အထွေထွေဗဟုသုတ

တံျမက္စည္းၾကမ္းေလး တေခ်ာင္းက ေပးတဲ့ သင္ခန္းစာ

တစ္ခါတုန္းက တံျမက္စည္းသည္ႀကီးက တံျမက္စည္းႏွစ္ေခ်ာင္းကို ေရာင္းခ်ခဲ့တယ္။ ဝယ္တဲ့သူက တစ္ေခ်ာင္းကို အိမ္ေပၚမွာလွည္းဖိ့ုနဲ႔

တစ္ေခ်ာင္းက ေျမႀကီးမွာ လွည္းဖိ့ုဆိုၿပီး ဝယ္ခဲ့တာေပါ့။

ေျမႀကီးမွာ အလွည္းခံရတဲ့ တံျမက္စည္းက ေန႔စဥ္ေန႔တိုင္း ဖွဳန္ေတြနဲ႔လံုးပန္း က်င္ႀကီးက်င္ငယ္ေတြနဲ႔ထိရ ၾကမ္းတမ္းတဲ့ ေက်ာက္စရစ္ေတြ

နဲ႔လဲ ၾကံဳရဆံုရေတာ့ သူ႔ဘဝဟာ ၾကမ္းသထက္ ႀကမ္းလာတယ္တဲ့။

ဒီဟာကိုၾကည့္ၿပီး သူ႔ဘဝသူ အားငယ္တတ္လာတယ္။ အိမ္ေပၚမွာ ေနရတဲ့ တံျမက္စည္းေလးျဖစ္ရင္ သိပ္ေကာင္းမွာ သူ႔ဘဝက်ေတာ့ ေန

လဲမပူ ၾကမ္းတဲ့ေက်ာက္စရစ္ေတြနဲ႔မေတြ႕ရ က်င္ႀကီးက်င္ငယ္နဲ႔မဆံုနဲ႔.. သူ႔ဘဝသာယာေနမွာ ဘဲဆိုၿပီး သူ႔မိတ္ေဆြ အိမ္ေပၚလွည္းခံရတဲ့

တံျမက္စည္းကို အားက်ေနတယ္တဲ့။

ေနာက္ၿပီး သူကအိမ္ေပၚမွာေနရေတာ့ သူက သင္းပ်ံ႕တဲ့ရနံ့ေတြနဲ႔ေနရမွာပဲ ငါလိုဘဝမၾကမ္းေလာက္ဘူး ငါလဲသူ႔လို ဘဝေရာက္ရင္ သိပ္

ေကာင္းမွာပဲဆိုၿပီး….အၿမဲေတြးၿပီးေနတတ္တယ္တဲ့။

ဒါနဲ႔တစ္ေန႔ သူ႔သူငယ္ခ်င္းတံျမက္စည္းကို ေလွခါးနားမွာ ဆံုမိၾကတယ္တဲ့။ စကားေျပာျဖစ္ၾကတယ္ေပါ့။ အိမ္ေအာက္ေျမႀကီးမွာအလွည္းခံရ

တဲ့ တံျမက္စည္းက

“သူငယ္ခ်င္း မင္းဘဝက သိပ္သာယာတာပဲကြာ။ ငါ့လိုမၾကမ္းတမ္းဘူး။ မေကာင္းတဲ့ရနံ့ေတြနဲ႔ မထိေတြရဘူူး။ မင္းဘဝက သိပ္ေပ်ာ္စရာ

ေကာင္းမွာပဲလိ့ုေျပာရွာသတဲ့! မင္းလိုဘဝမ်ိဳးေနခ်င္လိုက္တာ” လို႔ ခဏခဏေျပာသတဲ့။ ဒါနဲ႔အိမ္ေပၚက တံျမက္စည္းကျပန္ေျပာလိုက္တာက

” တကယ္ေတာ့ အျပင္ျမင္ရင္ေတာ့ သာယာတယ္မင္းထင္ခ်င္ထင္လိမ့္မယ္။ မသာယာပါဘူးကြာ။ လင္မယားခ်င္း ရန္ျဖစ္လဲ ငါ့ကိုဆြဲၿပီး

႐ိုက္ၾကတယ္။ တေယာက္နဲ႔တေယာက္ ဆြဲၾက လုၾကတယ္။ သားသမီး႐ိုက္ၿပီးဆိုလဲ ငါ့ကိုအသံုးျပဳ တယ္။ ဒါနဲ႔တေယာက္နဲ႔တေယာက္ ဆြဲၾ

ၾကလုၾကျပန္ေရာ ငါ့ဘဝက မင္းလိုမၾကမ္းတမ္းေပမဲ့ ေန႔စဥ္ နားၿငီးရသလို နာက်င္ တဲ့ေဝဒနာ ခံစားရတယ္ စိတ္ရွဳပ္ရတယ္။ ငါက ပင္

