တရားႏွင့္ဂါထာေတာ္

ေက်းဇူးေတာ္ရွင္ ပါေမာကၡခ်ဳပ္ဆရာေတာ္ ​ေဒါက္တာ နႏၵမာလာဘိဝံသ၏ “ပုထုဇဥ္”ဆိုတာ

“ပုထုဇဥ္”ဆိုတာ…”ေကာင္းတာ”လည္း လုပ္မိတာပဲ”မေကာင္းတာ”လည္း လုပ္မိတာပဲ။

အဲဒီေတာ့ “မေကာင္းတာ”ေတြ လုပ္မိၿပီးလို႔ ရွိရင္ လည္း “တစ္သက္လုံးအရႈံးေပးရေတာ့မလား?”ဆိုေတာ့..မဟုတ္ဘူး။

အဲ့ဒီ”ကံတရား”ေတြက…လြတ္ေျမာက္တဲ့ နည္းလမ္း”ေတြရွိတယ္။

ဆိုပါစို႔….

“အကုသိုလ္တစ္ခု”လုပ္ထားမိၿပီး ျပင္လို႔မရတဲ့”အကုသိုလ္”ဆိုတာမရွိဘူးေနာ္။

“ေဒဝဒတ္ႀကီး”ဟာ အျမင့္ဆုံး အကုသိုလ္ ကံ”ကိုက်ဴးလြန္ထားတယ္။

-“ဘုရား”နဲ႔ပတ္သက္ တဲ့ “ေလာဟိတုပၸါဒက” တို႔၊”သံဃာ”နဲ႔ပတ္သက္တဲ့ ” သံဃာေဘဒက”တို႔ ဆိုတဲ့ –

ဒီ “ျပစ္မႈႀကီး ႏွစ္ခု”က်ဴးလြန္ထားတယ္။”ေဒဝဒတ္”နဲ႔ပတ္သက္ၿပီး”ျမတ္စြာဘုရား”က “ဗ်ာဒိတ္”ေပးတယ္။ဘာေပးလဲ ?

“အာပါယိေကာ ေနရယိေကာ ေဒဝဒေတၱာ “”ေဒဝဒတ္ က အပါယ္ ေရာက္မွာပဲ၊ငရဲက်မွာပဲ”လို႔ “definate” ေျပာတယ္။

“အေတကိေစာၦ”ျပင္လို႔ မရေတာ့ဘူး…ကုစားလို႔မရ ေတာ့ဘူး”

“ကပၸေ႒ာ””တစ္ကမာၻလုံး ငရဲခံရမယ္”…လို႔ ဒီလိုေျပာတယ္။

အဲဒီ”ေျပာဆိုခ်က္”နဲ႔ ပတ္သက္ၿပီးေတာ့”ရဟန္း အခ်ိဳ႕”က “သံသယ”ျဖစ္တယ္။

“ျမတ္စြာဘုရား-က ဘာျဖစ္လို႔ “ေဒဝဒတ္”ကို ဒီလိုအတိအက်ႀကီး ေျပာႏိုင္တာတုန္း?”…လို႔ဆိုေတာ့

“ျမတ္စြာဘုရား”ကရွင္းျပတယ္။ဒါလည္း”မွတ္သားစရာတစ္ခု”ပဲ။

ဘယ္လို ရွင္းျပတုန္းလို႔ဆိုေတာ့..”ေဒဝဒတ္”ရဲ႕ “သႏၲာန္”မွာတဲ့ “အပ္ဖ်ားေလး”ေလာက္(စာထဲ မွာေတာ့ “သားၿမီးဖ်ား”လို႔ ေျပာတယ္။

နားလည္ ေအာင္လို႔ “အပ္ဖ်ားကေလး”ေလာက္)”ေထာက္ျပ စရာေနရာ” မွာ ေတာင္”ျဖဴစင္တဲ့ သဘာဝတရား”ေတြ မက်န္ေတာ့ဘူး”တဲ့။

“ဒီလို မက်န္လို႔”ငါ ဘုရား”က ဒီလိုေဟာတာ၊အကယ္၍ “အပ္ဖ်ားေလး”ေလာက္ “ေထာက္ျပစရာ ကုသိုလ္ေလး က်န္ေနေသးတယ္”ဆို

