ဆယ်လီသတင်း

ဘယ်လောက်ပဲ တရားမှတ်မှတ် ရှေ့ဆက်အသက်ရှင် ဖို့ အားမတင်းနိုင်တော့ဘူးဆိုတဲ့ ထက်ထက်မိုးဦး

ဘယ်လောက် ပဲ တရား မှတ်မှတ် ရှေ့ဆက်အ သက်ရှင် ဖို့ မေ တွးတောနိုင်တော့ဘူးဆိုတဲ့ ထက်ထက်မိုးဦး

နာမည်တစ်လုံးနဲ့ အနုပညာလောကမှာ ထက်ထက်မိုးဦးကတော့ ယနေ့ထက်တိုင် အောင်အောင်မြင်မြင် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ထက်ထက်မိုးဦးက အသက်အရွယ်တစ်ခု ရောက်ရှိလာချိန်မှာတော့ ကျန်းမာရေးချူချာလာပြီး မကြာခဏဆိုသလို

ဆေးရုံဆေးခန်း တက်ရောက်ရသူပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက သူမရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း

တော်တော်များများကိုလည်း ခွဲစိတ်ထားရပြီး အမြဲတမ်းလိုလို နေမကောင်းဖြစ်သူတစ်ယောက် ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ထက်ထက်မိုးဦးက “လူကတကယ်နေမကောင်းဖြစ်လာရင် စိတ်ရောလူရောကျလာတာပဲ။

ဘယ်လောက်ပဲတရားမှတ်မှတ်

ရင်ထဲမှာပလောင်ဆူနေတာပဲ။ ရှေ့ဆက် ဘယ်လိုအသက်ရှင်နေထိုင်ရမလဲဆိုတာ မတွေးတတ်တော့ဘူး။

ကိုယ့်ကိုချစ်တဲ့ခင်တဲ့သူတွေကတော့ စိတ်ပူပေးနေကြတာကျေးဇူးတင်ပါတယ်။ ကိုယ့်ရင်ထဲမှာတော့

နေလို့မကောင်းတာအမှန်ပါ။” ဆိုပြီး ဝမ်းနည်းစွာနဲ့ ရင်ဖွင့်လာပါတယ်။ ထက်ထက်မိုးဦးကတော့

သူမရဲ့ ကျန်းမာရေးအခြေအနေကို သူမကိုယ်တိုင် အားမရဖြစ်နေပြီး စိတ်ရောလူပါ ကျနေတာပဲ ဖြစ်ပါတယ်။

ထက်ထက်တစ်ယောက် အမြန်ဆုံးနေကောင်းပြီး ပရိသတ်တွေအတွက် အနုပညာလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နိုင်ပါစေလို့

ဆုတောင်းပေးလိုက်ပါတယ်နော်။