အထွေထွေဗဟုသုတ

အရွင္ပုည( ဝကုန္း )၏ ေစတနာ မွန္ရင္ ေရာင္ျပန္ဟပ္တယ္

ေစတနာ မွန္ရင္ ေရာင္ျပန္ဟပ္တယ္
*********************************
ဖတ္ၾကည့္ေနာ္…

တစ္ေန႔မွာေပါ့…ဆင္းရဲသားေကာင္ေလး တစ္ေယာက္ ဟာ

တစ္အိမ္တက္ တစ္အိမ္ဆင္းၿပီး သူေက်ာင္းတက္ဖို႔အတြက္

ႏြားႏို႔ကို လိုက္ေရာင္းေနပါတယ္။

လိုက္ေရာင္းရင္း ဗိုက္က ဆာလာသတဲ့။

ႏြားႏို႔က စက္႐ုံထုတ္ျဖစ္တဲ့ အတြက္ေဖာက္ေသာက္ရင္

ပိုက္ဆံက ေပးစရာမရွိ။ လူမိရင္လည္း

အလုပ္ရွင္က အလုပ္ျဖဳတ္ႏိုင္တယ္။

အဲဒါေၾကာင့္ အိမ္တစ္အိမ္မွာေရတစ္ခြက္ေတာင္းေသာက္လိုက္ပါတယ္။

အိမ္ရွင္မက…ဆင္းရဲသားေကာင္ေလးကို ၾကည့္ၿပီးေကာင္ေလး

ဗိုက္ဆာေနမွန္းသိေတာ့ေကာင္ေလးေရာင္းတဲ့ ႏြားႏို႔ကိုဝယ္ၿပီး

ခြက္ထဲထည့္ကာေကာင္ေလးကို တိုက္လိုက္တယ္။

ေကာင္ေလးကျဖည္းျဖည္းခ်င္း ေသာက္ၿပီး

ကြၽန္ေတာ့္မွာ…အန္တီ့ဆီက အေႂကြး

ဘယ္ေလာက္ရွိသြားသလဲ ခင္ဗ်ာလို႔ေမးတယ္။

အိမ္ရွင္မကလည္းဘာ အေႂကြးမွ မရွိပါဘူး ကေလးရယ္

လို႔ျပန္ေျဖတယ္။

ေနာက္တစ္ခါေကာင္ေလးက ေျပာတယ္။

အေမက မွာထားတယ္ဘယ္သူဆီကမွ

ဘယ္ေတာ့မွအလကား မယူရဘူး တဲ့။

အဲဒါနဲ႔ အိမ္ရွင္မက ၿပဳံးၿပီးအန္တီရဲ႕ အေမကလည္း

အၾကင္နာတရားေၾကာင့္ျဖစ္လာတဲ့ေစတနာဆီက

ပိုက္ဆံ မယူဖို႔ သင္ျပထားပါတယ္ကေလး လို႔

ျပန္ေျဖေပးလိုက္ပါတယ္။

ေကာင္ေလးကလည္း…

ဒါဆိုရင္ေတာ့ကြၽန္ေတာ့္ရဲ႕ ႏွလုံးသားကိုအရင္းတည္ၿပီး

ေက်းဇူး တင္ပါတယ္ ခင္ဗ်ာ လို႔ေျပာၿပီး

