ဆယ်လီသတင်း
လူငယ်လေးတစ်ယောက်လို ပြန်ဖြစ်သွားတဲ့ ပရဟိတ မင်းသားကြီး ဦးကျော်သူ
Read in UNICODE
ကျော်သူကတော့ အဖြူအမည်း ဖလင်ခေတ်ကတည်းကနေ အခုချိန်ထိတိုင် အနုပညာလောကမှာ အောင်မြင်မှုများစွာနဲ့ နေရာ
ယူထားနိုင်ဆဲ ဖြစ်ပါတယ်။ ကျော်သူက အကယ်ဒမီဆုတွေများစွာကို လက်ဝယ်ပိုင်ဆိုင်ထားပြီး အသက်အရွယ်တစ်ခုရောက်ရှိလာ
ချိန်မှာတော့ နာရေးကူညီမှုအသင်း(ရန်ကုန်) ကိုဦးဆောင်ပြီး ပရဟိတအလုပ်တွေကို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
ကျော်သူက အခုဆိုရင် အသက်ခြောက်ဆယ်ကျော်အရွယ်ကိုရောက်နေပြီဆိုပေမယ့် သူမြတ်နိုးတဲ့ အနုပညာအလုပ်နဲ့ ပရဟိတအလုပ်
တွေကို စွမ်းစွမ်းတမံလုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ကျော်သူက သူ့ထက်သမ္ဘာရင့်၊ ဝါရင့် သရုပ်ဆောင် မင်းသား
မင်းသမီးကြီးတွေဖြစ်တဲ့ ခင်သန်းနု၊ ညွှန့်ဝင်းတို့နဲ့ အတူတူဆုံတွေ့ခဲ့ပါတယ်။
ကျော်သူက “ဒီမနက်ကတော့ ကောင်းချစ်တဲ့မမ နဲ့ ဗန်တိုလူလေး နဲ့ အမှတ်တရပေါ့ဗျာ။” ဆိုပြီး မင်းသမီးကြီးခင်သန်းနု၊ မင်းသားကြီး
ညွှန့်ဝင်းတို့နဲ့အမှတ်တရ ပုံလေးတွေကို မျှဝေပေးထားပါတယ်။ ကျော်သူကတော့ သူ့ထက်စီနီယာကျတဲ့ အစ်ကိုအစ်မတွေနဲ့
ပြန်လည်ဆုံတွေ့တဲ့အခါ လူငယ်လေးတစ်ယောက်လို ပြန်ဖြစ်သွားတာကို တွေ့မြင်ရပါတယ်။
ပရိသတ်ကြီးလည်း တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့ပြီး ယနေ့ထက်တိုင် လွှမ်းမိုးမှုရှိနေသေးတဲ့
မင်းသားကြီး၊ မင်းသမီးကြီးတို့ကို ပြန်လည်မြင်တွေ့ရလို့ ကျေနပ်ကြမယ်လို့မျှော်လင့်ပါတယ်။
Source : Kyaw Thu’s Facebook