အထွေထွေဗဟုသုတ

ၿပိဳင္ပြဲဝင္ ဒုတိယဆုရရွိေသာ ကဗ်ာေလးတစ္ပုဒ္ကို ျပန္လည္မၽွေဝပါသည္

ျပိဳင္ပြဲဝင္ ဒုတိယဆုရရွိေသာ ကဗ်ာေလးတစ္ပုဒ္ကို ျပန္လည္မၽွေဝပါသည္

စာသင္သားကိုရင္ငယ္ေလး ရဲ့ ငိုမဲ့မဲ့မာန္ရွိုက္သံ…ေမေမညာတယ္ ေမေမေျပာေတာ့ အသက္ငယ္ငယ္ ေမေမ့သားေလး သနားစဖြယ္

ကိုရင္ေလးမို ့ဒကာဒကာမေတြ အေရးေပးၾကမွာပါဆို အခုေတာ့…ေမေမရယ္ သကၤန္းေခ်းလိတ္ မေျပာင္သပိတ္ႏွင့္ေခါင္းမွာဒက္ေဖြး

ကိုရင္ေလးကို သူတို့ေတြ အေရးမေပးၾကပါဘူး ေမေမ။သား…ဆြမ္းရပ္ရင္ ႏွာေခါင္းေတြ ရွုံ႔ၾကတယ္…ေမေမရဲ ့သား……ႀကီးခ်င္လွၿပီ ေမေမ ။

ေနာင္ေတာ္ႀကီးမ်ား ရဟန္းမ်ားလို ေသခ်ာသပ္ရပ္ သကၤန္းပတ္လ်က္ သား ဆြမ္းရပ္ခ်င္လွၿပီ။တရိုတေသ အေလးထား ၾကည္ညိဳေလးစားတဲ့

ဘဝကို…သားလည္းေလ လိုခ်င္တာေပါ့ ေမေမညာတယ္…ေမေမ ေမေမေျပာေတာ့…အသက္ငယ္ငယ္ ေမေမ့သားေလး သနားစဖြယ္ ကိုရင္

ေလးမို့ စာခ်ဘုန္းႀကီးေတြ အေရးေပးၾကမွာပါဆို အခုေတာ့…ေမေမရယ္ နံနက္(၄)နာရီ အ႐ုဏ္တက္လို့…တုံးေခါက္ဆြမ္းခံတန္းသို့ေနာင္

ေတာ္ေတြနဲ႔အတူေရာက္ရတာပါပဲ…ေမေမ။ဘယ္သူကိုမွ အေရးမေပး ေနာက္က်ရင္ ႀကိမ္လုံးစာ တန္းတူေကၽြးတာပါပဲ ေမေမရယ္။

ေနာင္ေတာ္ရဟန္းေတြက ေျခလွမ္းၾကဲႏွင့္ပုံမွန္ေလၽွာက္ ေမေမ့သားက ေျပးလႊားကာေလၽွာက္ရသူပါ…ေမေမ ။သပိတ္မနိုင္ သကၤန္းမနိုင္နဲ

႔ႏွလုံးသားက အေမာေဖာက္ အားတင္းကာ ေလၽွာက္ရတဲ့…သားဘဝကိုသူတို့ေတြ…မသိၾကဘူး မငဲ့ၾကဘူး ေမေမေျပာသလို အေရးမေပးပါ

ဘူး…ေမေမရယ္ ။သား…ႀကီးခ်င္လွၿပီ…ေမေမ ေနာင္ေတာ္ႀကီးမ်ား ရဟန္းမ်ားလို ေသခ်ာသပ္ရပ္ သပိတ္ပိုက္လၽွက္ ေျခလွမ္းၾကဲႏွင့္ ပုံမွန္

ေလၽွာက္ အေမာ…မေဖာက္တဲ့ဘဝကို…သားလည္းေလ…လိုခ်င္တာေပါ့။

အသက္ငယ္ငယ္ ကိုရင္ေလးဘဝ ေျပာျပလၽွင္ ၾသခ်………ဆိုးလွပါတယ္…ေမေမရယ္ ။စာသင္တိုက္မထြက္ခင္……ဟိုးးး အရင္ကရြာမွာေန

