ပြည်တွင်းသတင်း

အလုပ်အကိုင်မရှိ စီးပွါးရေးအဆင်မပြေဖြစ်ကာ စိတ်ညစ်နေသော အမျိုးသားတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချသေဆုံး

အလုပ်အကိုင်မရှိ စီးပွါးရေးအဆင်မပြေဖြစ်ကာ စိတ်ညစ်နေသော အမျိုးသားတစ်ဦး မိမိကိုယ် ကြိုးဆွဲချသေဆုံး
————-
မေ (၃၁) AlinnMyay(အလင်းမြေ)

အလုပ်အကိုင်မရှိ၍ စီးပွါးရေးအဆင်မပြေဖြစ်ကာ စိတ်ညစ်နေသော အမျိုးသားတစ်ဦး မိမိကိုယ် ကြိုးဆွဲချသေဆုံးသွားခဲ့သည်။

ဖြစ်စဉ် တောင်ငူမြို့မှာ ဒီကနေ့ ဖြစ်သွားခဲ့​ကြောင်းသိရသည် ။

သေဆုံးသူသည် တောင်ငူမြို့ ၊ အမှတ် ( ၉ )ရပ်ကွက်နေ ကိုထက်ဝင်း ( ၂၆ )နှစ် ဆိုသူဖြစ်ပြီး ဒီကနေ့ မနက် ၁၀ နာရီကျော်

အချိန်က တောင်ငူမြို့ အမှတ် ( ၉ )ရပ်ကွက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဋ္ဌာနရုံး နှင့် သတင်းတပ်ဖွဲ့ရုံးလမ်းကြားရှိ

သီဟိုဋ်ပင်တွင် ပလပ်စတစ်ကြိုးအား အသုံးပြုကာ မိမိကိုယ် ကြိုးဆွဲချသေဆုံးသွားခဲ့တာလည်းဖြစ်သည် ။

သေဆုံးသူသည် တောင်ငူမြို့ ၊ အမှတ် ( ၉ )ရပ်ကွက်တွင် ဇနီး ၊ ယောက္ခမ ၊ တူမ ဖြစ်သူတို့နှင့်အတူ နေထိုင်ပြီး

ကြုံရာ ကျဘမ်း လုပ်ကိုင်စားသောက်နေရသူဖြစ် တစ်ဦး ကြောင်းလည်းသိရသည်။

အလုပ်အကိုင်မရှိ၍ စားဝတ်နေရေးအဆင်မပြေဖြစ်ကာ စိတ်ညစ်နေကြောင်းပြောပြသိရသည့်အပြင် ကိုထက်ဝင်း မှာ

ဒီမနက် ၁ဝနာရီနာလောက်က တူမဖြစ်သူ၏ ပုခက်ကြိုးအား ဖြုတ်ယူပြီးထွက်သွားခဲ့သည်ဟု အတူနေ ယောက္ခမဖြစ်သူ၏

ပြောပြချက်အရ သိရသည် ။

အဆိုပါဖြစ်စဉ် နှင့် ပတ်သက်ပြီး ကိုထက်ဝင်း ကြိုးဆွဲချ သေဆုံးခြင်းမှာ ဓမ္မတာသေဆုံးခြင်း ဟုတ် /မဟုတ် တောင်ငူမြို့မ

ရဲစခန်းတွင် သေမှုသေခင်းရေးဖွင့်ကာ ဆက်လက်ဆောင်ရွက်နေကြောင်းလည်းသိရသည် ။

ဓာတ်ပုံ – ၂၄ နာရီ လူမှုရေးကူညီမှုအသင်း

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ)

#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