ပန္းတာမခံရေပမဲ့ စိတ္ရွဳပ္စရာႀကီးပါ။ ေနာက္ၿပီး ငါ့ကိုဘယ္နားမွာ ထားတာလဲ မင္းသိလား ေျခနင္းခံုနားမွာထားတာ ဟိုလူလာလဲ တိုက္

သြား နင္းသြား နဲ႔ မင္းကြာ ေသခ်င္ေစာ္ကိုနံေရာ”

လို႔ေျပာျပလိုက္ေတာ့…အိမ္ေအာက္တံျမက္စည္းက သူ႔ဘဝသူေက်နပ္သလိုခံစား ခံစားရသြားတယ္တဲ့။

သူကေတြးလိုက္သည္မွာက ဪ.. အျပင္ပံုသဏၭာန္လွေပမဲ့..ဘဝဒုကၡေထြေထြက ငါ့ထက္မ်ားလွပါလား တကယ္ေတာ့ ငါ့ဘဝက

ၾကမ္းေပမဲ့ သူ႔ေလာက္မဆိုးေသးပါလားလိ့ု ေတြးၿပီး ေခါင္းငံု႔ကာ သူငယ္ခ်င္းႏွစ္ေယာက္ သူ႔ေနရာသူျပန္ၾကသတဲ့။

ပံုျပင္ေလးကေတာ့ ဒါပါပဲ။ ေလာကလူေတြလဲ ပံုျပင္ေလးထဲကလို အျပင္မွာၾကမ္းလိ့ုလဲ စိတ္မပ်က္နဲ႔ အိမ္ေကာင္းေကာင္း နဲ႔ေနေနရတယ္။

သင္းပ်ံ႕တဲ့ရနံ့ေတြၾကားမွာ ေနေနရတယ္ ဆိုေပမဲ့လဲ အားမက်နဲ႔ အျပင္လွၿပီး အတြင္းပုတ္တာေတြ အမ်ားႀကီးပါ။

တကယ္ေတာ့…ကိုယ္ရထားတဲ့ဘဝေလးကို အက်ိဳးရွိရွိေပးဆပ္ၿပီး ေလာကကို အလွဆင္ခြင့္ရေနတာေလးကိုက ေက်နပ္စရာျဖစ္ေအာင္ ႀကိဳး

စားၿပီးေနထိုင္သင့္ပါတယ္။

အျပင္မွာၾကမ္းေပမဲ့ အတြင္းမွာ..သင္းပ်ံ႕တဲ့ရနံ့ရွိေအာင္ ႀကိဳးစားၿပီးေနထိုင္မယ္ဆိုရင္..ဘဝဟာ သာယာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)

Credit:Original Writer

# Unicode Version # ျဖင့္ ဖတ္ပါ #

တစ်ခါတုန်းက တံမြက်စည်းသည်ကြီးက တံမြက်စည်းနှစ်ချောင်းကို ရောင်းချခဲ့တယ်။ ဝယ်တဲ့သူက တစ်ချောင်းကို အိမ်ပေါ်မှာလှ

ည်းဖိ့ုနဲ့ တစ်ချောင်းက မြေကြီးမှာ လှည်းဖိ့ုဆိုပြီး ဝယ်ခဲ့တာပေါ့။

မြေကြီးမှာ အလှည်းခံရတဲ့ တံမြက်စည်းက နေ့စဉ်နေ့တိုင်း ဖှုန်တွေနဲ့လုံးပန်း ကျင်ကြီးကျင်ငယ်တွေနဲ့ထိရ ကြမ်းတမ်းတဲ့

ကျောက်စရစ်တွေနဲ့လဲ ကြုံရဆုံရတော့ သူ့ဘဝဟာ ကြမ်းသထက် ကြမ်းလာတယ်တဲ့။

ဒီဟာကိုကြည့်ပြီး သူ့ဘဝသူ အားငယ်တတ်လာတယ်။ အိမ်ပေါ်မှာ နေရတဲ့ တံမြက်စည်းလေးဖြစ်ရင် သိပ်ကောင်းမှာ သူ့ဘဝကျ

တော့ နေလဲမပူ ကြမ်းတဲ့ကျောက်စရစ်တွေနဲ့မတွေ့ရ ကျင်ကြီးကျင်ငယ်နဲ့မဆုံနဲ့.. သူ့ဘဝသာယာနေမှာ ဘဲဆိုပြီး သူ့မိတ်ဆွေ အိမ်ပေါ်

