ပြည်တွင်းသတင်း

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ နဝဒေးရပ် ကွက်တွင် လောင်းကစားဝိုင်းဖမ်း

လောင်းကစားဝိုင်းဖမ်း

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ နဝဒေးရပ် ကွက်တွင် လောင်းကစားဝိုင်းတစ်ဝိုင်းအား

(၁၈.၅.၂၀၂၀)ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့ န၀ဒေး ရပ်ကွက်၊ အေးငြိမ်းရာသုဿန်အနီး ကြေးတိုင်ပြင်ကွင်းရှိ

သီဟိုပင်များအရိပ်တွင် ကြက်တိုက်လောင်း ကစားပြုလုပ်နေကြောင်း သတင်းအရ ပြည်မြို့မရဲစခန်းမှ

နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြတ်သူစိုး ဦးစီးသည့်တပ်ဖွဲ့ဝင်များနှင့် ဆင်စုရပ်ကွက်

ရာအိမ်မှူး ဦးတင်ဝင်းတို့နှင့်အတူသွားရောက်ဖမ်းဆီးခဲ့ရာ ကြေးတိုင်ပြင်ကွင်းသီဟိုပင်များအောက်တွင်

ဦးတင်အောင်၊ န၀ဒေးရပ်ကွက်၊ ပြည်မြို့နေသူ၏ အကျီင်္အိတ်ကပ်အတွင်းမှ ငွေစက္ကူရောရာ (၁၅၀၀၀ိ/)ကျပ်နှင့်

လက်အတွင်းမှ တိုက်ကြက်ဖ (ဖောင်း) (၁)ကောင် ကိုကျော်မင်းနိုင်၊ ဗိုလ်တစ်ထောင်ရပ်၊ ရွာဘဲရပ်ကွက်၊

ပြည်မြို့နေသူ ၏ အိတ်ကပ်အတွင်း မှ ငွေစက္ကူရောရာ (၁၅၀၀၀ိ-)ကျပ်နှင့် လက်အတွင်းမှ

တိုက်ကြက်ဖ (ဖောင်း) (၁)ကောင်တွေ့ရှိရမိခဲ့ကြောင်း။

အဆိုပါ ကြက်တိုက်လောင်းကစားရာသို့ ရောက်ရှိပြီး ကြက်တိုက်လောင်းကစားကြသည့် ကျန်အခြား

အမည်မသိလူများမှာ ထွက်ပြေးလွတ်မြောက်သွားပြီးကြက်တိုက်လောင်းကစားသည့်နေရာတွင်

ကျန်ရှိနေခဲ့သော တိုက်ကြက်ဖ ဖောင်း(၁)ကောင် အနီ(၁)ကောင်၊ကြက်တိုက်လောင်း ကစားရာတွင်

အသုံးပြုသည့် အပြာရောင်ပလပ်စတစ်ကော်ရေပုံး (၁)ပုံး၊ ကြက်တိုက်လောင်းကစားရာသို့ ကိုကျော်မင်းနိုင်

ပိုင်ဆိုင်ပြီး မောင်းနှင်ယူဆောင်လာသည့် နံပါတ်မပါ Yunde Smash -110 အနက်ရောင်

ဆိုင်ကယ်(၁)စီး၊ ကြက်တိုက်လောင်းကစားနေကြပြီး ဖမ်းဆီးစဉ် ထွက်ပြေးလွတ်မြောက်သွားသူများ

ကျန်ရစ်ခဲ့သည့်ဆိုင်ကယ်မျိုးစုံ (၂၆)စီး၊ ၅ဟ/—- နံပါတ်ပါ LIFAN အမျိုးအစား/နီညိုရောင်သုံးဘီးဆိုင်ကယ်

(၁)စီးတို့အား တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးရမိသည့် ဦးတင်အောင်နှင့် ကိုကျော်မင်းနိုင် တို့ထံမှ

သက်သေများရှေ့ ဒုရဲအုပ် ထူးသူရအောင် မှရှာဖွေပုံစံရေးသွင်းပြီး ရဲစခန်းသို့ ခေါ်ဆောင်လာခဲ့ကြောင်း

သတင်းရရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကြေးတိုင်ပြင်ကွင်းရှိ သီဟိုပင်များအောက်တွင် ကြက်တိုက်လောင်းကစားပြုလုပ်

နေကြသူ ဦးတင်အောင်၊ ကိုကျော်မင်းနိုင် နှင့် ကြက်တိုက်လောင်းကစားရာတွင် ပါဝင်ပြီး ဖမ်းဆီးစဉ်

ထွက်ပြေးတိမ်းရှောင်သွားကြသူ အမည်မသိ အမျိုးသားများအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန်

ဒုရဲအုပ် မြတ်သူစိုး မှပြည်မြို့မရဲစခန်းသို့တရားလိုပြုလုပ်တိုင်ကြားခဲ့သဖြင့် (ပ)၃၇၅/၂၀၂၀၊ လောင်းကစား ဥပဒေ

ပုဒ်မ-၁၅(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီး အမှုအား ဒုရဲအုပ် လှိုင်းဝေေ၀မှ လက်ခံစစ်ဆေးလျှက်ရှိကြောင်း

သတင်းရရှိသည်။

Pyae Thae Maung
ပြည်သတင်း