ပြည်တွင်းသတင်း

Quarantine ဝင်နေရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအားလုံးအတွက် ဆရာတော်၏အလှူ

ဆရာတော်အရှင်ဆေကိန္ဒက Quarantine ဝင်နေရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအားလုံးအတွက်

ဗိုက်ဖုံးအင်္ကျီ၊ ခုတင်၊ (၄)လက်မ အထူ မွေ့ရာ၊ စောင်၊ ခေါင်းအုံးတွေကို လှူဒါန်းပေးသွားမယ်လို့

ဓမ္မဒူတမောင်မယ် ကိုဥက္ကာသိန်းက ရိုးရာလေးကို ပြောပါတယ်။

”အစကတော့ ၁၁၅ ယောက်စာလောက် ပြင်ဆင်ထားတယ်။ အခုတောက်လျှောက် ထပ်ရောက်လာကြတယ်လို့ပြောတယ်။

အားလုံးကို လှူဒါန်းသွားမှာပါ။ ခက်တာက ကုတင်တွေက ဝယ်လို့မရဘူးဖြစ်နေတော့ မနည်း လိုက်ဝယ်နေရတယ်”လို့

ကိုဥက္ကာသိန်းက ပြောပါတယ်။

အခုလိုလှူဒါန်းမယ့် ပစ္စည်းတွေကို ထိုင်းနိုင်ငံကနေ တိုက်ရိုက်ဝယ်ယူလှူဒါန်းတာဖြစ်ပြီး ကနဦးအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်

၁၁၅ ဦးစာ ဝယ်ယူပြီးဖြစ်ပါတယ်။ အဲဒီလိုဝယ်ယူပြီးတဲ့အထဲကမှ ၁၅ ဦးစာကိုတော့ လှူဒါန်းပြီးသွားပြီဖြစ်ပါတယ်။

Quarantine ကနေ ထွက်သွားရင်လည်း လှူဒါန်းထားပြီးဖြစ်တဲ့ အဲဒီပစ္စည်းတွေအကုန်လုံးကို အိမ်တိုင် ရာရောက်လိုက်ပို့ပေးဖို့

မြဝတီဘက်က ဒကာတွေကို ဘုန်းဘုန်းကြီးက အကူအညီတောင်းထားတယ်လို့ ကိုဥက္ကာသိန်းက ဆိုပါတယ်။

ဒုတိယသုတ်အနေနဲ့ မြဝတီနယ်စပ်ဂိတ်ကနေ ပြန်လာကြတဲ့ ပြည်တော်ပြန်တွေထဲမှာ ကိုယ်ဝန်ဆောင် မိခင်တွေ

အများအပြားပါဝင်လာခဲ့ပါတယ်။ အဲဒီကိုယ်ဝန်သည်တွေအနေနဲ့ Quarantine ဝင်ရတဲ့အခါ နေရေး ထိုင်ရေးအခက်အခဲဖြစ်ပေါ်မှုတွေ

ရှိနေပါတယ်။

Photo – Okkar Thein

www.yoyarlay.com