နိုင်ငံတကာသတင်း

လူဖြူရဲ အရာရှိကြောင့် အမေရိကန် တနိုင်လုံးမှာရှိတဲ့ မြို့ကြီးအားလုံးနီးပါးမှာ၊ ဆန္ဒပြ

US is out of control, အမေရီးကားကတော့ ထိန်းမနိုင်တော့ဘူး၊

ပြီးခဲ့တဲ့ စနေနေ့မှာ အမေရိကန် တနိုင်လုံးမှာရှိတဲ့ မြို့ကြီးအားလုံးနီးပါးမှာ၊ ဆန္ဒပြကြပါတယ်။

ပြီးခဲ့တဲ့မေလ ၂၅ ရက်နေ့က အသက် ၄၂ နှစ်အရွယ် လူမဲ ဂျော့် ဖလွိုက် George Floyd ကို လူဖြူရဲ အရာရှိက

ဖမ်းဆီးစဉ် သေတဲ့အထိ လည်ပင်းကို ဒူးနဲ့ဖိထားခဲ့တဲ့ ဗွီဒီယိုဖိုင် ပြန့်နှံသွားခဲ့ပြီးနောက်မှာ ဆန္ဒပြပွဲတွေဟာ မြို့ကြီးတွေကို

ကူးဆက်သွားခဲ့ပါတယ်။

အခုဆိုရင် စတင်ဖြစ်ပွားခဲ့တဲ့ မင်နီဆိုတားပြည်နယ်က၊ မင်နီးယားနားပိုးလစ်မြိုတင်မကတော့ဘဲ။ ဖို့ဝိန်း၊ ကလီပလင်၊

ဒန်ဗာ၊ ဒက်ထွိုက်၊ ဟူစတန်၊ ယူတား၊ မြောက်ကာရိုလိုင်းနား၊ ယူးယောက်၊ ဝါရှင်တန်ဒီစီ၊ ချီကာဂို၊ လော့စ်အိန်ဂျလီ၊

မင်ဆယ်ဗေးနီးယား၊ ဖိလာဒဲဖီးယား၊ ဒီလာဝဲယား၊ အတ္တလန်တာ၊ ဂျော်ဂျီယာ၊ မယ်ဝေါခီး၊ မိုင်ယာမီ၊ စတဲ့မြို့ကြီးတွေမှာ

ထိန်းမနိုင်သိမ်းမရ ဆန္ဒပြပွဲတွေဖြစ်နေကြပါတယ်။

ဆန္ဒပြသူတွေဟာ သမတ အိမ်ဖြူတော်အပါအဝင်၊ အစိုးရအုပ်ချုပ်ရေးရုံးတွေ၊ ရဲစခန်းတွေကို ဝိုင်းဝန်းဆန္ဒပြ ကြသလို၊

အကြမ်းဖက်တိုက်ခိုက်တာတွေလည်း ကျူးလွန်ခဲ့ကြပါတယ်။

အဝေးပြေးလမ်းမကြီးတွေပေါ်ကိုတက် ပြီးတော့လည်း လမ်းတွေကိုပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။ အဓိက ရဲ စခန်းတွေနဲ့

ရဲကားတွေကို တိုက်ခိုက်ဖျက် ဆီးကြပါတယ်။ ရဲ တွေကလည်း သေနတ်တွေ မိုးပေါ်ထောင်ဖေါက်တာတွေ၊ မျက်ရည်ယုံဗုံးတွေ၊

ငရုပ်ကောင်း ရေတွေ နဲ့ ပြန်လည်ခုခံတိုက်ခိုက်ကြပါတယ်၊ ဆန္ဒပြသူတွေက ခဲတွေ၊ ဒုတ်တွေ၊ ရေဗူးတွေ နဲ့ စပ်ပေါက်ကြသလို၊

ရဲ ကားတွေကိုလည်း မီးရှို့ကြပါတယ်။

မြို့တော် ဝါရှင်တန်ဒီစီ နဲ့ ပြည်နယ် ၇ ခုမှာ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ ( စစ်တပ်) တွေကို အရေးပေါ်ခေါ်ယူထား ရပါတယ်။

လမ်းတွေ နဲ့ ဆန္ဒပြသမားတွေကိုတားဆီးရမယ့်နေရာတွေ၊ အရေးပေါ်ကာဖြူး ထုတ်ထားရတဲ့နေရာ တွေမှာ စစ်သားတွေစတင်ချ

