ဆယ်လီသတင်း

ရခိုင်ပြည်နယ် ကို ဖဲ့ထုတ်ရန် ကြိုးပမ်း မှုကို ကိုယ့်အသားသာ ဖဲ့ပေးမည်ဟု သမ္မတဟောင်း ဦးသိန်းစိန်ပြော

ရခိုင်ပြည်နယ်ကို မြန်မာနိုင်ငံမြေပုံမှ ဖဲ့ထုတ်မှုများကို လက်ခံမည်မဟုတ်ဘဲ အသားသာ ဖဲ့ပေးမည်ဖြစ်ကြောင်း သမ္မတဟောင်း ဦးသိန်းစိန်က ပြောဆိုသည်။

ကြံ့ခိုင်ရေးပါတီ သတင်းများကို ဖော်ပြနေသော ပြိုင်ဘက်မီဒီယာက သမ္မတဟောင်း ဦးသိန်းစိန်၏ ပြောကြားချက်များကို ယနေ့ ဗီဒီယိုဖိုင်အဖြစ် တင်ပြ ထားခြင်းဖြစ်သည်။

“တို့မြန်မာပြည်မြေပုံ ဘယ်လောက်လှလဲ။ မြန်မာပြည်မြေပုံလေးဟာ ရခိုင်ဖက်ကနေ ကွက်ပြီးတော့ ဖဲ့ပေးလိုက်မယ်ဆိုရင် မင်းတို့စိတ်ထဲမှာ ဘယ်လိုခံစားရမလဲ။

ဘယ်သူ့မှ တို့မပေးနိုင်ဘူး။ ဟုတ်တယ်မလား။ ဖြစ်နိုင်ရင် ကိုယ့်တိုင်းပြည်ချစ်တဲ့ စိတ်ဓာတ် ပြင်းထန်တယ်ဆိုရင် ကိုယ့်အသားသာ ဖဲ့ပေးရင်ပေးမယ်။

ကိုယ့်တိုင်းပြည်ကိုတော့ ဖဲ့မပေးနိုင်ဘူး။ ခုနလို တိုင်းပြည် ဖဲ့ပေးရမယ့် အနေအထားမျိုးတွေ တောင်းဆိုလာတယ်။

ရုပ်သံကြည့်ရန်

သူတို့ တို့လူမျိုးမဟုတ်တဲ့ လူမျိုးတွေကို ခုနလို ကိုယ့်လူမျိုးပါဆိုပြီးတော့ ဒီလိုအသိအမှတ်ပြုပေးဖို့အတွက် တို့ကိုအကျပ်ကိုင်လာတယ်။ ရခိုင်ပြည်နယ် အန္တရာယ်က အင်မတန်မှကို ကြီးမားတယ်

ဒီပြဿနာတွေကို တို့ရင်ဆိုင်နေရတယ်။ ICJ တို့တရားစွဲတယ်ပြုတယ်ဆိုတာ ခုနကလို ဘာမှလူမျိုးတုံးသတ်တယ်ပြုတယ်ဆိုတာ တို့က ဗုဒ္ဓဘာသာနိုင်ငံ လူမျိုးတုံးသတ်စရာလည်း ဘာအကြောင်းမှမရှိဘူး။

ဟုတ်တယ်မလား။ ဒီအန္တရာယ်မရှိတဲ့ အကြောင်းမရှိတဲ့ သတ္တဝါလေးတစ်ကောင်တောင်မှ တို့ကသတ်ရတဲ့ လူမျိုးမဟုတ်ဘူးလေ။ တို့ရဲ့ ဘာသာရေးအရ ပါဏာတိပါတာဆိုတာ တို့လိုက်နာရမယ့်လူမျိုးလေ။

အဲတော့ မဟုတ်တာတွေနဲ့ အကုန်ဆုံးစွတ်စွဲပြီးတော့မှ တိုင်းပြည်ကို ဖဲ့ပေးရအောင်တွေ လူမျိုးကိုလက်ခံပေးရအောင်တွေလုပ်နေတာ ကိုယ့်လူမျိုးမဟုတ်တဲ့ လူတွေကိုတော့ ကိုယ့်လူမျိုးပါဆိုပြီးတော့ ဘယ်လိုမှသတ်မှတ်ပေးလို့တော့မရဘူး။ တို့မှာ စာရင်းဇယားနဲ့ ရှိပြီးသား ၁၃၅မျိုးတို့ရှိတယ်။ အကုန်လုံး နာမည်တွေနဲ့ စာရင်းဇယားတွေနဲ့ရှိပြီးသားသူတို့ပြောနေတဲ့ ရိုဟင်ဂျာဆိုတာ တို့စာရင်းထဲမှာ မပါဘူး။ ငါတို့ လူကြီးဖြစ်တုန်းကလည်း ခါးခါးသီးသီးနဲ့ ငြင်းခဲ့တာပဲ မရှိဘူး

ကျွန်တော်တို့ တိုင်းပြည်မှာ ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့လူမျိုးမဟုတ်ဘူး” ဟု ဦးသိန်းစိန်က ပြိုင်ဘက်မီဒီယာ၏ ဗီဒီယိုဖိုင်တွင် ပြောဆိုသွားသည်။

သမ္မတဟောင်းဦးသိန်းစိန်က ဘာသာ သာသနာနှင့် တပ်မတော် ကာကွယ်သူများကို မဲပေးကြရန်လည်း မကြာသေးမီက ထုတ်ဖော်ပြောဆိုထားသည်။

credit-အကုန်သိ

naethitmyanmar