ပြည်တွင်းသတင်း

တရုတ်နိုင်ငံသားများ တင်ဆောင်လာသော ကားတစ်စီးတိမ်းမှောက်ပြီး လူ(၈)ဦးဒဏ်ရာရ

တရုတ်နိုင်ငံမှပြန်လာသူများကို တင်ဆောင်လာသည့်ယာဥ်တစ်စီးတိမ်းမှောက်ပြီး (၈)ဦးဒဏ္ရာရ

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဖိုစွတ်ကျေးရွာအနီး မကွေး-အောင်လံ-ပြည်လမ်းမဘေးမှာ

မေ(၂၂) ရက် မနက်ပိုင်းက တရုတ်နိုင်ငံက ပြန်လာသူတွေကိုတင်ဆောင်လာတဲ့ မော်တော်ယာဥ်တစ်စီး

တိမ်းမှောက်ခဲ့ပြီး လူ(၈)ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကိုးပင်နယ်မြေရဲစခန်းက

တာဝန်ရှိတစ်ဦးကပြောပါတယ်။

အဲဒီမော်တော်ယာဉ်ဟာ မကွေး-အောင်လံ-ပြည်လမ်းမကြီးအတိုင်းမောင်းနှင်လာစဉ် ဖိုစွတ်ကျေးရွာအနီး

အရောက်မှာ လမ်းဘေးဝဲဘက်ထိုးကျပြီး သစ်ပင်နဲ့ တိုက်မိ တိမ်းမှောက်ခဲ့တာပါ။

အဲဒီယာဉ်တိမ်းမှောက်မှုကြောင့်ယာဥ်ပေါ်ပါလာသူ (၈)ယောက်ဒဏ်ရာရခဲ့ပြီး

အောင်လံပြည်သူ့ဆေးရုံကြီးကို အောင်လံပရဟိတအသင်း မော်တော်ယာဥ်တွေနဲ့

ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။ တရုတ်ပြည်ကတစ်ဆင့် မြန်မာပြည် ပြန်ဝင်လာသူ တွေကို

လောက်ကိုင်မြို့ကနေ သွားရောက်ခေါ်ယူလာတဲ့ ယာဥ်(၂)စီးအနက် တစ်စီးတိမ်းမှောက်ခဲ့တာလို့လည်း

ဆိုပါတယ်။ ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်းကို ကိုးပင်နယ်မြေရဲစခန်းက

ယာဥ်(ပ)၃/၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၈/၃၃၇ နဲ့ စစ်ဆေးနေတယ်လို့ဆိုပါတယ်။

သတင်း-ညီမှူးအိမ်(အောင်လံ)

One news