အိမ္ရွင္မကို ေသခ်ာၾကည့္ကာႏႈတ္ဆက္ၿပီး

သူ႔ ႏြားႏို႔ကိုဆက္ေရာင္းၿပီး ျပန္သြားခဲ့ပါတယ္။

အဲဒီလိုနဲ႔ႏွစ္ေတြေတာ္ေတာ္ ၾကာသြားေတာ့

အဲဒီ အိမ္ရွင္မဟာ႐ုတ္တ႐ုက္ အျပင္းဖ်ားပါေတာ့တယ္။

ေရာဂါကလည္း ရွာမေတြ႕ဆိုေတာ့ၿမိဳ႕ႀကီးကို ပို႔ၿပီး

အထူးကု ဆရာဝန္ႀကီးေတြဆီမွာကုသရတာေပါ့…

အဲဒီမွာအထူးကု Dr. Howard Kelly

(1858-1943) ကအိမ္ရွင္မကို ၾကည့္ၿပီး

ခ်က္ခ်င္းပဲသူတတ္သမွ်အစြမ္းကုန္ ကုသေပးပါတယ္။

ေနာက္ဆုံး အိမ္ရွင္မဟာျပန္လည္ က်န္းမာလာတယ္ေလ။

အိမ္ရွင္မရဲ႕ ေယာက္်ားကကြယ္လြန္သြားခဲ့ၿပီျဖစ္တဲ့ အတြက္

ေဆးဖိုးေတြအားလုံးအတြက္ ေပးစရာေငြကိုသူ႔ညီမမွ

အိမ္ကိုေရာင္းၿပီး ေပးဖို႔သူမကို အႀကံေပးေလေတာ့

အိမ္ရွင္မကလည္းအဲဒီလိုပဲ လုပ္ရတာေပါ့ ဆိုၿပီး

ေဆး႐ုံ counter မွာက်သင့္ေငြ ဘယ္ေလာက္လဲ ဆိုတာ

သြားေမးၾကပါတယ္။

အဲဒီေတာ့ counter မွစာ႐ြက္ေလး တစ္႐ြက္ သူ႔ကို

ေပးလိုက္တယ္။

အဲဒီစာ႐ြက္မွာ ေရးထားတာက…

“Paid in full with one

glass of milk ” .

အဲဒါကို ဖတ္ၿပီးသူမ သေဘာေပါက္သြားခဲ့တယ္။

သူ တစ္ခ်ိန္က ကူညီခဲ့တဲ့ေကာင္ေလးဟာ

ဒီ အထူးကု ဆရာဝန္ ျဖစ္ေနတယ္ဆိုတာပါ။

ေစတနာဆိုတာ…အၿမဲတမ္း ေရာင္ျပန္ဟပ္ပါတယ္။

ကိုယ့္ေစတနာသာ မွန္ပါေစႏွစ္ေတြ လေတြ ၾကာေသာ္လည္း

ေရာင္ျပန္ဟပ္ေစပါတယ္။

အားလုံးေသာဓမၼ မိတ္ေဆြမ်ား…

ေစတနာမွန္ရင္ ေရာင္ျပန္ဟပ္တာကို

ယုံၾကည္လိုက္ၾကပါ။

Credit

ေမတၱာျဖင့္…

အရွင္ပုည( ဝကုန္း )

