ဆယ္လီသတင္း

ဒီလိုမ်ိဳးေဈးေရာင္းရလိမ့္မယ္လို႔မထင္ခဲ့ဘူး ရွက္မိပါတယ္ ဆိုတဲ့ သ႐ုပ္ေဆာင္အကယ္ဒမီခင္မို႔မို႔ေအး

ဒီလိုမ်ိဳးေဈးေရာင္းရလိမ့္မယ္လို႔မထင္ခဲ့ဘူး ရွက္မိပါတယ္ ဆိုတဲ့ သ႐ုပ္ေဆာင္အကယ္ဒမီခင္မို႔မို႔ေအး(႐ုပ္/သံ)ခင္မို႔မို႔ေအးေဟ့ဆိုလိုက္ရင္

ျမန္မာ့႐ုပ္ရွင္ခ်စ္ပရိသတ္ႀကီးရဲ႕မ်က္လုံးထဲမွာ မ်က္ဝါးထင္ထင္ေပၚလာတာကေတာ့ ထမီစြန္ေတာင္ဆြဲၿပီး တစ္အိမ္တက္တစ္အိမ္ဆင္းအေႂကြး

လိုက္ေတာင္းတဲ့မိန္းမႀကီးအျဖစ္တစ္ဖုံ၊ရပ္ကြက္ထဲမွာ အတင္းအဖ်င္းေပါင္းစုံေျပာတဲ့မိန္းမႀကီးေနရာကတစ္သြယ္၊ မင္းသမီးကိုေအာ္ေၾကာ

လန္ေအာင္ႏွိပ္စက္ညႇဥ္းဆဲတဲ့မိေထြးေနရာက မုန္းစရာမိန္းမႀကီးအျဖစ္တစ္ဖုံ ျမင္မိၾကမွာပါ။ ခင္မို႔မို႔ေအးရဲ႕အမ်ားဆုံး႐ိုက္ရတဲ့ပုံစံေတြကလည္း

ဒါေတြပဲကိုေလ။ မၾကာေသးမီက မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာေတာ့ ခင္မို႔မို႔ေအးကဗီလိန္ေနရာေတြမွာအမ်ားဆုံးသ႐ုပ္ေဆာင္ျဖစ္ရျခင္းအ

ေၾကာင္းကိုဖြင့္ဟလာခဲ့ပါတယ္။အန္တီခင္မို႔မို႔ေအးက အစကေတာ့ ဝါသနာပါလို႔႐ိုက္ေပမယ့္ ေနာက္ပိုင္းမွာအိမ္စားရိတ္ေတြကာမိေအာင္ေရာ

ဝါသနာပါတာေရာေၾကာင့္ဆက္႐ိုက္ေနျဖစ္ေၾကာင္းကို “အမွန္အတိုင္းေျပာတာပါ။ ပထမကေတာ့ ဝါသနာပါလို႔ိ့႐ိုက္တာ။ေနာက္က်ေတာ့

တီတီ့မွာသမီးေလးေတြရွိတယ္ေလ။ သမီးေလးေတြရဲ႕ေက်ာင္းစားရိတ္ေတြ အိမ္စားရိတ္ေတြ ရွိတဲ့အခါက်ေတာ့ ပိုက္ဆံရဖို႔လည္းအေရးႀကီးတဲ့

အခါက်ေတာ့ မုန္းစရာေကာင္းတာက သူ႔ဘာသူကားထြက္မွ မုန္းခ်င္မုန္း ေအာ္ခ်င္ေအာ္ ဆဲခ်င္ဆဲေန တီတီမၾကားရဘူးေလ။ ေလာေလာဆ

ယ္အေရးႀကီးတာက ပိုက္ဆံရဖို႔အေရးႀကီးတယ္ဆိုေတာ့ ႐ိုက္ျဖစ္ပါတယ္”လို႔ေျပာထာားပါတယ္။အစက ဗီလိန္ဇာတ္႐ုပ္႐ိုက္ရတာမ်ားေပမယ့္