ထားပါတယ်။ ရာနဲ့ချီတဲ့ ဆန္ဒပြသမားတွေကိုလည်း ဖမ်းဆီးထားပါတယ်။ ဒက်ထွိုက် တမြို့ထဲတင် ဆန္ဒပြသမား ၆၀ ကျော်ကို

ပြီးခဲ့တဲ့နေ့က ဖမ်းဆီးခဲ့ပါတယ်။ ဒက်ထွိုက်မှာ အသက် ၂၁ နှစ်အရွယ် လူငယ်တဦး သေနတ်နဲ့ ပစ်သတ်ခံရ ပါတယ်။

ဒီအသတ်ခံရမှုဟာ ဆန္ဒပြတဲ့ကိစ္စနဲ့ပတ်သက်မှုရှိမရှိစုံစမ်းနေပါတယ်။

တကယ်တမ်း အမေရိကန်ပြည်သူတွေဟာ ကိုဗစ် ၁၉ ကြောင့် စိတ်ပျက်လက်လက်ပျက်ဖြစ်နေချိန်မှာ အခုလို၊ စိတ်မချမ်းမြေ့စရာ

လူဖြူရဲအရာရှိရဲ့ မတရားညှင်းပန်းသတ်ဖြတ်မှုအပေါ် ဒေါ်သထွက်ကုန်ကြတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ် ၁၉ ကူးဆက်သေဆုံးမှုဟာလည်း လျော့ကျသွားခြင်းမရှိသေးပါဘူး၊ ကူးဆက်ခံရသူ ၂ သန်း

နီးပါးရှိနေပြီဖြစ်ပါတယ်၊

၁ သန်း ၈ သိန်း ၁ သောင်းကျော် ကူးဆက်ခံထားရပြီး၊ သေဆုံးသူ ၁ သိန်း ၆ ထောင်ကျော်ရှိပြီဖြစ်ပါတယ်။

လောလောဆယ်အချိန်အထိတော့ ဆန္ဒပြမှုတွေဆိုးဆိုးရွားဖြစ်ခဲ့တဲ့ မြို့ကြီးတွေမှာ အရေးအပေါ် အခြေအနေကြေငြာပြီး၊

အပြင်အထွက်ရ ကာဖြူးအမိန်တွေထုတ်ပြန်ထားပါတယ်။ ဆန္ဒပြပွဲတွေဟာ ဆက်လက်ဖြစ်နေဦးမယ့် အခြေအနေမှာရှိပါတယ်။

ကိုဗစ် ၁၉ ကြောင့် အလုပ်လက်မဲ့မှုတွေနဲ့ အကြပ်အတည်းရင်ဆိုင်နေရချိန်မှာ ဆန္ဒပြပွဲတွေ ကြောင့် အမေရိကန်အစိုးရ

အတော်အကြပ်ရိုက်နေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန်ပြည်သူ ၂ သန်း ၁ သိန်းကျော် အလုပ်လက်မဲ့လျောက်ထားခဲ့ပါတယ်။

ကိုဗစ်စတင်ဖြစ်ပွားချိန်ကနေ ရက်သတ္တပတ် ၁၀ ပတ် (၃ လအတွင်း) လူသန်း ၄၀ ကျော်အလုပ်လက်မဲ့ဖြစ်သွားခဲ့ပါတယ်။

အစိုးရကလည်း အလုပ်လက်မဲ့လျောက် ထားသူ အားလုံးကိုထောက်ပံနေရပါတယ်။ ဒါ့အပြင် အလုပ်လက်မဲ့သူတွေကို

ကိုဗစ်ကူညီငွေ တပတ် ၆၀၀ ထောက်ပံ့နေရပါတယ်။

တကယ်တော့ အမေရိကန်ပြည်သူတွေဟာ စိတ်ညစ်နေတဲ့အချိန်၊ စိတ်ထွက်ပေါက်မရှိတဲ့ အချိန်မှာ အခုလို ဆန္ဒပြပွဲတွေဟာ

အကြမ်းဖက်တဲ့အထိဖြစ်ကုန်တယ်လို့ယူဆရပါတယ်။

အခုဆန္ဒပြပွဲတွေဟာ လူမဲတွေတင် မဟုတ်ဘဲ အားအရောင်ခွဲခြားမှုကိုဆန့်ကျင်တဲ့ အမေရိကန်ပြည်သူအားလုံးပါဝင်ကြပါတယ်။

လူဖြူအများလည်းအများအပြားပါဝင်ကြပါတယ်။
————-
Zawgyi