နိုင်ငံတကာသတင်း

မက္ကဆီကို အကျဉ်းထောင်တခုတွင် အကျဉ်းသားအချင်းချင်း တိုက်ခိုက်မှုကြောင့် ၈ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း ဂျာလစ်စကိုပြည်နယ်က အကျဉ်းထောင်တခုမှာ အကြမ်းဖက်တိုက်ခိုက်မှု

တွေ ဖြစ်ပြီး အကျဉ်းသား ၈ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

ပြူအန်တီဂရမ်ထောင်ထဲမှာ ဖြစ်ခဲ့တဲ့ ဒီအကြမ်းဖက်မှုမှာ သေနတ်နဲ့ပစ်သတ်ခံရတာနဲ့ ရိုက်နှက်ခံရ

တာတွေကြောင့် သေဆုံး ဒဏ်ရာရရှိခဲ့ကြတာလို့ ပြည်နယ်အစိုးရရှေ့နေက သတင်းစာရှင်းလင်းပွဲမှာ

ပြောပါတယ်။

ထောင်သားတွေဟာ ထောင်တွင်း အားကစားပွဲတခုမှာ ပါဝင်ရင်းကနေ ခိုက်ရန်ဖြစ်ပွားခဲ့တယ် ဆိုပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုမှာ ထောင်သား ၅ ဦးကို ထိန်းသိမ်းထားပြီး ဒီထဲမှာ အာဏာပိုင်တွေ ပါဝင်မှု

ရှိ၊ မရှိကို စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။

မက္ကဆီနိုင်ငံမှာ မေလ ၂၃ ရက်နေ့အထိ COVID-19 အတည်ပြုလူနာ ၆၂,၀၀၀ ကျော်ရှိထားပြီး

သေဆုံးသူ ၆,၉၀၀ ကျော်ရှိတယ်လို့ ရှိထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

By DVB 23 May 2020 Print Email