တရားနှင့်ဂါထာတော်

တန်​ဖိုးကို သိမှ တန်​ဖိုးရှိတာပါ

(ဘဝမှာ​ပျော်​​အောင်​​နေပါ)

ကျွန်​​တော်​တို့ တစ်​​နေ့တာ ကုန်​ဆုံးသွားတယ်

တကယ်​​ပျော်​ ကြပြီးလား ဘာအ​ကြောင်းနဲ့မှ ကိုယ့်​ကိုကိုယ်

စိတ်​ညစ်​​အောင်​​တော့ မ​နေပါနဲ့

ကိုယ့်​အတွက်​​ကြောင့်​ သူတစ်​ပါးကို စိတ်​မညစ်​ပါ​စေနဲ့

သူများအတွက်​​ကြောင့်​လည်း ကိုယ့်​ကိုကိုယ်​ စိတ်​ညစ်​မခံပါနဲ့

ပျင်း​နေရင်​ စာဖတ်​ပါ

သီချင်းနား​ထောင်​ပါ သာသ​လေး​တွေကြည့်​ပါ

တကယ်​စိတ်​ညစ်​စရာ ကြုံလာခဲ့ရင်​လည်း

ဘုရားတရားစာ​တွေရွတ်​ဖတ်​​ပေးခြင်းက

စိတ်​ကိုတည်​ငြိမ်​​အေးချမ်းလာ​စေပါတယ်

စိတ်​​ပျော်​ရင်​ စိတ်​ချမ်းသာမယ်

စိတ်​ချမ်းသာရင်​ လူကိုကျန်းမာ​စေပါတယ်

လူကျန်းမာမှ လူချမ်းသာဘဝကိုရမှာပါ

မိသားစုကိုချစ်​ပါ ကိုယ့်​ကိုကိုယ်​လဲးချစ်​ပါ

နောက်​ဖြစ်​လာမဲ့ အရာ​တွေကို​တွေးပြီး

စိတ်​ပူ​နေမဲ့အစား ကျွန်​​တော်​​တို့ ဒီ​နေ့ကို

အ​ကောင်းဆုံး ဖြစ်​​အောင်​ ကြိုးစားလုပ်​​ဆောင်

သွားမယ်​ဆိုရင်​ ​နှောင်​အနာဂတ်​မှာလည်း

ကောင်းတဲ့အရာ​တွေရလာမှာပါ အချိန်​ကို

တန်​ဖိုးထားပါ တစ်​မိနစ်​ကို တန်​ဖိုးမထားရင်

တစ်​နာရီ တစ်​ရက်​ဆိုတာ တန်​ဖိုးနည်းသွားပါတယ်

ဘုရား တရား သံဃာ မိဘ ဆရာသမားကိုလည်း

မ​မေ့​လေနဲ့ ငါးပါသီလကိုလည်း အတတ်​နိုင်​ဆုံး

ထိန်းပါ အဲ့ဒါမှ ယခုကျ​ရောက်​​နေတဲ့ အန္တရာယ်

ကပ်​​ဘေးဆိုးမှ ကင်းလွတ်​​ဝေးကွာပြီး ဘဝမှာ

စိတ်​ချမ်းသာ ကိုယ်​ကျန်းမာခြင်း​တွေ ပြည့်​စုံလာမှာပါ

ဘယ်​အရာမဆို သူ့တန်​ဖိုးနဲ့ သူ​တော့ရှိပါတယ်

တန်​ဖိုးကို သိမှ တန်​ဖိုးရှိတာပါ တန်​ဖိုးကိုသိပြီး

ပျော်​ရွှင်​ချမ်း​မြေ့တဲ့ ဘဝ​လေးကို ပိုင်​ဆိုင်​နိုင်​ကြပါ​စေဗျား။

လိုအပ်​တာ​လေးရှိရင်​ အကြံ​ပေးပါ ပညာရှင်​မဟုတ်​ပါ ဝါသနာရှင်​ပါ။

Credit……

လေးစားစွာဖြင့်
#LaYaung