ပြည်တွင်းသတင်း

Ice များဖမ်းဆီးရမိခဲ့ပြီးမှ ကွင်းဆက်တရားခံအား မူးယစ်ဆေးဝါးများ နှင့်အတူထပ်မံဖမ်းဆီး

တနင်္သာရီတိုင်းဒေသကြီး၊လောင်းလုံးမြို့နယ်တွင် ကွIce များဖမ်းဆီးရမိခဲ့ပြီးင်းဆက်တရားခံအား မူးယစ်ဆေးဝါးများ

နှင့်အတူ ထပ်မံဖမ်းဆီးရမိ

နေပြည်တော်။ မေ ၃၀

မေလ ၂၇ ရက်နေ့ ၁၈၃၀ အချိန်တွင် ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရသက်သေများ နှင့်အတူ

လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာသွားလမ်းပေါ်တွင် ပန်းတင်အင်းကျေးရွာဘက်မှ မောင်းမကန် ကျေးရွာဘက်သို့

လောင်းလုံးမြို့နယ်၊ ရာဟောင်းဝကျေးရွာနေသူများဖြစ်သည့် နိုင်းဝဏ္ဏမျိုး ၂၁ နှစ် မောင်းနှင်ပြီး မဆောင်းနှင်းလွင် ၁၉ နှစ်

စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ် တွင်သိုဝှက်သယ်ဆောင်လာသော

Ice အလေးချိန် ၅ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်များ

ဖော်ထုတ်စစ်ဆေးခဲ့ရာ အဆိုပါ Ice များအားရောင်းချပေးသူ လောင်းလုံး မြို့နယ်၊ ဝေဒီကျေးရွာနေ

ဇေယျာချစ်ကိုလေး(ခ)လူဂန်း ၂၆ နှစ်အား မေလ ၂၈ ရက်နေ့ ၁၃၀၅ အချိန် ရာဟောင်း ဝကျေးရွာတွင်

ဆိုင်ကယ် ၁ စီးနှင့်အတူတွေ့ရှိသဖြင့်ရှာဖွေရာ ဆိုင်ကယ်တွင်သိုဝှက်သယ်ဆောင်လာသော စိတ်ကြွ ရူးသွပ်ဆေးပြား ၃၅၁၀ ပြား

(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၇၅.၅ သိန်း)၊ Ice အလေးချိန် ၄၅ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၁ သိန်း)၊

မြန်မာငွေ ၁.၆၈ သိန်း၊ လက်ကိုင်ဖုန်း ၁ လုံး နှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား

သိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါသိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် မူးယစ်ဆေးဝါး နှင့်

စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေး လျက်ရှိကြောင်း

သတင်းရရှိသည်။