ဆယ္လီသတင္း

မိန္းမႏွစ္ေယာက္နဲ႔ တစ္ၿပိဳင္တည္းလက္ထပ္ဖို႔ ဖိအားေပးခံခဲ့ရတဲ့ သနားစဖြယ္သတို႔သား

မိန္းမႏွစ္ေယာက္နဲ႔ တစ္ၿပိဳင္တည္းလက္ထပ္ဖို႔ ဖိအားေပးခံခဲ့ရတဲ့ သနားစဖြယ္သတို႔သား

လည္လြန္းတဲ့ဘီး ေခ်းသင့္တယ္ဆိုတဲ့ စကားပုံဟာ အလကားေတာ့ ျဖစ္လာတာမွာ မဟုတ္ပါဘူး။ တစ္ခ်ိဳ႕က လည္ေတာ့လည္တယ္၊ တစ္ပတ္မျပည့္ဘူး-ဆိုတာလိုပဲ ကိုယ့္ရႉးကိုယ္ျပန္ပတ္သလို ျဖစ္တတ္ၿပီး၊ ဒုကၡေရာက္ၾကရပါတယ္။ ဒီအမ်ိဳးသားကေတာ့ ဒီလိုဒုကၡမ်ိဳး အခါ(၂၀)ေလာက္ ေရာက္ခ်င္ပါလိမ့္မယ္။အေၾကာင္းကေတာ့ သူဟာ ခ်စ္သူအမ်ိဳးသမီးႏွစ္ေယာက္ တစ္ၿပိဳင္တည္း ထားမိရာက၊ ႏွစ္ေယာက္စလုံးကို ယူဖို႔ ဖိအားေပး ခိုင္းေစခံခဲ့ရလို႔ ျဖစ္ပါတယ္။ ဒီအေၾကာင္းကို Kami အမည္ရ ဝက္ဘ္ဆိုဒ္မွာ ေဖာ္ျပထားတာျဖစ္ၿပီး၊ ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီလိုဖိအားေပးမႈမ်ိဳး သူတို႔လည္း ၾကဳံခ်င္တယ္လို႔ ဆိုပါတယ္။သတို႔သားရဲ့ နာမည္ကေတာ့ Razul Timbukong ျဖစ္ၿပီး အသက္ကေတာ့ (၂၂)ႏွစ္ပါ။ သတို႔သမီးေတြကေတာ့ Jarah Mendoza Labangin (၂၀)ႏွစ္နဲ႔ Thelma Guipal (၂၄)ႏွစ္တို႔ ျဖစ္ၾကပါတယ္။ ျပႆနာအစကေတာ့ Razul ဟာ Jarah နဲ႔ ဆယ္ေက်ာ္သက္အရြယ္ကတည္းက ႀကိဳက္ခဲ့ၾကသူေတြ ျဖစ္ပါတယ္။

ေရရွည္လက္တြဲလာလို႔ မဂၤလာေဆာင္ျမန္းဖို႔ စီစဥ္တဲ့အခ်ိန္မွာ ေနာက္ထပ္ ဇာတ္လိုက္မင္းသမီးတစ္ေယာက္ ေပၚလာခဲ့ပါတယ္။ သူမကေတာ့ Thelma ျဖစ္ၿပီး၊ သူမရဲ့ ေျပာဆိုခ်က္မွာ Razul ဟာ သူမကိုလည္း လက္ထပ္မယ္လို႔ ကတိေပးခဲ့ေၾကာင္း-ထုတ္ေဖာ္ဝန္ခံခဲ့ေတာ့ ေဆြမ်ိဳးေတြအခ်င္းခ်င္း အေတာ္ေလး ႐ုန္းရင္ဆန႔္ခပ္ ျဖစ္လိုက္ပါေသးတယ္။ ေနာက္ေတာ့ ေက်းရြာတာဝန္ရွိသူေတြက ႏွစ္ေယာက္စလုံးနဲ႔ မဂၤလာေဆာင္ေစဆိုၿပီး အမိန႔္ခ်လိုက္ပါတယ္။ ဒီအျဖစ္အပ်က္ဟာ ဖိလစ္ပိုင္နိုင္ငံ၊ Sultan Kudarat ျပည္နယ္က-Sampao Lutayan ဆိုတဲ့ ေတာမက်ၿမိဳ႕မက် ရြာေလးတစ္ရြာမွာ တကယ္ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ပါ။ ဒီသတင္းေလးကို ApannPyay က ဘာသာျပန္လိုက္တာ ျဖစ္ပါတယ္။

