ဆယ်လီသတင်း

နေပူမရှောင် မိုးရွာမရှောင်အလုပ်လုပ်ရင်း အားပြတ်သွားတာကြောင့် ဆေးပိုက်တန်းလန်းနဲ့ ဆေးကုသမှုခံယူနေရတဲ့ ဝေဠုကျော်

ကိုယ်ကျိုးမငဲ့ပဲ မြန်မာနိုင်ငံအနှံ အကူအညီလိုအပ်တဲ့နေရာတွေမှာ စိတ်ရောလူပါ ပါဝင်ပြီး

ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတမင်းသားကြီး ဝေဠုကျော်ကတော့ အများအကျိုးကို

သယ်ပိုးဆောင်ရွက်ရနေရင်ကို ပျော်ရွှင်နေသူတစ်ယောက်ပါပဲ။ ပိတ်ရက်ရယ်လို့မရှိတဲ့ ပရဟိတအလုပ်ကို

နေ့ရော၊ ညပါ ဆောင်ရွက်နေရတဲ့ ဝေဠုကျော်က ကျန်းမာရေးအခြေအနေကြောင့် ခဏခဏ

ဆေးကုသမှုခံရသူတစ်ယောက်ဖြစ်ပါတယ်။

အခုလို နွေရာသီ နေပူပူအချိန်မှာလည်း ဝေဠုကျော်က အများအကျိုးသယ်ပိုးဆောင်ရွက်ရင်း

ချွေးထွက်လွန် အားနည်းကာ နောက်ဆုံးနေအိမ်မှာ ဆေးသွင်းရတဲ့အထိကို ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဝေဠုကျော်က မိသားစုဆရာဝန်နဲ့ ဆေးကုသမှုခံယူနေရင်း အနားယူနေရတာပဲ ဖြစ်ပါတယ်။

ဝေဠုကျော်ကတော့ အများအကျိုးအတွက် နေပူမရှောင်၊ မိုးရွာမရှောင် လုပ်ကိုင်ရင်း အခုလိုပဲ

အားပြတ်သွားခဲ့ရတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ပရဟိတမင်းသားကြီး ဝေဠုကျော်

အမြန်ဆုံးသက်သာလာဖို့ ဆုတောင်းပေးကြပါဦးနော်။

Source: Wai Lu Kyaw Foundation’s fb