ကိုရင္ေလးဘဝ ေနမေကာင္း ျဖစ္တဲ့ညလိုမ်ိဳးသား ရခ်င္တယ္ ေမေမ ။ ေမေမ့ရင္ခြင္ ေျပးဝင္ၿပီးေတာ့ ႏြဲ႕ဆိုး ဆိုးတဲ့ညအဲဒီညကို…သား

လြမ္းတယ္ ေမေမ။အခုေတာ့…ေမေမရယ္ဆယ့္တစ္ႏွစ္အရြယ္ ေနမေကာင္းျဖစ္တဲ့ ေမေမ့သား ေမေမ ေပးလိုက္တဲ့ သိုးေမြးေစာင္ၾကားမွာ

မေမ့ရင္ခြင္အမွတ္နဲ႔ အံကိုက်ိတ္ ေမွးစက္စြာ…အိပ္ေနရသူပါ ေမေမရယ္။

ဒါေပမဲ့…စိတ္ခ်ပါ ေမေမ ေမေမျဖစ္ခ်င္တဲ့ ရဟန္းဘဝသား ရကို ရရေစမယ္ ေမေမ ။ ေမေမျဖစ္ခ်င္တဲ့ သာသနာျပဳရဟန္းတစ္ပါးသားျဖစ္

ေအာင္ ႀကိဳးစားမယ္ ေမေမ ။ျမတ္ဗုဒၶသာသနာအရွည္ခန္႔တည္တံ့ဖို့နဲ႔ ဒါကာ ဒါယကာမေတြရဲ့ ႏွလုံးသားထဲအသိတရားေတြ……စြဲ သတိတ

ရားေတြ……ျမဲ ဂတိအလားေတြ……မလြဲ ေစဖို့ စာ ဘယ္ေလာက္ ခက္ခက္…စိတ္မပ်က္ ႀကိတ္လ်က္ေအာ္ကာ……သား ေပ်ာ္ပါမည္။ ေမေမ့သား

ဟာ သာသနာအတြက္………စာ ေပ်ာ္ငွက္ ေမေမ့သားဟာ သာသနာအတြက္ စာ ေပ်ာ္ဌက္ ေမေမ့သားဟာ သာသနာအတြက္…စာေပ်ာ္ဌက္

သားဟာ စာေပ်ာ္ဌက္ေလးတစ္ေကာင္ျဖစ္ရပါေစ့မယ္ ေမေမရယ္

စာသင္သားကိုရင္ငယ္ေလးမ်ား၏ဘဝ ႏွလုံးသားႏွင့္ရင္း၍ ေရးခ်သည္။

တကၠသိုလ္ အရွင္ပညာမွ ကူးယူေဖာ္ျပသည္

[Unicode]

ပြိုင်ပွဲဝင် ဒုတိယဆုရရှိသော ကဗျာလေးတစ်ပုဒ်ကို ပြန်လည်မျှဝေပါသည်

စာသင်သားကိုရင်ငယ်လေး ရဲ့ ငိုမဲ့မဲ့မာန်ရှိုက်သံ…မေမေညာတယ် မေမေပြောတော့ အသက်ငယ်ငယ် မေမေ့သားလေး သနားစ

ဖွယ် ကိုရင်လေးမို့ဒကာဒကာမတွေ အရေးပေးကြမှာပါဆို အခုတော့…မေမေရယ် သင်္ကန်းချေးလိတ် မပြောင်သပိတ်နှင့်ခေါင်းမှာ

ဒက်ဖွေး ကိုရင်လေးကို သူတို့တွေ အရေးမပေးကြပါဘူး မေမေ။သား…ဆွမ်းရပ်ရင် နှာခေါင်းတွေ ရှုံ့ကြတယ်…မေမေရဲ ့သား……

ကြီးချင်လှပြီ မေမေ ။

နောင်တော်ကြီးများ ရဟန်းများလို သေချာသပ်ရပ် သင်္ကန်းပတ်လျက် သား ဆွမ်းရပ်ချင်လှပြီ။တရိုတသေ အလေးထား ကြည်ညို

လေးစားတဲ့ဘဝကို…သားလည်းလေ လိုချင်တာပေါ့ မေမေညာတယ်…မေမေ မေမေပြောတော့…အသက်ငယ်ငယ် မေမေ့သားလေး သနားစ

