်နက် လူဦးရေ ၂၀၀၀ ကျော်ကို စတင်စမ်းသပ်ပေးနိင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနနှင့် ဆေးသုတေသဦးစီးဌာနတို့တွင် Covid-19 ရောဂါပိုးကို Polymerase Chain Raction ( PCR ) နည်းလမ်းဖြင့် စောင့်ကြည့်လူနာ၊ အသွာားအလာ ကန့်သတ်ကာ စောင့်ကြည့်ခံရသူများနှင့် လူနာနှင့် အနီးကပ်ထိတွေ့သူများထံမှ ဓာတ်ခွဲနမူနာ များကို နေ့စဉ် စစ်ဆေးပေးနေကြောင်း၊ မန္တလေးမြို့နှင့် မော်လမြိုင်မြို့ရှိ ပြည်သူကျန်းမာရေး ဓာတ်ခွဲခန်းများတွင်လည်း အလားတူ နည်းလမ်းဖြင့် ဓာတ်ခွဲစစ်ဆေးနိုင်ရန် ဆောင်ရွက်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကျော်ကိုကို/မြန်မာတိုင်းမ်