အသက္ရလာတဲ့အခါမွာေတာ့ ဒရာမာဘက္လည္းကူးလာေၾကာင္းကို “အခုေနာက္ပိုင္းအသက္အ႐ြယ္ရလာေတာ့ ဒီလိုကားေတြလည္းငွားပါ

တယ္။ ဒရာမာေတြဘက္ကိုငွားလာတာလည္းမ်ားတာေပါ့။ဒီအ႐ြယ္နဲ႔လည္း ကတ္ကတ္လန္ၿပီးရန္ျဖစ္ရမယ့္ဟာမ်ိဳးလည္းမဟုတ္ေတာ့။ ဗီလိန္

ဇာတ္႐ုပ္ေတြကိုမငွားဘူးမဟုတ္ပါဘူး။ ငွားပါတယ္။ ျပတ္ျပတ္ေတာက္ေတာက္ႀကီးေတာ့ မျဖစ္သြားဘူးေပါ့။ ဒရာမာေလးေတြလည္းငွားတယ္။

မွ်မွ်တတေလးျဖစ္လာတာေပါ့”လို႔ေျပာျပထားပါတယ္။႐ုပ္ရွင္ထဲမွာ ကတ္ကတ္လန္တတ္ေပမယ့္အျပင္မွာေတာ့မလန္ေၾကာင္းကို အန္တီက

“အျပင္မွာေတာ့ မလန္ပါဘူး။ ငယ္ငယ္တုန္းကေတာ့ လန္တယ္။ ငယ္ငယ္ကေတာ့ ဆိုးတယ္။ ငယ္ငယ္တုန္းက ကိုယ့္ကိုတစ္ခ်က္လုပ္ရင္

ကိုယ္ကႏွစ္ခ်က္ေလာက္ျပန္လုပ္ခ်င္တာ။ ႀကီးလာေတာ့ ဒါေတြကမေကာင္းဘူးဆိုတာ သိလာတယ္”လို႔ ေျပာထားပါတယ္။

https://youtu.be/g

လက္ရွိမွာ ဆိုရင္ေတာ့ဆက္ၿပီးေတာ့ရပ္တည္လို႔ရေအာင္ ခ်ဥ္ေပါင္ေၾကာ္နဲ႔ ငံျပာရည္ေၾကာ္ရယ္၊ ငပိေတာင္းေလးရယ္ကို သ႐ုပ္ေဆာင္

အကယ္ဒမီ ခင္မို႔မို႔ေအး ကိုယ္တိုင္ ေရာင္းေနရပါတယ္။ အားေပးလိုက္ၾကမယ္ေနာ္။

#ခင္မို႔မို႔ေအး

ဒီလိုမျိုးဈေးရောင်းရလိမ့်မယ်လို့မထင်ခဲ့ဘူး ရှက်မိပါတယ် ဆိုတဲ့ သရုပ်ဆောင်အကယ်ဒမီခင်မို့မို့အေး(ရုပ်/သံ)ခင်မို့မို့အေးဟေ့ဆိုလိုက်

ရင် မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်ကြီးရဲ့မျက်လုံးထဲမှာ မျက်ဝါးထင်ထင်ပေါ်လာတာကတော့ ထမီစွန်တောင်ဆွဲပြီး တစ်အိမ်တက်တစ်

အိမ်ဆင်းအကြွေးလိုက်တောင်းတဲ့မိန်းမကြီးအဖြစ်တစ်ဖုံ၊ရပ်ကွက်ထဲမှာ အတင်းအဖျင်းပေါင်းစုံပြောတဲ့မိန်းမကြီးနေရာကတစ်သွယ်၊

မင်းသမီးကိုအော်ကြောလန်အောင်နှိပ်စက်ညှဉ်းဆဲတဲ့မိထွေးနေရာက မုန်းစရာမိန်းမကြီးအဖြစ်တစ်ဖုံ မြင်မိကြမှာပါ။ ခင်မို့မို့အေးရဲ့

အများဆုံးရိုက်ရတဲ့ပုံစံတွေကလည်းဒါတွေပဲကိုလေ။ မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာတော့ ခင်မို့မို့အေးကဗီလိန်နေရာတွေ