ဖွယ် ကိုရင်လေးမို့ စာချဘုန်းကြီးတွေ အရေးပေးကြမှာပါဆို အခုတော့…မေမေရယ် နံနက်(၄)နာရီ အရုဏ်တက်လို့…တုံးခေါက်ဆွမ်းခံ

တန်းသို့နောင်တော်တွေနဲ့အတူရောက်ရတာပါပဲ…မေမေ။ဘယ်သူကိုမှ အရေးမပေး နောက်ကျရင် ကြိမ်လုံးစာ တန်းတူကျွေးတာပါပဲ

မေမေရယ်။

နောင်တော်ရဟန်းတွေက ခြေလှမ်းကြဲနှင့်ပုံမှန်လျှောက် မေမေ့သားက ပြေးလွှားကာလျှောက်ရသူပါ…မေမေ ။သပိတ်မ

နိုင် သင်္ကန်းမနိုင်နဲ့နှလုံးသားက အမောဖောက် အားတင်းကာ လျှောက်ရတဲ့…သားဘဝကိုသူတို့တွေ…မသိကြဘူး မငဲ့ကြဘူး မေမေ

ပြောသလို အရေးမပေးပါဘူး…မေမေရယ် ။သား…ကြီးချင်လှပြီ…မေမေ နောင်တော်ကြီးများ ရဟန်းများလို သေချာသပ်ရပ် သပိတ်ပိုက်

လျှက် ခြေလှမ်းကြဲနှင့် ပုံမှန်လျှောက် အမော…မဖောက်တဲ့ဘဝကို…သားလည်းလေ…လိုချင်တာပေါ့။

အသက်ငယ်ငယ် ကိုရင်လေးဘဝ ပြောပြလျှင် သြချ………ဆိုးလှပါတယ်…မေမေရယ် ။စာသင်တိုက်မထွက်ခင်……ဟိုးးး အရင်ကရွာမှာ

နေ ကိုရင်လေးဘဝ နေမကောင်း ဖြစ်တဲ့ညလိုမျိုးသား ရချင်တယ် မေမေ ။ မေမေ့ရင်ခွင် ပြေးဝင်ပြီးတော့ နွဲ့ဆိုး ဆိုးတဲ့ညအဲဒီညကို…

သား လွမ်းတယ် မေမေ။အခုတော့…မေမေရယ်ဆယ့်တစ်နှစ်အရွယ် နေမကောင်းဖြစ်တဲ့ မေမေ့သား မေမေ ပေးလိုက်တဲ့ သိုးမွေးစောင်

ကြားမှာ မေမေ့ရင်ခွင်အမှတ်နဲ့ အံကိုကျိတ် မှေးစက်စွာ…အိပ်နေရသူပါ မေမေရယ်။

ဒါပေမဲ့…စိတ်ချပါ မေမေ မေမေဖြစ်ချင်တဲ့ ရဟန်းဘဝသား ရကို ရရစေမယ် မေမေ ။ မေမေဖြစ်ချင်တဲ့ သာသနာပြုရဟန်းတစ်ပါးသားဖြစ်

အောင် ကြိုးစားမယ် မေမေ ။မြတ်ဗုဒ္ဓသာသနာအရှည်ခန့်တည်တံ့ဖို့နဲ့ ဒါကာ ဒါယကာမတွေရဲ့ နှလုံးသားထဲအသိတရားတွေ……စွဲ

သတိတရားတွေ……မြဲ ဂတိအလားတွေ……မလွဲ စေဖို့ စာ ဘယ်လောက် ခက်ခက်…စိတ်မပျက် ကြိတ်လျက်အော်ကာ……သား ပျော်ပါမည်။

မေမေ့သားဟာ သာသနာအတွက်………စာ ပျော်ငှက် မေမေ့သားဟာ သာသနာအတွက် စာ ပျော်ဌက် မေမေ့သားဟာ သာသနာ

အတွက်…စာပျော်ဌက် သားဟာ စာပျော်ဌက်လေးတစ်ကောင်ဖြစ်ရပါစေ့မယ် မေမေရယ်

စာသင်သားကိုရင်ငယ်လေးများ၏ဘဝ နှလုံးသားနှင့်ရင်း၍ ရေးချသည်။

တက္ကသိုလ် အရှင်ပညာမှ ကူးယူဖော်ပြသည်