ရင္ ငါ ဒီစကားမေျပာဘူး”တဲ့။ၾကည့္။

“ေဒဝဒတ္”မွာ”ကုသိုလ္”ေတြ”လုံးဝကုန္သြားတဲ့ အဓိပၸါယ္”ျမတ္စြာဘုရား”ေျပာတယ္ေနာ္။

အဲ့ဒီ “ပုဂၢိဳလ္မ်ိဳး”မွ”ငရဲက်မွာ”လို႔”အတိအက်” ေျပာလို႔ရတယ္။

က်န္တဲ့”ပုဂၢိဳလ္”ေတြ”ငရဲက်မယ္” လို႔”အတိအက်” ေျပာလို႔မရဘူး။

“ျမတ္စြာဘုရား”ရဲ႕”ေဒသနာေတာ္”က ဒီလို။

ၾကည့္ – ေဟာပုံခ်င္း မတူဘူး။

“ပါဏာတိပါတ”နဲ႔ ပတ္သက္ၿပီးေတာ့”နိဂဏၭနာဋပုတၱ” က..” ပါဏာတိပါတ”-အမႈျပဳတဲ့ “ပုဂၢိဳလ္အားလုံး”ဟာ “ငရဲက်တယ္”။ဒီလိုေဟာ

တယ္။

“ျမတ္စြာဘုရား”က အဲဒီလို မေဟာဘူး။”ေဟာပုံျခင္း”-တူ/မတူ စဥ္းစားၾကည့္။

“ဗုဒၶျမတ္စြာ”က-

” ပါဏာတိပါေတာ နိရယသံဝတၱိနိေကာ “”ပါဏာတိပါတ အမႈသည္ ငရဲ ၌ ျဖစ္ေစႏိုင္တယ္”

လို႔ ေဟာတာ။

“ဒါ ငရဲ မွာျဖစ္ရမယ္”-လို႔ မေဟာဘူးေနာ္။”အကုသိုလ္အမႈ-ျပဳရင္ “ငရဲက်မယ္”-လို႔ မေျပာဘူး။

“ဒီဟာ က ငရဲ ကို က်ေစႏိုင္တယ္”-ဆိုတဲ့စကားကိုေျပာတာ။ေသခ်ာေပါက္ “က်မယ္”-လို႔ ေျပာတာမဟုတ္ဘူး။

သို႔ေသာ္..”သူ အက်ိဳးေပးရင္ ငရဲ က်ဖို႔ရွိတယ္။

မေကာင္းတဲ့ အက်ိဳး ကိုေပးမယ္”-ဆိုတာကိုေျပာတာ။

ဒါေပမယ့္ “လူတစ္ေယာက္”ကိုၾကည့္ၿပီး “ဒီလူဟာ ငရဲကိုသြားမွာ”-ဆိုတာေတာ့”ေဒဝဒတ္”ကို “အတိ အက်”ေျပာတယ္။

“ကံ” ဆိုတာ”အၿခံအရံအေၾကာင္း”ေတြေပၚမွာ “မွီတည္”ၿပီး”အက်ိဳးေပး”တယ္။

“အေျခအေန ေကာင္း”ေတြ ရွိေနတဲ့ ပုဂၢိဳလ္ မွာဒီ”အကုသိုလ္ ကံ”က “အက်ိဳးေပးလို႔မရ”ဘူး။

“ျမတ္စြာဘုရား”က-“ေလာဏကပလႅသုတ္”-မွာ”ဆားခဲ” နဲ႔ ဥပမာ ေပးထားတာ မွတ္ သားစရာေပါ့။

“ဆားခဲေလးတစ္ခဲ”ကို “ေသာက္ေရခြက္”ထဲ ထည့္ လိုက္ရင္ေသာက္မျဖစ္ေအာင္”ငန္”မွာပဲ။

ဒါေပမယ့္ အဲဒီ ပမာဏ”ဆားခဲ”ကို”ေရကန္”ထဲထည့္လိုက္…”ျမစ္” ထဲထည့္လိုက္…ေပ်ာက္ သြားမွာပဲ။

