ျပည္တြင္းသတင္း

သမီးရည္းစား စုံတြဲအား မႏၲေလးၿမိဳ့လယ္္ေခါင္တြင္္ ပစ္ခတ္သူ ဖမ္းမိိ

မႏၲေလးၿမိဳ႕လယ္ေကာင္တြင္ ဆိုင္ကယ္စီးလာသူ စုံတြဲအား ရည္းစားေဟာင္းမွ ေသနတ္ျဖင့္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ရာ က်ဴးလြန္

ရာတြင္ ပါဝင္ခဲ့သူ ေလးဦးကို ဖမ္းဆီးရမိ
~~~~~~~~~~~~~~~~~~~~~
28 , JUNE , 2020

မႏၲေလးၿမိဳ႕လယ္ေကာင္ ၂၆ ဘီ လမ္းေပၚတြင္ ညအခ်ိန္၌ ဆိုင္ကယ္စီးလာသူ စုံတြဲအား ရည္းစားေဟာင္းမွ ေသနတ္ျဖင့္ ပစ္ခတ္

မႈျဖစ္ပြားခဲ့ရာ က်ဴးလြန္ရာတြင္ ပါဝင္ခဲ့သူ ေလးဦးကို ဖမ္းဆီး ရမိၿပီျဖစ္ေၾကာင္း တိုင္းရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

“ဟုတ္ကဲ့ ေသနတ္နဲ႔ပစ္တဲ့သူကို ဖမ္းမိပါၿပီ။စုစုေပါင္း ေလးေယာက္ေပါ့။ သိရသေလာက္ေတာ့ ေသနတ္နဲ႔ပစ္ခံရတဲ့ေကာင္ေလးရဲ႕

ေကာင္မေလးနဲ႔ ရည္းစားေဟာင္းေတြလို႔ သိရပါတယ္။ လတ္တေလာ စစ္ၿပီးသေလာက္ေပါ့။ ေသနတ္ေတြဘယ္ကရတယ္ ဘာညာဆို

တာကေတာ့ အကုန္ျပန္စစ္ၿပီးမွပဲ သိရမွာ။ညေနထဲက ေကာင္ေလးေတြက ေခါင္ရည္ေတြဘာေတြေသာက္ထားၿပီး လမ္းမွာ သူ႔

ရည္းစားေဟာင္းကိုေတြ႕လိုက္လို႔ ပစ္တယ္လို႔ေျပာတာပဲ”ဟု တိုင္းရဲတပ္ဖြဲ႕မႉး႐ုံး မႈခင္းအကူဌာနစိတ္ တာဝန္ခံ ရဲအုပ္ ဝင္းေက်ာ္

ဦးက တရားခံ ဖမ္းဆီးရမိမႈႏွင့္ပတ္သက္ၿပီး ေျပာၾကားခဲ့သည္။

ဇြန္လ၂၇ ရက္ ည ၈ နာရီခန႔္က ၂၆ ဘီ လမ္း ၇၈ လမ္းႏွင့္ ၇၉ လမ္းၾကားတြင္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၌ ေနထိုင္သည့္ ေမာင္မိုး

ဟိန္းကို ေမာင္းႏွင္လာသည့္ဆိုင္ကယ္ႏွင့္ အနီးကပ္ေဘးမွရွိသည့္ အျခားဆိုင္ကယ္ေပၚမွ အမ်ိဳးသားႏွစ္ဦးက ပစ္ခတ္ခဲ့

မႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

” ကြၽန္ေတာ့္ သားေလးက ဆိုင္ကယ္ေမာင္းလာတာ။ သူ႔ေနာက္မွာ သူငယ္ခ်င္းက ထိုင္လိုက္လာတယ္။ အဲဒီအခ်ိန္ ေဘးအနားက

ဆိုင္ကယ္ေပၚကေန ေသနတ္နဲ႔ အနားကပ္ၿပီး ေတ့ပစ္သြားတာပါ။ နံၾကားထဲ ဝင္သြားတာ။ က်ည္ဆန္ဝင္သြားေပမယ့္ အသက္အႏၲ

ရယ္ မစိုးရိမ္ရပါဘူး။ ခြဲစိတ္ဖို႔ ျပဳလုပ္ေနပါတယ္။ တရားခံေတြမိၿပီလို႔လည္း ၾကားတယ္”ဟု ေသနတ္ျဖင့္ ပစ္ခတ္ခံရသူ၏ဖခင္ ဦးခင္

ေမာင္လြင္က ေျပာၾကားခဲ့သည္။

ထိုသို႔ ေသနတ္ျဖင့္ ပစ္ခတ္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ဖခင္ျဖစ္သူက ေအာင္ေျမသာစံၿမိဳ႕နယ္ အမွတ္(၂) နယ္ေျမရဲစခန္းတြင္

ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ၃၀၇/၃၂၆ ျဖင့္ အမႈဖြင့္ထားၿပီး စစ္ေဆးလ်က္ရွိသည္ဟု သိရသည္။

Unicode

မန္တလေးမြို့လယ်ကောင်တွင် ဆိုင်ကယ်စီးလာသူ စုံတွဲအား ရည်းစားဟောင်းမှ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ကျူးလွန်

ရာတွင် ပါဝင်ခဲ့သူ လေးဦးကို ဖမ်းဆီးရမိ
~~~~~~~~~~~~~~~~~~~~~
28 , JUNE , 2020

