ဆယ်လီသတင်း

ဆယ်ကျော်သက်တွေ ငေးသွားနိုင်တဲ့ မကြီးစိုး

အရင်နဲ့လုံးဝမတူအောင်ကိုပြောင်းလဲသွားတဲ့ စိုးမြတ်သူဇာရဲ့ ပုံစံအသစ်

အသက်လေးဆယ်ကျော်အရွယ် အပျိုကြီးစိုးမြတ်သူဇာကတော့ သူမရဲ့ဆံပင်ပုံစံလေးကို အတိုအကုပ်ပုံစံလေးပြောင်းလိုက်ပြီးတော့

အသက်နှစ်ဆယ်ကျော်အရွယ် မိန်းကလေး တစ်ယောက်လို နုပျိုသွားခဲ့ပါတယ်။ မိတ်ကပ်ပညာရှင် Min Set ရဲ့ လက်ရာလေးနဲ့

အရမ်းကို ကြည့်ကောင်းပြီး ပြောင်းလဲသွားတဲ့ မကြီးစိုးရဲ့ပုံစံလေးကို ပရိသတ်တွေကလည်း နှစ်သက်နေကြပါတယ်။

လက်ရှိအချိန်ထိ အဖော်မရှာသေးဘဲ ဘဝကို တစ်ကိုယ်တည်းလွတ်လွတ်လပ်လပ် ဖြတ်သန်းနေ ပုံက တကယ်ကိုအားကျစရာပါ။

တူတွေ တူမတွေကိုချစ်ရင်းနဲ့ပဲ အဒေါ်အပျိုကြီးတစ်ယောက် ပျော်ရွှင်နေခဲ့ပါတယ်။ ဒီနေ့မှာတော့ အသက်နှစ်ဆယ်လောက်

ငယ်သွားစေ မယ့် ပုံစံအသစ်လေးနဲ့ အရမ်းကိုချစ်စရာကောင်းနေပါတယ်။

ညီမလေးယောက်ပေါင်းပြီး ” မင်းသမီး ” ပိုးထည်တိုက်ကို တည်ထောင်ထားကြပြီး လက်ရှိမှာလည်း အောင်မြင်တဲ့

ပိုးထည်တိုက် တစ်ခုအနေနဲ့ ဝယ်သူတွေမပြတ်ရှိနေခဲ့ပါတယ်။ အပျိုကြီးဘဝက အေးချမ်းတာမို့ တစ်ကိုယ်တည်း

အပျိုကြီးဘဝမှာပဲ လွတ်လွတ် လပ်လပ် လှနေတဲ့ မကြီးစိုးကိုတော့ အားတွေကျနေပါပြီ။

Happy – Cele Zone

Photo – Min Set