ဆယ်လီသတင်း

ကျမ်းမာရေး ပြန်ကောင်းလာတဲ့ ရုပ်ရှင် သရုပ်ဆောင် မင်းသမီးချောလေး ထက်ထက်မိုးဦး

သရုပ်ဆောင်မင်းသမီးချောလေး ထက်ထက်မိုးဦးကတော့ နှစ်တွေလတွေပြောင်းလဲသွားပေမယ့်

ပရိသတ်တွေရဲ့ရင်ထဲမှာအခုချိန်အထိ မပြောင်းမလဲနေရာယူထားဆဲ ဖြစ်ပါတယ် ။

သူမရဲ့ချစ်စဖွယ်ဟန်ပန်အမူအရာလေးတွေနဲ့ ပုံရိပ်တွေက ပရိသတ်တွေရဲ့အချစ်ကို

အရယူထားနိုင်တာ ဖြစ်ပါတယ် ။ ထက်ထက်မိုးဦးက လက်ရှိမှာတော့ သူမရဲ့မွေးရပ်မြေကို

ပြန်လည်ရောက်ရှိနေပြီး ဖခင်ရဲ့အိမ်လေးမှာအတူနေထိုင်နေတာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်မှာ ထက်ထက်မိုးဦးက နေမကောင်းဖြစ်လို့ဆေးသောက်နေရတဲ့အကြောင်းကို

သူမရဲ့ Facebook Page မှာ တင်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေက

သူမရဲ့ကျန်းမာရေးကို စိုးရိမ်နေကြတာ ဖြစ်ပါတယ် ။ ဒါကြောင့် ထက်ထက်မိုးဦးနဲ့မိတ်ဆွေတွေလို

ခင်မင်ရင်းနှီးတဲ့ ဒီဇိုင်နာမျိုးမင်းစိုးက သူမကို Video Call ခေါ်ပြီး သတင်းမေးခဲ့တာ ဖြစ်ပါတယ် ။

ဒီဇိုင်နာမျိုးမင်းစိုးက “ထက်ထက်ကိုစိုးရိမ်နေကြလို့ ကျွန်တော့်ကိုခဏခဏမေးနေကြတဲ့

ထက်ထက်ရဲ့ပရိသတ်များ အခုပဲထက်ထက်နဲ့ Vd callပြောဖြစ်ပါတယ် ထက်ထက်ရဲ့ 

ကျန်းမာရေးအခြေအနေပြန်လည်သက်သာကောင်းမွန်လာပြီဖြစ်ပါတယ်လို့” ဆိုပြီး ပုံလေးတွေနဲ့တကွ

တင်ပေးထားတာပဲ ဖြစ်ပါတယ် ။

ကဲ ထက်ထက်ကိုစိုးရိမ်နေတဲ့ပရိသတ်တွေအတွက် ကျန်းမာရေးပြန်ကောင်းနေပြီဖြစ်တဲ့

ထက်ထက်ရဲ့အကြောင်းလေးကို သတင်းကောင်းပါးလိုက်ရပါတယ်နော်။