လှည်းခံရတဲ့ တံမြက်စည်းကို အားကျနေတယ်တဲ့။

နောက်ပြီး သူကအိမ်ပေါ်မှာနေရတော့ သူက သင်းပျံ့တဲ့ရနံ့တွေနဲ့နေရမှာပဲ ငါလိုဘဝမကြမ်းလောက်ဘူး ငါလဲသူ့လို ဘဝရောက်ရင်

သိပ်ကောင်းမှာပဲဆိုပြီး….အမြဲတွေးပြီးနေတတ်တယ်တဲ့။

ဒါနဲ့တစ်နေ့ သူ့သူငယ်ချင်းတံမြက်စည်းကို လှေခါးနားမှာ ဆုံမိကြတယ်တဲ့။ စကားပြောဖြစ်ကြတယ်ပေါ့။ အိမ်အောက်မြေကြီးမှာ

အလှည်းခံရတဲ့ တံမြက်စည်းက

“သူငယ်ချင်း မင်းဘဝက သိပ်သာယာတာပဲကွာ။ ငါ့လိုမကြမ်းတမ်းဘူး။ မကောင်းတဲ့ရနံ့တွေနဲ့ မထိတွေရဘူူး။ မင်းဘဝက သိပ်ပျော်စရာ

ကောင်းမှာပဲလိ့ုပြောရှာသတဲ့! မင်းလိုဘဝမျိုးနေချင်လိုက်တာ” လို့ ခဏခဏပြောသတဲ့။ ဒါနဲ့အိမ်ပေါ်က တံမြက်စည်းကပြန်ပြော

လိုက်တာက

” တကယ်တော့ အပြင်မြင်ရင်တော့ သာယာတယ်မင်းထင်ချင်ထင်လိမ့်မယ်။ မသာယာပါဘူးကွာ။ လင်မယားချင်း ရန်ဖြစ်လဲ ငါ့ကိုဆွဲပြီး

ရိုက်ကြတယ်။ တယောက်နဲ့တယောက် ဆွဲကြ လုကြတယ်။ သားသမီးရိုက်ပြီးဆိုလဲ ငါ့ကိုအသုံးပြု တယ်။ ဒါနဲ့တယောက်နဲ့တယောက် ဆွဲ

ကြလုကြပြန်ရော ငါ့ဘဝက မင်းလိုမကြမ်းတမ်းပေမဲ့ နေ့စဉ် နားငြီးရသလို နာကျင် တဲ့ဝေဒနာ ခံစားရတယ် စိတ်ရှုပ်ရတယ်။ ငါက

ပင်ပန်းတာမခံရပေမဲ့ စိတ်ရှုပ်စရာကြီးပါ။ နောက်ပြီး ငါ့ကိုဘယ်နားမှာ ထားတာလဲ မင်းသိလား ခြေနင်းခုံနားမှာထားတာ ဟိုလူ

လာလဲ တိုက်သွား နင်းသွား နဲ့ မင်းကွာ သေချင်စော်ကိုနံရော”

လို့ပြောပြလိုက်တော့…အိမ်အောက်တံမြက်စည်းက သူ့ဘဝသူကျေနပ်သလိုခံစား ခံစားရသွားတယ်တဲ့။

သူကတွေးလိုက်သည်မှာက ဪ.. အပြင်ပုံသဏ္ဌာန်လှပေမဲ့..ဘဝဒုက္ခထွေထွေက ငါ့ထက်များလှပါလား တကယ်တော့ ငါ့ဘဝ

က ကြမ်းပေမဲ့ သူ့လောက်မဆိုးသေးပါလားလိ့ု တွေးပြီး ခေါင်းငုံ့ကာ သူငယ်ချင်းနှစ်ယောက် သူ့နေရာသူပြန်ကြသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။ လောကလူတွေလဲ ပုံပြင်လေးထဲကလို အပြင်မှာကြမ်းလိ့ုလဲ စိတ်မပျက်နဲ့ အိမ်ကောင်းကောင်း နဲ့နေနေရ

တယ်။ သင်းပျံ့တဲ့ရနံ့တွေကြားမှာ နေနေရတယ် ဆိုပေမဲ့လဲ အားမကျနဲ့ အပြင်လှပြီး အတွင်းပုတ်တာတွေ အများကြီးပါ။

တကယ်တော့…ကိုယ်ရထားတဲ့ဘဝလေးကို အကျိုးရှိရှိပေးဆပ်ပြီး လောကကို အလှဆင်ခွင့်ရနေတာလေးကိုက ကျေနပ်စရာဖြစ်

အောင် ကြိုးစားပြီးနေထိုင်သင့်ပါတယ်။

အပြင်မှာကြမ်းပေမဲ့ အတွင်းမှာ..သင်းပျံ့တဲ့ရနံ့ရှိအောင် ကြိုးစားပြီးနေထိုင်မယ်ဆိုရင်..ဘဝဟာ သာယာပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit:Original Writer