ပြည်တွင်းသတင်း

ကော့သောင်းမြို့တွင် မူးယစ်ဆေးဝါး သုံးစွဲသူများဖမ်းဆီင်္း

#မူးယစ်ဆေးဝါးဖမ်းဆီးမှုသတင်း#
=========================
၂၀၂၀/မေ/၂၃/ သန်းခေါင်ကျော် ၀၀၄၀ အချိန် ကော့သောင်းမြို့ အဏ္ဏဝါ ရပ်ကွက်.

ရာအိမ်မှူး ဦးသန်းစိုး ဦးစီး လှည့်ကင်းအဖွဲ့. မှကင်းလှည့်နေစဉ် တရုတ်ဘုံကျောင်းအတွင်း

မသင်္ကာ ဘွယ် လူငယ်တဦး အားခေါ်ယူစဉ် ထွက်ပြေးသဖြင့်လိုက်လံဖမ်းဆီးရာ

ဘောင်းဘီအိတ်အတွင်းမှ ကပ်ခွာအိတ်တွင် WYဆေးပြား(၂၆)ပြားတွေ့ရှိ သူ အာကာဖြိုး(၁၈)နှစ်၊

(ဘ)ဦးကျော်ကျော် ၊စွယ်တော်လမ်း၊ရွှေဇင်ယော်ရပ်ကွက်နေသူအား ဖမ်းဆီးပြီး နယ်ထိနိးခေါင်းဆောင်

ဒုရဲအုပ်သက်နိုင်စိုးအား အပ်နှံခဲ့ကြောင်း။

၎င်းအားစစ်ကြောရာတွင်ရရှိသောသတင်းကွင်းဆက်အရ ဘုံကျော င်းတဝိုက်ဆက်လက်ရှင်းလင်းရာ

မင်္ဂလာလမ်းအမှတ် (၁၉၈) တွင် ရောက်ရှိနေသော ဝင်းကျော်ထွေး (ခ) ကရင်ထံမှ

တပြားလျှင်.၁၀၀၀ကျပ်ဖြင့်ဝယ်ယူကြောင်း ထွက်ဆိုချက်အရ ၎င်းတို့နှစ်ဦးအား.ဥပဒေနှင့်အညီ

အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိပါသည်။

================================================

ဆက်လက်၍ သတင်းကွင်းဆက်အရ. နယ်ထိနိးခေါင်းဆောင် ဒုရဲအုပ်သက်နိုင်စိုး၊ရဲတကသန်းထိုက်ဦး

၊လွင်မောင်မောင်၊ရပ်မိရပ်ဖ ဦးဗလကြီး၊ ပြည်သူ့စစ်ဇော်ထက်အောင် တို့သည် အဏ္ဏဝါ ရပ်ကွက်၊မင်္ဂလာလမ်း

အောင်ဆန်းထွေး နေအိမ်သို့ ဝရမ်းအမှတ် ၁၅/၂၀၂၀ ဖြင့်သွားရောက်ရှာဖွေရာ

၁။ အောင်ဆနိးထွေး(ခ)ကုလား။၂။ ဝင်းကျော်ထွေး (ခ)ကရင်။၃။ ရန်ပိုင်ဖြိုး(ခ)အောင်ချမ်းသာ။

၎။ အောင်မင်းဦး။ ၅။ မျိုးပြည့်စုံဦးတို့. (၅)ယောက်ဆေးထိုင်ရှူ နေကြသည်ကိုတွေ့ရှိရပြီး. ၎င်းတို့ထံမှ

WYစုစုပေါင်း(၂၈)ပြား၊ ဆက်စပ်ပစ္စည်း များ.ကိုပါသိမ်းဆည်းရမိခဲ့ကြောင်း။

သတင်းပေးပို့သူ..ဇော်ထက်အောင်။

SH-MediaKawthaung.