မန္တလေးမြို့လယ်ကောင် ၂၆ ဘီ လမ်းပေါ်တွင် ညအချိန်၌ ဆိုင်ကယ်စီးလာသူ စုံတွဲအား ရည်းစားဟောင်းမှ သေနတ်ဖြင့် ပစ်ခတ်

မှုဖြစ်ပွားခဲ့ရာ ကျူးလွန်ရာတွင် ပါဝင်ခဲ့သူ လေးဦးကို ဖမ်းဆီး ရမိပြီဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

“ဟုတ်ကဲ့ သေနတ်နဲ့ပစ်တဲ့သူကို ဖမ်းမိပါပြီ။စုစုပေါင်း လေးယောက်ပေါ့။ သိရသလောက်တော့ သေနတ်နဲ့ပစ်ခံရတဲ့ကောင်လေးရဲ့

ကောင်မလေးနဲ့ ရည်းစားဟောင်းတွေလို့ သိရပါတယ်။ လတ်တလော စစ်ပြီးသလောက်ပေါ့။ သေနတ်တွေဘယ်ကရတယ် ဘာညာဆို

တာကတော့ အကုန်ပြန်စစ်ပြီးမှပဲ သိရမှာ။ညနေထဲက ကောင်လေးတွေက ခေါင်ရည်တွေဘာတွေသောက်ထားပြီး လမ်းမှာ သူ့

ရည်းစားဟောင်းကိုတွေ့လိုက်လို့ ပစ်တယ်လို့ပြောတာပဲ”ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစိတ် တာဝန်ခံ ရဲအုပ် ဝင်းကျော်

ဦးက တရားခံ ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

ဇွန်လ၂၇ ရက် ည ၈ နာရီခန့်က ၂၆ ဘီ လမ်း ၇၈ လမ်းနှင့် ၇၉ လမ်းကြားတွင် ပြည်ကြီးတံခွန်မြို့နယ်၌ နေထိုင်သည့် မောင်မိုး

ဟိန်းကို မောင်းနှင်လာသည့်ဆိုင်ကယ်နှင့် အနီးကပ်ဘေးမှရှိသည့် အခြားဆိုင်ကယ်ပေါ်မှ အမျိုးသားနှစ်ဦးက ပစ်ခတ်ခဲ့

မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

” ကျွန်တော့် သားလေးက ဆိုင်ကယ်မောင်းလာတာ။ သူ့နောက်မှာ သူငယ်ချင်းက ထိုင်လိုက်လာတယ်။ အဲဒီအချိန် ဘေးအနားက

ဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ အနားကပ်ပြီး တေ့ပစ်သွားတာပါ။ နံကြားထဲ ဝင်သွားတာ။ ကျည်ဆန်ဝင်သွားပေမယ့် အသက်အန္တ

ရယ် မစိုးရိမ်ရပါဘူး။ ခွဲစိတ်ဖို့ ပြုလုပ်နေပါတယ်။ တရားခံတွေမိပြီလို့လည်း ကြားတယ်”ဟု သေနတ်ဖြင့် ပစ်ခတ်ခံရသူ၏ဖခင် ဦးခင်

မောင်လွင်က ပြောကြားခဲ့သည်။

ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဖခင်ဖြစ်သူက အောင်မြေသာစံမြို့နယ် အမှတ်(၂) နယ်မြေရဲစခန်းတွင်

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ၃၀၇/၃၂၆ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးလျက်ရှိသည်ဟု သိရသည်။