လူေတြမွာ တစ္ေယာက္နဲ႔ တစ္ေယာက္အေျခအေနခ်င္း မတူၾကဘူး။ဒီလိုမွတ္ရမယ္။

ေက်းဇူးေတာ္ရွင္ ပါေမာကၡခ်ဳပ္ဆရာေတာ္

​ေဒါက္တာ နႏၵမာလာဘိဝံသ

Unicode

“ပုထုဇဉ်”ဆိုတာ…”ကောင်းတာ”လည်း လုပ်မိတာပဲ”မကောင်းတာ”လည်း လုပ်မိတာပဲ။

အဲဒီတော့ “မကောင်းတာ”တွေ လုပ်မိပြီးလို့ ရှိရင် လည်း “တစ်သက်လုံးအရှုံးပေးရတော့မလား?”ဆိုတော့..မဟုတ်ဘူး။

အဲ့ဒီ”ကံတရား”တွေက…လွတ်မြောက်တဲ့ နည်းလမ်း”တွေရှိတယ်။

ဆိုပါစို့….

“အကုသိုလ်တစ်ခု”လုပ်ထားမိပြီး ပြင်လို့မရတဲ့”အကုသိုလ်”ဆိုတာမရှိဘူးနော်။

“ဒေဝဒတ်ကြီး”ဟာ အမြင့်ဆုံး အကုသိုလ် ကံ”ကိုကျူးလွန်ထားတယ်။

-“ဘုရား”နဲ့ပတ်သက် တဲ့ “လောဟိတုပ္ပါဒက” တို့၊”သံဃာ”နဲ့ပတ်သက်တဲ့ ” သံဃာဘေဒက”တို့ ဆိုတဲ့ –

ဒီ “ပြစ်မှုကြီး နှစ်ခု”ကျူးလွန်ထားတယ်။

“ဒေဝဒတ်”နဲ့ပတ်သက်ပြီး”မြတ်စွာဘုရား”က “ဗျာဒိတ်”ပေးတယ်။ဘာပေးလဲ ?

“အာပါယိကော နေရယိကော ဒေဝဒတ္တော ”

“ဒေဝဒတ် က အပါယ် ရောက်မှာပဲ၊ငရဲကျမှာပဲ”လို့ “definate” ပြောတယ်။

“အတေကိစ္ဆော”ပြင်လို့ မရတော့ဘူး…ကုစားလို့မရ တော့ဘူး”

“ကပ္ပဋ္ဌော”

“တစ်ကမ္ဘာလုံး ငရဲခံရမယ်”…လို့ ဒီလိုပြောတယ်။

အဲဒီ”ပြောဆိုချက်”နဲ့ ပတ်သက်ပြီးတော့”ရဟန်း အချို့”က “သံသယ”ဖြစ်တယ်။

“မြတ်စွာဘုရား-က ဘာဖြစ်လို့ “ဒေဝဒတ်”ကို ဒီလိုအတိအကျကြီး ပြောနိုင်တာတုန်း?”…လို့ဆိုတော့

“မြတ်စွာဘုရား”ကရှင်းပြတယ်။

ဒါလည်း”မှတ်သားစရာတစ်ခု”ပဲ။

ဘယ်လို ရှင်းပြတုန်းလို့ဆိုတော့..”ဒေဝဒတ်”ရဲ့ “သန္တာန်”မှာတဲ့ “အပ်ဖျားလေး”လောက်(စာထဲ မှာတော့ “သားမြီးဖျား”လို့

ပြောတယ်။နားလည် အောင်လို့ “အပ်ဖျားကလေး”လောက်)”ထောက်ပြ စရာနေရာ” မှာ တောင်”ဖြူစင်တဲ့ သဘာဝတရား”တွေ မ

ကျန်တော့ဘူး”တဲ့။

“ဒီလို မကျန်လို့”ငါ ဘုရား”က ဒီလိုဟောတာ၊

အကယ်၍ “အပ်ဖျားလေး”လောက် “ထောက်ပြစရာ ကုသိုလ်လေး ကျန်နေသေးတယ်”ဆိုရင် ငါ ဒီစကားမပြောဘူး”တဲ့။ကြည့်။

