အထှထှေဗေဟုသုတ

သင့်ဘ၀အတွက် ခွန်အားဖြစ်စေဖို့ စာဖတ်ပါ

စိတ်ဓာတ်ကျတိုင်း ဖတ်ဖို့

ဘဝဆိုတာ ဖိနပ်တစ်ရံလိုပါပဲ
*******
လိုချင်တာတွေ များနေရင်

ရင်မောရတတ်တယ်။

ဖြစ်ချင်တာတွေ များနေရင်

စိုးရိမ်ရတတ်တယ်။

မျှော်လင့်တာတွေ များနေရင်

ပူပန်ရတတ်တယ်။

မလိုအပ်တဲ့အရာကိုလည်း

မခင်တွယ်မိစေနဲ့။

စိုးရိမ်သောကတွေကိုလည်း

လိုတာထက် မပိုနဲ့။

မဖြစ်သေးတဲ့ ကိစ္စကို

တွေးပြီး သောက မရောက်ပါနဲ့။

လောကဓံဆိုတာ…

မလိုချင်တာတွေလည်း

ရလာတတ်တယ်။

မဖြစ်ချင်တာတွေလည်း

ဖြစ်လာတတ်တယ်။

မမျှော်လင့်တာတွေလည်း

ကြုံရတတ်တယ်။

ကိုယ်လိုချင်တာ မရလို့

စိတ်ညစ်မနေပါနဲ့။

ကိုယ်မလိုချင်တာ ရလို့

စိတ်ညစ်တဲ့သူတွေ

လောကမှာ ဒုနဲ့ဒေး ရှိနေပါတယ်။

အတိတ်ကရတဲ့ နာကျင်မှုကို မေ့လိုက်ပါ။

ဒါပေမဲ့…

အဲဒီကနေရတဲ့ သင်ခန်းစာကို

ဘယ်တော့မှ မေ့မပစ်လိုက်ပါနဲ့။

ရင့်ကျက်မှုတွေ ရဖို့

မျက်ရည်တွေနဲ့ ရင်းခဲ့ရတယ်။

ခွင့်လွှတ်တတ်ဖို့

သည်းခံစိတ်တွေ မွေးထားရတယ်။

နားလည်ပေးဖို့

ဒေါသတွေ လျှော့ခဲ့ရတယ်။

အဆင်ပြေသွားဖို့

ဖြစ်ချင်တာတွေ စွန်လွှတ်ခဲ့ရတယ်။

လူ့ဘဝ လူ့သက်တမ်းဆိုတာက…

ဖိနပ်တစ်ရံလိုပါပဲ။

ရုပ်ဝတ္ထုတွေနောက် လိုက်ရင်း…

ပျော်ရွှင်မှုတွေဆီ လျှောက်ရင်း…

ပါးလျကုန်ကျရတာလေ။

ဘဝဟာတိုတိုလေးမို့

အမုန်းတရားတွေနဲ့ အချိန်ကုန်မခံပါနဲ့။

အပင်မြင့်ရင်တော့

လေတိုက်ဒဏ်ခံရတာ သဘာဝပါပဲ။

ကမ်းမှန်ရင်တော့

လှိုင်းပုတ်ခတ်ဒဏ်ခံရတာ သဘာဝပါပဲ။

ပေဖြစ်ရင်တော့

တူရဲ့ထုနှက်ဒဏ်ခံရတာ သဘာဝပါပဲ။

ထက်မြက်သိမ်မွေ့သူဖြစ်နေရင်တော့

ကောက်ကျစ်ယုတ်မာသူတွေရဲ့ မနာလို ရှုံ့ချမှုဒဏ်ခံရတာ သဘာဝပါပဲ။

အောင်မြင်နေရင်တော့

ဂဏာန်းလိုလူတွေမနာလိုဖြစ်တတ်ကြတာ သဘာဝပါပဲ။

တစ်စုံတစ်ယောက်ရဲ့ အောက်တန်းကျကျ

တိုက်ခိုက်မှုကို ခံရတိုင်း စိတ်မဆိုးလိုက်ပါနဲ့၊

ဘာကြောင့်လဲဆိုတော့

အသီးရှိတဲ့ အပင်ကိုပဲ ဝိုင်းပြီးပြစ်တတ်ကြတာ လူတွေရဲ့ သဘာဝပဲလေ…

ကံကြမ္မာက သူ့နဲ့ထိုက်တန်​သော​နေရာ

သတ်မှတ်ပေးပြီးသားမို့ တုန့်ပြန်စရာမလိုပဲ

သူ့လမ်း သူသွားပါလိမ့်မယ်။

ပြောချင်တာက…

လောကဓံဆိုတာ

လူတိုင်း ကြုံနေကြရတာပါ။

အောင်မြင်လိုက်

ရှုံးနိမ့်လိုက်ပေါ့…

ဘယ်သူမှ တသမတ်တည်း

မရှိနိုင်ပါဘူး။

ဒါဟာ ဘဝပါပဲ။

ဘဝရဲ့တခဏကို

ထာဝရလို့ မထင်လိုက်ပါနဲ့လို့ပဲ

ပြောလိုက်ပါရစေ…

ပျော်ရွှင်ချမ်းမြေ့သောနေ့ရက်များကို ပိုင်ဆိုင်ကြပါစေ။

#crd