ဆယ်လီသတင်း
ဝေမျှခဲ့ပါတယ်။
Happy – Cele Zone
Photo – Chit Thu Wai
Unicode
လယ်ကွင်းထဲကအိမ်ကလေးမှာ ရွာသူလေးတွေအဖြစ်နဲ့ ပျော်နေကြတဲ့ ခေတ်လေးနဲ့ သစ်လေး ပရိသတ်တွေရဲ့အချစ်တော်လေးတွေ
ဖြစ်တဲ့ ခေတ်နဲ့သစ်တို့နှစ်ယောက် မေမေချစ်သုဝေနဲ့အတူ လယ်တောထဲက အိမ်လေးတစ်အိမ်ကို သွားလည်ခဲ့ကြပါတယ်။ မြို့ပြရဲ့မွန်း
ကြပ်မှုတွေနဲ့ ဝေးရာဆီမှာဆိုတော့ လေကောင်းလေသန့်လည်းရပြီး စိတ်အေးချမ်းတဲ့နေရာလေး တစ်ခုပါပဲ။ အဘွားဖြစ်သူလည်း
အတူတူလိုက်လာခဲ့ပြီး အေးချမ်းသာယာတဲ့နေရာလေးမှာ မြေးလေးတွေနဲ့ ပျော်စရာအချိန်လေးတွေကို ကုန်ဆုံးခဲ့ပါတယ်။ သမီးလေး
နှစ်ယောက်ဟာလည်း အရွယ်ရောက်လာလေ ပိုပြီးချစ်ဖို့ကောင်းလာလေမို့ အားလုံးကလည်း အသည်းတယားယားနဲ့ အချစ်တွေပိုလာခဲ့
ပါတယ်။ ဖေဖေ မေမေတို့ရဲ့ အေးချမ်းတဲ့မေတ္တာတွေနဲ့ အကောင်းမွန်ဆုံးကြီးပြင်းလာတဲ့ သဲလေးနှစ်ယောက်ဟာ မိဘတွေရဲ့
အရည်အချင်းနဲ့ ထူးချွန်မှုတွေကိုလည်း အပိုင်သိမ်းနိုင်ခဲ့ပါတယ်။ သမီးလေးတွေပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို ” ငြိမ်းချမ်း
သာယာအေးမြလှသော သူတို့လေးတွေကြီးလာရင် ဖေရယ် မေရယ် ရွာလေးတစ်ရွာမှာ အဲလိုလေးနေချင်လှတယ် လည်ခွင့်ပေးတဲ့
မိတ်ဆွေတွေကို ကျေးဇူးတင်ရပါတယ် ” ဆိုပြီး မေမေချစ်သုဝေက ဝေမျှခဲ့ပါတယ်။
Happy – Cele Zone
Photo – Chit Thu Wai