ဆယ်လီသတင်း

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည် လူနာတွေကို ထားတဲ့ ဟိုတယ် ပြိုကျမှု ဖြစ်ပွား (ရုပ်/သံ)

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း Quanzhou မြို့မှာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို သီးသန့်ခွဲထားတဲ့ ဟိုတယ်တခု မနေ့က ပြိုကျသွားလို့ အထဲမှာ လူအတော်များများ ပိတ်မိနေတယ်လို့သိရပါတယ်။

Quanzhou မြို့ မှာရှိတဲ့ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို သီးသန့်ခွဲထားတဲ့ ဒီဟိုတယ်ဟာ အထပ် ၅ ထပ်ရှိတဲ့ ဒီဟိုတယ်ဖြစ်ပြီး လောလောဆယ် လူ ၇၀ လောက် ပိတ်မိသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရတော့ လူ ၃၀ ကျော်ကို အပျက်အစီးတွေကြားထဲက ဆွဲထုတ်နိုင်ခဲ့ပြီး အတော်များများကတော့ အပျက်အစီးပုံတွေကြား ပိတ်မိနေပါသေးတယ်။

တရုတ်အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေက ပိတ်မိနေတဲ့လူတွေကို ကယ်တင်ဖို့ ကြိုးစားနေတာကိုလည်း သတင်းတွေမှာ တွေ့ရပါတယ်။

အဆောက်အအုံ ပြိုကျရတဲ့အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။

နောက်ဆုံးရရှိထားတဲ့ တသင်းတွေအရ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထား ရသူဦးရေဟာ တကမ္ဘာလုံးမှာ တစ်သိန်း ရှိသွား ပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ပြောပါတယ်။

အတိအကျပြောရမယ်ဆိုရင်တော့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထား ရသူဦးရေစုစုပေါင်း 102,232 အထိရှိပြီး

သေဆုံးသူကတော့ 3,496 ရှိပြီဖြစ်ကာ ကုသပျောက်ကင်းသွားတဲ့ အရေအတွက်ကတော့ 57,619 အထိရှိပြီဖြစ်ပါတယ်။

ရုပ်သံကြည့်ရန်

အစ္စရေးနိုင်ငံမှာလဲ တရုတ်နိုင်ငံ ဝူဟန်မြို့က မူလဇစ်မြစ်ဖြစ်တယ်လို့ ယူဆထားတဲ့ COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၂၁ ဦး ရှိပြီ ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံဟာ နိုင်ငံကို မလာရောက်မီ ၁၄ ရက်အတွင်း တရုတ်၊ ထိုင်း၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊

ဩစတြေးလျနဲ့ ဆွစ်ဇာလန်နိုင်ငံတွေက နိုင်ငံခြားသားတွေ ဝင်ရောက်တာကို ပိတ်ပင်ထားပါတယ်။

ဒါအပြင် အဲဒီနိုင်ငံတွေက ပြန်လာတဲ့ အစ္စရေးနိုင်ငံသားတွေဟာလည်း ကိုယ်တိုင်ရောဂါခြေချုပ်နဲ့ သီတင်းနှစ်ပတ် နေထိုင်ရတာဖြစ်ပါတယ်။

လူ ၅၀၀၀ ကျော်ထက် စုဝေးတဲ့ ပွဲလမ်းသဘင်တွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ထားပါတယ်။

နိုင်ငံအတွင်း ရောဂါခြေချုပ်နဲ့ နေနေရသူပေါင်းက ရှစ်သောင်းကျော်ထက်မနည်း ရှိနေတယ်လို့ သိရပါတယ်။

Writer_ မောင်သံဆင့်(XYZ News)

naethitmyanmar