အထှထှေဗေဟုသုတ

ခေတ်လူငယ်တွေ သိသင့်သိထိုက်တဲ့ ဘုရားထဲမှာ ဌာပနာထည့်သွင်းခြင်းရည်ရွယ်ချက် . . . .

(ဘုရားထဲမှာ ဌာပနာထည့်သွင်းခြင်းရည်ရွယ်ချက်)

ဘုရားထဲမှာ တန်ဖိုးရှိတဲ့အရာတွေ ဘာလို့ထည့်သွင်းထားတာတုန်း၊တချို့ လည်းပဲစဉ်းစားချင်မှစဉ်းစားမှာ၊

ဘုရားထဲမှာ ဌာပနာတယ်၊ ဌာပနာဆိုတာ ထည့်သွင်းတာ၊ထည့်သွင်းခြင်း တည်ထားခြင်းလို့အဓိပ္ပါယ်ရတယ်အဲဒီတော့

ရတနာတွေ ဘာကိစ္စဘုရားထဲမှာထည့်ကြတာတုန်း၊နိုင်ငံခြားသားတွေအမြင်နဲ့ကြည့်ရင်တော့ ဒါဟာ အကျိုးမရှိဘူးပြောမှာပေါ့နော်၊

ဒါတွေထည့်လိုက်လို့ဘာအကျိုးရှိမှာတုန်း၊ ဘုရားရုပ်ပွားဆင်းတုတော်ထည့်တာတော့ထားပါတော့၊

ရတနာတွေထည့်တယ်၊ အခုခေတ်လည်းထည့်တာပဲ၊ ကြည်ညိုတဲ့ပုဂ္ဂိုလ်တွေက ကိုယ့်သဒ္ဒါတရားနဲ့ကိုယ် ထည့်ကြတယ်၊

ဘာအတွက် ထည့်တာလဲဆိုတော့ကြည်ညိုလို့လှူတာပဲသိတယ်သို့သော် တကယ့်အစစ်အမှန်ကရည်ရွယ်ချက်ရှိတယ်၊

မြတ်စွာဘုရားပရိနိဗ္ဗာန်စံတဲ့အခါ ဘုရားရဲ့ဓာတ်တော်တွေကို ရှစ်ပြည်ထောင်မင်းတွေကိုခွဲဝေပြီးပေးလိုက်တယ်။

ဓာတ်တော်တွေက ရှစ်ပြည်တောင်ရောက်သွားတယ်၊ ဒီဓာတ်တော်တွေကိုအန္တရာယ် ဖြစ်မှာစိုးလို့ရှင်မဟာကဿပတို့က

အဇာတသတ်မင်းနဲ့တိုင်ပင်ပြီးတော့ ဓာတ်တော်တိုက်ကြီးတစ်ခုလုပ်ပြီးဓာတ်တော်တွေစုထည့်ထားတယ်အဲဒီလို စုထည့်ထားပြီး

အင်မတန်တန်ဖိုးရှိတဲ့ပတ္တမြားတစ်လုံးကို အဲဒီထဲမှာထည့်ထားပြီးစာရေးထားတယ်။ “နောင်တစ်ချိန်ကျရင် ဒီဓာတ်တော်တိုက်ကြီး

ပျက်စီးလို့ပြင်ဆင်ဖို့အတွက် ငွေကြေးမတတ်နိုင်ဘူးဆိုရင် ဒီပတ္တမြားတုံးကြီးကိုရောင်းချပြီးပြင်ပါတဲ့”။

အဲဒီတော့ ရတနာတွေထည့်သွင်းထားခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ သင်္ခါရသဘောတရားအရ တစ်နေ့ကျ ပျက်မှာပဲ၊

maintenance လိုတယ်လေ၊ maintenance အတွက်ထည့်ခဲ့တာဒီလိုဆိုလို့ရှိရင်တော့ ရည်ရွယ်ချက်ကောင်းတယ်ပေါ့၊

maintenance အတွက် d e p o s i t လုပ်ထားခဲ့တာ၊ ဒါတွေကိုယူပြီးဘုရားပြင်ရမယ်ပေါ့၊ အဲဒီရည်ရွယ်ချက်ပဲ၊

နောက်ကျတော့ ဒီရည်ရွယ်ချက်ကတဖြည်းဖြည်းပျောက်လာတဲ့သဘောပဲ။

မြန်မာပြည်မှာ ကုသိုလ်ရှင်တွေဆိုင်းဘုတ်ထိုးလေ့ရှိကြတယ်လေ၊ ဘုရားတံတိုင်း တို့ဘာတို့ညာတို့အကုန်လုံးပေါ့၊

ကုသိုလ်ရှင်တွေဘာလို့ထိုးတာတုန်း၊ နာမည်ကြေငြာတာလား၊ ရည်ရွယ်ချက်ကဘာလဲ၊ ကိုယ့်ကိုလူသိစေချင်လို့ထိုးတာလား၊

မသိလည်းဘာဖြစ်လဲ၊ လှူတာကလှူတာပဲပေါ့။

အဲဒီတော့ဆိုင်းဘုတ်ထိုးခြင်းရဲ့ရည်ရွယ်ချက်ကဘာလဲဆိုရင် အမျှဝေတဲ့သဘော၊ မြင်တဲ့ပုဂ္ဂိုလ်က သာဓုခေါ်ရအောင်လို့ 

ဒေါကြာင့်မို့ရှေးတုန်းက မိသားစုကောင်းမှုဆိုတာရဲ့နောက်မှာ “နတ်လူသာဓုခေါ်စေသော်” ဆိုတာလေးပါတယ်၊ အခုခေတ်တော့

အဲဒီ “နတ်လူသာဓုခေါ်စေသော်” ဆိုတာလေး ပျောက်သွားပြီး နာမည်ကြေငြာတာဖြစ်သွားတယ်ဒါကပြောင်းလဲလာတဲ့သဘောပေါ့နော်၊

မူရင်းအဓိပ္ပါယ်ပျောက်သွားပြီးတော့ ပြောင်းလဲလာတဲ့သဘောဟာ ဒီလိုပဲရှိတယ်ပေါ့။ စပြီးလုပ်တဲ့အချိန်ကတော့ အဓိပ္ပါယ်ရှိတယ်၊

အဲဒီအဓိပ္ပါယ်ရှိတာတွေဟာ နောက်ပိုင်းအဓိပ္ပါယ်မသိတော့ဘူး။တစ်မျိုးတစ်မည်ပြောင်းလဲသွားတတ်တယ်။

ဒေါက်တာ အရှင် နန္ဒမာလာဘိဝံသဆရာတော် ဘုရား ဟောကြားတော်မူသော ပါရာယနဒေသနာမှ