ျပည္တြင္းသတင္း

ရဲတပ္သားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးကိုစိတ္ႂကြေဆးျပားမ်ားႏွင့္အတူ ေရႊကူၿမိဳ့တြင္ ဖမ္းဆီးရမိ

ေရႊကူၿမိဳ့တြင္ ရဲတပ္သားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးကိုစိတ္ႂကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိ

ေရႊကူ၊ ဇြန္လ ၂၈/၂၀၂၀

ကခ်င္ျပည္နယ္၊ ေရႊကူၿမိဳ့တြင္ လူေနအိမ္ တစ္အိမ္အား

မူးယစ္သတင္းအရဝင္ေရာက္ရွာေဖြခဲ့ၾကရာ စိတ္ႂကြ႐ူးသြပ္ ေဆးျပားမ်ား ဖမ္းဆီးရမိေၾကာင္း မူးယစ္ေဆးဝါး ရွာေဖြေရးအဖြဲ႕ထံမွ သိရသည္။

ဗန္းေမာ္ခရိုင္ ရဲတပ္ဖြဲ႕မွုခင္း ႏွိမ္ႏွင္းေရးဌာနစု မွ ရဲအုပ္ ရဲသူ ဦးစီးအဖြဲ႕၊ ေရႊကူၿမိဳ့မရဲစခန္းမွ နယ္ထိန္း

ဒုရဲအုပ္ ေသာင္းထြဋ္ေအာင္အဖြဲ႕က သက္ေသမ်ားႏွင့္အတူေရႊကူၿမိဳ့၊ အမွတ္ ၁ရပ္ကြက္ မႏြယ္ႏြယ္ဝင္း ေနအိမ္သို့

ဇြန္လ ၂၇ ရက္ေန႔နံနက္ ၁၁ နာရီခြဲခန႔္က ဝင္ေရာက္ရွာေဖြရာ ေနအိမ္တြင္ မႏြယ္ႏြယ္ဝင္းႏွင့္ ရဲတပ္သား အာကာထက္မင္း တို့ကို

ေတြ႕ရွိခဲ့ရေၾကာင္း ဆိုသည္။

၎တို့ကို စစ္ေဆးရွာေဖြရာ မႏြယ္ႏြယ္ဝင္းကိုင္ေဆာင္ထားသည့္ မိန္းမဝတ္ အတြင္းခံေဘာင္းဘီျဖင့့္လိပ္၍ထားေသာ အိတ္ငယ္အတြင္းမွ

စိတ္ႂကြေဆးျပား ၁၇ျပား၊ ေနအိမ္ေလွခါးတက္အုတ္ခုံ ယာဘက္ေဘး ေျမႀကီးတြင္ ျမႇုတ္ထားေသာ ႂကြပ္ႂကြပ္အိတ္အတြင္းမွ စိတ္ႂကြေဆး

ျပား ၉၅၀ ျပား စုစုေပါင္း ၉၆၇ျပားႏွင့္မူးယစ္စိတ္ႂကြေဆးျပား သုံးစြဲရာေသာ အသုံးျပဳေသာ ဆက္စပ္ပစၥည္းမ်ားတို့ကို ဖမ္းဆီးရမိေၾကာင္း

ဆိုသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပစ္မွုက်ဴးလြန္သူဟုယူဆရေသာ မႏြယ္ႏြယ္ဝင္း (၃၇ ႏွစ္)၊ အမွတ္ ၁ရပ္ကြက္၊

ေရႊကူးၿမိဳ့ေနထိုင္သူႏွင့္ ရဲတပ္သားအာကာထက္မင္း (၂၇ႏွစ္)၊ ေရႊကူၿမိဳ့မရဲစခန္း၊ အမွတ္(၂)ရပ္ကြက္ ေမာ္လၿမိဳင္ရပ္၊

ေရႊကူၿမိဳ့ေနသူတို့ကို ေရႊကူၿမိဳ့မရဲစခန္းမွ မယ(ပ)၂၀/၂၀၂၀၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က) /၂၁တို့ျဖင့္အမွုဖြင့္ စစ္ေဆး

ေဆာင္ရြက္လၽွက္ရွိေၾကာင္း စုံစမ္းသိရွိရသည္။

ေရႊၿခံသား(ဗန္းေမာ္)

Top Phoenix Media Group

Unicode

ရွှေကူမြို့တွင် ရဲတပ်သားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကိုစိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိ

ရွှေကူ၊ ဇွန်လ ၂၈/၂၀၂၀

ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် လူနေအိမ် တစ်အိမ်အား

မူးယစ်သတင်းအရဝင်ရောက်ရှာဖွေခဲ့ကြရာ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါး ရှာဖွေရေးအဖွဲ့ထံမှ

သိရသည်။

ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှုခင်း နှိမ်နှင်းရေးဌာနစု မှ ရဲအုပ် ရဲသူ ဦးစီးအဖွဲ့၊ ရွှေကူမြို့မရဲစခန်းမှ နယ်ထိန်း

ဒုရဲအုပ် သောင်းထွဋ်အောင်အဖွဲ့က သက်သေများနှင့်အတူရွှေကူမြို့၊ အမှတ် ၁ရပ်ကွက် မနွယ်နွယ်ဝင်း နေအိမ်သို့

ဇွန်လ ၂၇ ရက်နေ့နံနက် ၁၁ နာရီခွဲခန့်က ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် မနွယ်နွယ်ဝင်းနှင့် ရဲတပ်သား အာကာထက်မင်း တို့

ကိုတွေ့ရှိခဲ့ရကြောင်း ဆိုသည်။

၎င်းတို့ကို စစ်ဆေးရှာဖွေရာ မနွယ်နွယ်ဝင်းကိုင်ဆောင်ထားသည့် မိန်းမဝတ် အတွင်းခံဘောင်းဘီဖြင့်လိပ်၍ထားသော အိတ်ငယ်

အတွင်းမှ

စိတ်ကြွဆေးပြား ၁၇ပြား၊ နေအိမ်လှေခါးတက်အုတ်ခုံ ယာဘက်ဘေး မြေကြီးတွင် မြှုတ်ထားသော ကြွပ်ကြွပ်အိတ်အတွင်းမှ

စိတ်ကြွဆေး

ပြား ၉၅၀ ပြား စုစုပေါင်း ၉၆၇ပြားနှင့်မူးယစ်စိတ်ကြွဆေးပြား သုံးစွဲရာသော အသုံးပြုသော ဆက်စပ်ပစ္စည်းများတို့ကို ဖမ်းဆီးရမိ

ကြောင်း ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟုယူဆရသော မနွယ်နွယ်ဝင်း (၃၇ နှစ်)၊ အမှတ် ၁ရပ်ကွက်၊

ရွှေကူးမြို့နေထိုင်သူနှင့် ရဲတပ်သားအာကာထက်မင်း (၂၇နှစ်)၊ ရွှေကူမြို့မရဲစခန်း၊ အမှတ်(၂)ရပ်ကွက် မော်လမြိုင်ရပ်၊

ရွှေကူမြို့နေသူတို့ကို ရွှေကူမြို့မရဲစခန်းမှ မယ(ပ)၂၀/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က) /၂၁တို့ဖြင့်အမှုဖွင့် စစ်ဆေး

ဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ရွှေခြံသား(ဗန်းမော်)

Top Phoenix Media Group