အထွေထွေဗဟုသုတ

ပါချုပ်ဆရာတော်ကြီး မိန့်တော်မူလိုက်ပြီ

ပါချုပ်ဆရာတော်ကြီး မိန့်တော်မူလိုက်ပြီ
~~~~~~~~~~~~~~~~~~~~~~~~~~

ဝိပဿနာအမည်ခံ နည်းမှားလမ်းမှားများကို အထွတ်မြတ်ထားကာ သာသနာပျက်စီးအောင်

ဟောပြောဖြန့်ဝေနေသည်ကို များစွာမြင်တွေ့ရကြောင်း အသိပေး သတိပေးလိုက်ပြီ။

~~~~~~~~

မြန်မာပြည်မှာ ကမ္မဋ္ဌာန်းဆရာဆိုပြီး ကမ္မဋ္ဌာန်းပြတဲ့အထဲမယ် စာတတ်ဖို့ မလိုပါဘူး။

အတွေ့အကြုံရှိရင် ပြီးတာပဲလို့ပြောတဲ့ ပုဂ္ဂိုလ်မျိုးတွေကလည်း နည်းတာမဟုတ်ဘူး။

တရားအားထုတ်တာတောင်မှပဲ စာခံနေလို့ တရားမတတ်ဘူးလို့ပြောတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိသေးတယ်။

အဲဒီလိုဆိုတော့ စာနဲ့ တရားနဲ့က တခြားစီလို့ အဓိပ်ပါယျရောကျသှားတယျပေါ့။

စာဆိုတာ ဘာကိုပြောတာလဲဆိုတော့ ဘုရားဟောတဲ့တရား။ အဲဒီဘုရားဟောတဲ့ တရားနဲ့မှ မညီညွတ်ရင်

ဘယ်လိုလုပ်ပြီးတော့ မှန်ကန်တဲ့လမ်းကြောင်း ရောက်မလဲ။ ဒါကြောင့်မို့ “စာခံတယ်” ဆိုတာလည်း

မပြောသင့်တဲ့ စကားတစ်ခုပဲ။ “စာတတ်ဖို့ မလိုဘူး” ဆိုတာလည်း မပြောသင့်တဲ့ စကားတစ်ခုပဲ။

စာတတ်ဖို့ မလိုဘူးလို့ပြောရင် လက်ခံစရာအကြောင်း မရှိဘူး။

ဘာဖြစ်လို့လဲဆိုတော့ စာထဲကအတိုင်းမှ မဟောရင် ကိုယ်သိတာမှ မဟုတ်တာ။

ဆရာတော်ကြီးတစ်ပါး တစ်ခါ စာရေးတယ်။ ရေးတော့ တခြားဆရာတော်တစ်ပါးက ပြောတယ်။

“ဆရာတော်ရေးတဲ့ ဆရာတော့်စာအုပ်က စာထဲအတိုင်း ရေးတာကိုး” တဲ့။

သူပြောချင်တာက လက်တွေ့နဲ့ ရေးစေချင်တယ်ပေါ့။ စာထဲအတိုင်း ရေးတာကိုးဆိုတော့

ဟိုဆရာတော်ကြီးက ဘာပြန်ပြောတုံးဆိုတော “စာထဲအတိုင်း မရေးရင် မှားကုန်မှာပေါ့ဗျာ”

လို့ ပြောတယ်။

ဒါလည်း အလွန် မှတ်သားစရာကောင်းတဲ့ အရာတစ်ခုပဲ။

တရားဆိုတာက မြတ်စွာဘုရားဟောလို့ သိခဲ့ကြရတာ။ နိဗ္ဗာန်ဆိုတာလည်း မြတ်စွာဘုရားဟောလို့ သိရတာ။

နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါး အကျင့်တရားဆိုတာလည်း ဘုရားဟောလို့ သိတာ။

ပိဋကတ်သုံးသွယ် နိကာယ်ငါးဖြာ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုတာ

သင်္ဂါယနာခြောက်တန်တင်ပြီး အတည်ပြုခဲ့တဲ့ စာတွေဖြစ်တယ်။

ဒီစာတွေက ခံနေတယ်ဆိုရင် ဘယ်ဟုတ်မလဲ။ စာနဲ့မညီတဲ့လမ်းဟာ တစ်ခြားလမ်းပဲ ဖြစ်မယ်။

နိဗ္ဗာန်လမ်းတော့ မဟုတ်နိုင်ဘူး။

ဘာဖြစ်လို့လည်းဆိုတော့ ဘုရားဟောတဲ့တရားတွေက နိဗ္ဗာန်လမ်းကို ဖော်ပြတဲ့ တရားတွေချည်းပဲလေ။

အဲဒီတော့ တစ်ခြားလမ်းကို ရွေးရင်တော့ဖြင့် စာခံတာ ဟုတ်ကောင်း ဟုတ်လိမ့်မယ်နော်။

နိဗ္ဗာန်သွားမယ့်လမ်းကတော့ စာခံစရာအကြောင်း မရှိဘူး။ စာတတ်လေ ကောင်းလေပဲ။

အဲဒီဓမ္မကိုသွားပြီး စာခံတယ် လို့ ပြောမိရင် မှားလိမ့်မယ်။

မြတ်စွာဘုရားကိုယ်တိုင်က

” သော ခေါ မမစ္စ ယေန သတ္ထာ ” –

” အဲဒီဓမ္မဝိနယဟာ ငါမရှိတဲ့နောက်မှာ

မင်းတို့ရဲ့ဆရာပဲ ” လို့ ပြောခဲ့တယ်နော်။

ဒါကို သတိမမေ့ဖို့ အင်မတန် အရေးကြီးတယ်။

ဒါဖြင့် “ငါဟောခဲ့တဲ့ဓမ္မ ငါပညတ်ခဲ့တဲ့ ဝိနယ”

ဆိုတာ ဘာတွေတုံး။ အခု သင်္ဂါယနာခြောက်တန်

တင်ထားတဲ့ ပိဋကတ်သုံးသွယ် နိကာယ်ငါးဖြာပဲ။

မြန်မာနိုင်ငံမှာ အပြည့်အ၀ရှိတယ်။

ဆရာတော်ကြီးတွေ အဆက်ဆက် ထိန်းသိမ်း

သင်ကြားပို့ချပေးခဲ့တဲ့ စာပေတွေပဲ။

ဘယ်အရာပဲဖြစ်ဖြစ် စာပေနဲ့အညီပဲ ဖြစ်သင့်တယ်ပေါ့။

တစ်ဦးတစ်ယောက်ရဲ့ အတွေ့အကြုံဆိုတာမျိုးက

ပြည့်စုံတာမဟုတ်ဘူး။ မပြည့်စုံဘူးဆိုတာ

“ကိံသု ကောပမ”သုတ်ကို ကြည့်ပေါ့။

ပါမောက္ခချုပ်ဆရာတော်

ဒေါက်တာနန္ဒမာလာဘိဝံသ (Ph.D)

Crd;

ကိုယ် တော် မှိုင်း