နတ္သူႀကီး-ApannPyay

unucode

လည်လွန်းတဲ့ဘီး ချေးသင့်တယ်ဆိုတဲ့ စကားပုံဟာ အလကားတော့ ဖြစ်လာတာမှာ မဟုတ်ပါဘူး။ တစ်ချို့က လည်တော့လည်တယ်၊ တစ်ပတ်မပြည့်ဘူး-ဆိုတာလိုပဲ ကိုယ့်ရှူးကိုယ်ပြန်ပတ်သလို ဖြစ်တတ်ပြီး၊ ဒုက္ခရောက်ကြရပါတယ်။ ဒီအမျိုးသားကတော့ ဒီလိုဒုက္ခမျိုး အခါ(၂၀)လောက် ရောက်ချင်ပါလိမ့်မယ်။အကြောင်းကတော့ သူဟာ ချစ်သူအမျိုးသမီးနှစ်ယောက် တစ်ပြိုင်တည်း ထားမိရာက၊ နှစ်ယောက်စလုံးကို ယူဖို့ ဖိအားပေး ခိုင်းစေခံခဲ့ရလို့ ဖြစ်ပါတယ်။ ဒီအကြောင်းကို Kami အမည်ရ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတာဖြစ်ပြီး၊ တော်တော်များများကတော့ ဒီလိုဖိအားပေးမှုမျိုး သူတို့လည်း ကြုံချင်တယ်လို့ ဆိုပါတယ်။သတို့သားရဲ့ နာမည်ကတော့ Razul Timbukong ဖြစ်ပြီး အသက်ကတော့ (၂၂)နှစ်ပါ။ သတို့သမီးတွေကတော့ Jarah Mendoza Labangin (၂၀)နှစ်နဲ့ Thelma Guipal (၂၄)နှစ်တို့ ဖြစ်ကြပါတယ်။ ပြဿနာအစကတော့ Razul ဟာ Jarah နဲ့ ဆယ်ကျော်သက်အရွယ်ကတည်းက ကြိုက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ရေရှည်လက်တွဲလာလို့ မင်္ဂလာဆောင်မြန်းဖို့ စီစဉ်တဲ့အချိန်မှာ နောက်ထပ် ဇာတ်လိုက်မင်းသမီးတစ်ယောက် ပေါ်လာခဲ့ပါတယ်။ သူမကတော့ Thelma ဖြစ်ပြီး၊ သူမရဲ့ ပြောဆိုချက်မှာ Razul ဟာ သူမကိုလည်း လက်ထပ်မယ်လို့ ကတိပေးခဲ့ကြောင်း-ထုတ်ဖော်ဝန်ခံခဲ့တော့ ဆွေမျိုးတွေအချင်းချင်း အတော်လေး ရုန်းရင်ဆန့်ခပ် ဖြစ်လိုက်ပါသေးတယ်။ နောက်တော့ ကျေးရွာတာဝန်ရှိသူတွေက နှစ်ယောက်စလုံးနဲ့ မင်္ဂလာဆောင်စေဆိုပြီး အမိန့်ချလိုက်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဖိလစ်ပိုင်နိုင်ငံ၊ Sultan Kudarat ပြည်နယ်က-Sampao Lutayan ဆိုတဲ့ တောမကျမြို့မကျ ရွာလေးတစ်ရွာမှာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ ဒီသတင်းလေးကို ApannPyay က ဘာသာပြန်လိုက်တာ ဖြစ်ပါတယ်။