မှာအများဆုံးသရုပ်ဆောင်ဖြစ်ရခြင်းအကြောင်းကိုဖွင့်ဟလာခဲ့ပါတယ်။အန်တီခင်မို့မို့အေးက အစကတော့ ဝါသနာပါလို့ရိုက်ပေမယ့်

နောက်ပိုင်းမှာအိမ်စားရိတ်တွေကာမိအောင်ရော ဝါသနာပါတာရောကြောင့်ဆက်ရိုက်နေဖြစ်ကြောင်းကို “အမှန်အတိုင်းပြောတာပါ။

ပထမကတော့ ဝါသနာပါလို့ိ့ရိုက်တာ။နောက်ကျတော့ တီတီ့မှာသမီးလေးတွေရှိတယ်လေ။ သမီးလေးတွေရဲ့ကျောင်းစားရိတ်တွေ

အိမ်စားရိတ်တွေ ရှိတဲ့အခါကျတော့ ပိုက်ဆံရဖို့လည်းအရေးကြီးတဲ့အခါကျတော့ မုန်းစရာကောင်းတာက သူ့ဘာသူကားထွက်မှ မုန်း

ချင်မုန်း အော်ချင်အော် ဆဲချင်ဆဲနေ တီတီမကြားရဘူးလေ။ လောလောဆယ်အရေးကြီးတာက ပိုက်ဆံရဖို့အရေးကြီးတယ်ဆိုတော့ ရိုက်

ဖြစ်ပါတယ်”လို့ပြောထာားပါတယ်။အစက ဗီလိန်ဇာတ်ရုပ်ရိုက်ရတာများပေမယ့် အသက်ရလာတဲ့အခါမှာတော့ ဒရာမာဘက်လည်းကူး

လာကြောင်းကို “အခုနောက်ပိုင်းအသက်အရွယ်ရလာတော့ ဒီလိုကားတွေလည်းငှားပါတယ်။ ဒရာမာတွေဘက်ကိုငှားလာတာ

လည်းများတာပေါ့။ဒီအရွယ်နဲ့လည်း ကတ်ကတ်လန်ပြီးရန်ဖြစ်ရမယ့်ဟာမျိုးလည်းမဟုတ်တော့။ ဗီလိန်ဇာတ်ရုပ်တွေကိုမငှားဘူးမဟုတ်

ပါဘူး။ ငှားပါတယ်။ ပြတ်ပြတ်တောက်တောက်ကြီးတော့ မဖြစ်သွားဘူးပေါ့။ ဒရာမာလေးတွေလည်းငှားတယ်။ မျှမျှတတ

လေးဖြစ်လာတာပေါ့”လို့ပြောပြထားပါတယ်။ရုပ်ရှင်ထဲမှာ ကတ်ကတ်လန်တတ်ပေမယ့်အပြင်မှာတော့မလန်ကြောင်းကို အန်တီက

“အပြင်မှာတော့ မလန်ပါဘူး။ ငယ်ငယ်တုန်းကတော့ လန်တယ်။ ငယ်ငယ်ကတော့ ဆိုးတယ်။ ငယ်ငယ်တုန်းက ကိုယ့်ကိုတစ်ချက်

လုပ်ရင် ကိုယ်ကနှစ်ချက်လောက်ပြန်လုပ်ချင်တာ။ ကြီးလာတော့ ဒါတွေကမကောင်းဘူးဆိုတာ သိလာတယ်”လို့ ပြောထားပါတယ်။

https://youtu.be/g

လက်ရှိမှာ ဆိုရင်တော့ဆက်ပြီးတော့ရပ်တည်လို့ရအောင် ချဉ်ပေါင်ကြော်နဲ့ ငံပြာရည်ကြော်ရယ်၊ ငပိတောင်းလေးရယ်ကို

သရုပ်ဆောင် အကယ်ဒမီ ခင်မို့မို့အေး ကိုယ်တိုင် ရောင်းနေရပါတယ်။ အားပေးလိုက်ကြမယ်နော်။

#ခင်မို့မို့အေး