Unicode

စေတနာ မှန်ရင် ရောင်ပြန်ဟပ်တယ်
*********************************
ဖတ်ကြည့်နော်…

တစ်နေ့မှာပေါ့…ဆင်းရဲသားကောင်လေး တစ်ယောက် ဟာ

တစ်အိမ်တက် တစ်အိမ်ဆင်းပြီး သူကျောင်းတက်ဖို့အတွက်

နွားနို့ကို လိုက်ရောင်းနေပါတယ်။

လိုက်ရောင်းရင်း ဗိုက်က ဆာလာသတဲ့။

နွားနို့က စက်ရုံထုတ်ဖြစ်တဲ့ အတွက်ဖောက်သောက်ရင်

ပိုက်ဆံက ပေးစရာမရှိ။ လူမိရင်လည်း

အလုပ်ရှင်က အလုပ်ဖြုတ်နိုင်တယ်။

အဲဒါကြောင့် အိမ်တစ်အိမ်မှာရေတစ်ခွက်တောင်းသောက်လိုက်ပါတယ်။

အိမ်ရှင်မက…ဆင်းရဲသားကောင်လေးကို ကြည့်ပြီးကောင်လေး

ဗိုက်ဆာနေမှန်းသိတော့ကောင်လေးရောင်းတဲ့ နွားနို့ကိုဝယ်ပြီး

ခွက်ထဲထည့်ကာကောင်လေးကို တိုက်လိုက်တယ်။

ကောင်လေးကဖြည်းဖြည်းချင်း သောက်ပြီး

ကျွန်တော့်မှာ…အန်တီ့ဆီက အကြွေး

ဘယ်လောက်ရှိသွားသလဲ ခင်ဗျာလို့မေးတယ်။

အိမ်ရှင်မကလည်းဘာ အကြွေးမှ မရှိပါဘူး ကလေးရယ်

လို့ပြန်ဖြေတယ်။

နောက်တစ်ခါကောင်လေးက ပြောတယ်။

အမေက မှာထားတယ်ဘယ်သူဆီကမှ

ဘယ်တော့မှအလကား မယူရဘူး တဲ့။

အဲဒါနဲ့ အိမ်ရှင်မက ပြုံးပြီးအန်တီရဲ့ အမေကလည်း

အကြင်နာတရားကြောင့်ဖြစ်လာတဲ့စေတနာဆီက

ပိုက်ဆံ မယူဖို့ သင်ပြထားပါတယ်ကလေး လို့

ပြန်ဖြေပေးလိုက်ပါတယ်။

ကောင်လေးကလည်း…

ဒါဆိုရင်တော့ကျွန်တော့်ရဲ့ နှလုံးသားကိုအရင်းတည်ပြီး

ကျေးဇူး တင်ပါတယ် ခင်ဗျာ လို့ပြောပြီး

အိမ်ရှင်မကို သေချာကြည့်ကာနှုတ်ဆက်ပြီး

သူ့ နွားနို့ကိုဆက်ရောင်းပြီး ပြန်သွားခဲ့ပါတယ်။

အဲဒီလိုနဲ့နှစ်တွေတော်တော် ကြာသွားတော့

အဲဒီ အိမ်ရှင်မဟာရုတ်တရုက် အပြင်းဖျားပါတော့တယ်။

ရောဂါကလည်း ရှာမတွေ့ဆိုတော့မြို့ကြီးကို ပို့ပြီး

အထူးကု ဆရာဝန်ကြီးတွေဆီမှာကုသရတာပေါ့…

အဲဒီမှာအထူးကု Dr. Howard Kelly

(1858-1943) ကအိမ်ရှင်မကို ကြည့်ပြီး

ချက်ချင်းပဲသူတတ်သမျှအစွမ်းကုန် ကုသပေးပါတယ်။

နောက်ဆုံး အိမ်ရှင်မဟာပြန်လည် ကျန်းမာလာတယ်လေ။

အိမ်ရှင်မရဲ့ ယောက်ျားကကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အတွက်

ဆေးဖိုးတွေအားလုံးအတွက် ပေးစရာငွေကိုသူ့ညီမမှ

အိမ်ကိုရောင်းပြီး ပေးဖို့သူမကို အကြံပေးလေတော့

အိမ်ရှင်မကလည်းအဲဒီလိုပဲ လုပ်ရတာပေါ့ ဆိုပြီး

ဆေးရုံ counter မှာကျသင့်ငွေ ဘယ်လောက်လဲ ဆိုတာ

သွားမေးကြပါတယ်။

အဲဒီတော့ counter မှစာရွက်လေး တစ်ရွက် သူ့ကို

ပေးလိုက်တယ်။

အဲဒီစာရွက်မှာ ရေးထားတာက…

“Paid in full with one

glass of milk ” .

အဲဒါကို ဖတ်ပြီးသူမ သဘောပေါက်သွားခဲ့တယ်။

သူ တစ်ချိန်က ကူညီခဲ့တဲ့ကောင်လေးဟာ

ဒီ အထူးကု ဆရာဝန် ဖြစ်နေတယ်ဆိုတာပါ။

စေတနာဆိုတာ…အမြဲတမ်း ရောင်ပြန်ဟပ်ပါတယ်။

ကိုယ့်စေတနာသာ မှန်ပါစေနှစ်တွေ လတွေ ကြာသော်လည်း

ရောင်ပြန်ဟပ်စေပါတယ်။

အားလုံးသောဓမ္မ မိတ်ဆွေများ…

စေတနာမှန်ရင် ရောင်ပြန်ဟပ်တာကို

ယုံကြည်လိုက်ကြပါ။

Credit

မေတ္တာဖြင့်…

အရှင်ပုည( ဝကုန်း )