ဆယ္လီသတင္း
ယောကျ်ားဖြစ်သူရဲ့အိမ်ထောင်ဆက်တွေအကြောင်းကို တိတိကျကျထုတ်ဖော်ပြောပြလိုက်တဲ့ စိုင်းဆိုင်မောဝ်ရဲ့ဇနီး ခေးလားမိုး
ရှမ်းတိုင်းရင်းသား နိုင်ငံကျော် အဆိုတော်ကြီး စိုင်းဆိုင်မောဝ်က ပရိသတ်ရင်ထဲရောက်တဲ့ တေးသီချင်းတွေကို သီဆိုခဲ့ရာ သူ့ရဲ့သီချင်းတွေက ဒီနေ့ထိတိုင် လူကြိုက်များ အောင်မြင်နေဆဲ ဖြစ်ပါတယ်။ စိုင်းဆိုင်မောဝ်က အခုဆိုရင် အသက်အရွယ်တစ်ခုကို ရောက်ရှိလာပြီဖြစ်ပြီး သီချင်းတွေကို မသီဆိုနိုင်ပဲ ဆေးကုသမှုခံယူနေရတာ ဖြစ်ပါတယ်။
စိုင်းဆိုင်မောဝ်က လက်ရှိဇနီးနဲ့အတူတူ နေထိုင်နေပြီး သူ့ရဲ့လက်ရှိဇနီးဖြစ်သူ မခေးလားမိုးက စိုင်းဆိုင်မောဝ်ရဲ့ အိမ်ထောင်ဆက်တွေနဲ့ ပက်သတ်ပြီး ပြောပြလာပါတယ်။
ဒီနေ့မှာတော့ လက်ရှိတရားဝင်ဇနီးမယားဖြစ်သူ ဒေါ်ခေးလားမိုးကတော့ စိုင်းဆိုင်မောဝ်ရဲ့အိမ်ထောင်ရေးအကြောင်း လာမေးကြလွန်းလို့ဆိုပြီး သူ့အမျိုးသားဖြစ်သူရဲ့အိမ်ထောင်ဆက်တွေအကြောင်းကို ဖေ့ဘွတ်ခ်စာမျက်နှာမှာ တိတိကျကျဖော်ပြပေးခဲ့ပါတယ်။ “ခဏခဏလာလာမေးကြလို့ပါ….. ပထမအိမ်ထောင်….စိုင်းဆိုင်မောဝ်+(နန်းမိုးမိုးအေး) ဆုံး(၁) သမီးကြီး နန်းခမ်းမိုင်…(၂) သမီးငယ် (နန်းခမ်းမြန်) ဆုံး၊
ဒုတိယအိမ်ထောင်….စိုင်းဆိုင်မောဝ်+နန်းမွေဖောင်(ခေါ်) မွေနွမ်ဖောင်(ခေါ်) နန်းမေနှင်းဝါ(၁) သားကြီး စိုင်းလှိုင်း(၂) သားလတ်(စိုင်းဇင်)ဆုံး(၃) သားငယ် စိုင်းမိန်း၊တတိယအိမ်ထောင်… စိုင်းဆိုင်မောဝ်+နန်းမောက်စံခမ်း(၁) သမီး နန်းဆိုင်ဖွန်ခမ်း၊စတုတ္ထအိမ်ထောင်….. စိုင်းဆိုင်မောဝ်+နန်းလောဝ်လောဝ်(ခေါ်) ပူစပါး…သားသမီးမရှိ၊
ပဉ္စမအိမ်ထောင်စိုင်းဆိုင်မောဝ်+ခေးလားမိုး(၁) သားကြီး စိုင်းဟန်ဟိဏ်းမောဝ်(ခ) ဟိဏ်းဆိုင်မောဝ် ကျောင်းအမည်မှာ စိုင်းဉာဏ်လင်းထွဋ်(ခ) စိုင်းစိုင်း(၂) သားငယ်(ဆုံး) မွေးပြီး(၁၅)မိနစ်သာအသက်ရှင်သည်(ကျောက်ကပ်မကောင်းသောကြောင့်)”
“အိမ်ထောင်(၅)ဆက် သားသမီး (၈)ယောက်၊ သားသမီး(၃)ဦးဆုံးပါး၊မြေး (၉)ယောက်…ကာကယံရှင် စိုင်းဆိုင်မောဝ်၏ လက်ရှိပြောကြားချက်အရ ရေးသားပေးခြင်းဖြစ်ပါတယ်… ယခု လက်ရှိ ဇနီးခေးလားမိုး၊သားငယ်စိုင်းလေးတို့နှင့် အတူနေထိုင်လျှက်ရှိပါတယ်… ခဏခဏလာမေးနေကြတဲ့အတွက် ရေးပေးလိုက်ပါတယ်… မှတ်ချက်။။
ရန်ကုန်တွင်သာကြီးပျင်းလာသူမို့ သူ့ဇနီးတွေ များမှန်း နောက်မှသိရပါသည်” ဆိုပြီးရေးသားဖော်ပြခဲ့ပါတယ် ပရိသတ်ကြီးရေ။
Zawgyi