ဆယ်လီသတင်း

ခြံအကျယ်ကြီးထဲကို ရှင်းလင်းပြီး စိန်တစ်လုံး သရက်သီးတွေစိုက်ဖို့ ပြင်ဆင်နေတဲ့ ခင်လှိုင်တို့ ဇနီးမောင်နှံ

ဝါရင့် ရုပ်ရှင် သရုပ်ဆောင် ခင်လှိုင်ဟာ လူရွှင်တော်အဖြစ်နဲ့ အနုပညာလောကကို ဝင်ရောက်လာသူပဲဖြစ်ပြီး

လက်ရှိအချိန်မှာတော့ အောင်မြင်မှုတွေကို ဆယ်စုနှစ်ကျော်တိုင်အောင် ထိန်းသိမ်းထားနိုင်တဲ့

စွယ်စုံရအနုပညာရှင် တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ဒါရိုက်တာအဖြစ်နဲ့ ရုပ်ရှင်ဇာတ်ကားကြီးများပါ

ရိုက်ကူးမှုတွေ ပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။ ခင်လှိုင်ဟာ ချစ်ရတဲ့ ဇနီး ၊သား၊သမီးတွေနဲ့အတူ

ကြည်နူးချမ်းမြေ့စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

ပရိသတ်တွေကလည်း သူ့ရဲ့ မိသားစုလေးကို ကြည့်ကာ ချစ်ခင်အားကျနေရတာလည်း ဖြစ်ပါတယ်။

သူ့ရဲ့ သားနဲ့ သမီးကလည်း ဖခင်ဖြစ်သူရဲ့ အနုပညာအမွေတွေကို ရရှိကာ တက်သစ်စအနုပညာရှင်တွေ

အဖြစ် ရပ်တည်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နာရီပိုင်းလောက်က ခင်လှိုင်ရဲ့ လူမှုကွန်ယက်

စာမျက်နှာမှာLive Video လေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ကျယ်ဝန်းလှတဲ့

ခြံကြီးကိုရှင်းလင်းနေပြီးစိန်တစ်လုံး သရက်သီးတွေ စိုက်ပျိုးရန် ပြင်ဆင်နေတဲ့ခင်လှိုင်တို့ဇနီးမောင်နှံရဲ့

Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ခင်လှိုင်တို့ ဇနီးမောင်နှံရဲ့ ဗီဒီယိုလေးကို

တင်ဆက်ပေးလိုက် ရပါတယ်နော်။

Read in UNICODE