“ဒေဝဒတ်”မှာ”ကုသိုလ်”တွေ”လုံးဝကုန်သွားတဲ့ အဓိပ္ပါယ်”မြတ်စွာဘုရား”ပြောတယ်နော်။

အဲ့ဒီ “ပုဂ္ဂိုလ်မျိုး”မှ”ငရဲကျမှာ”လို့”အတိအကျ” ပြောလို့ရတယ်။

ကျန်တဲ့”ပုဂ္ဂိုလ်”တွေ”ငရဲကျမယ်” လို့”အတိအကျ” ပြောလို့မရဘူး။

“မြတ်စွာဘုရား”ရဲ့”ဒေသနာတော်”က ဒီလို။

ကြည့် – ဟောပုံချင်း မတူဘူး။

“ပါဏာတိပါတ”နဲ့ ပတ်သက်ပြီးတော့”နိဂဏ္ဌနာဋပုတ္တ” က..” ပါဏာတိပါတ”-အမှုပြုတဲ့ “ပုဂ္ဂိုလ်အားလုံး”ဟာ “ငရဲကျတယ်”။

ဒီလိုဟောတယ်။

“မြတ်စွာဘုရား”က အဲဒီလို မဟောဘူး။”ဟောပုံခြင်း”-တူ/မတူ စဉ်းစားကြည့်။

“ဗုဒ္ဓမြတ်စွာ”က-

” ပါဏာတိပါတော နိရယသံဝတ္တိနိကော ”

“ပါဏာတိပါတ အမှုသည် ငရဲ ၌ ဖြစ်စေနိုင်တယ်”

လို့ ဟောတာ။

“ဒါ ငရဲ မှာဖြစ်ရမယ်”-လို့ မဟောဘူးနော်။

“အကုသိုလ်အမှု-ပြုရင် “ငရဲကျမယ်”-လို့ မပြောဘူး။

“ဒီဟာ က ငရဲ ကို ကျစေနိုင်တယ်”-ဆိုတဲ့

စကားကိုပြောတာ။သေချာပေါက် “ကျမယ်”-လို့ ပြောတာမဟုတ်ဘူး။

သို့သော်..”သူ အကျိုးပေးရင် ငရဲ ကျဖို့ရှိတယ်။

မကောင်းတဲ့ အကျိုး ကိုပေးမယ်”-ဆိုတာကိုပြောတာ။

ဒါပေမယ့် “လူတစ်ယောက်”ကိုကြည့်ပြီး “ဒီလူဟာ ငရဲကိုသွားမှာ”-ဆိုတာတော့”ဒေဝဒတ်”ကို “အတိ အကျ”ပြောတယ်။

“ကံ” ဆိုတာ”အခြံအရံအကြောင်း”တွေပေါ်မှာ “မှီတည်”ပြီး”အကျိုးပေး”တယ်။

“အခြေအနေ ကောင်း”တွေ ရှိနေတဲ့ ပုဂ္ဂိုလ် မှာ

ဒီ”အကုသိုလ် ကံ”က “အကျိုးပေးလို့မရ”ဘူး။

“မြတ်စွာဘုရား”က-“လောဏကပလ္လသုတ်”-မှာ

“ဆားခဲ” နဲ့ ဥပမာ ပေးထားတာ မှတ် သားစရာပေါ့။

“ဆားခဲလေးတစ်ခဲ”ကို “သောက်ရေခွက်”ထဲ ထည့် လိုက်ရင်သောက်မဖြစ်အောင်”ငန်”မှာပဲ။

ဒါပေမယ့် အဲဒီ ပမာဏ”ဆားခဲ”ကို”ရေကန်”ထဲထည့်လိုက်…”မြစ်” ထဲထည့်လိုက်…ပျောက် သွားမှာပဲ။

လူတွေမှာ တစ်ယောက်နဲ့ တစ်ယောက်အခြေအနေချင်း မတူကြဘူး။ဒီလိုမှတ်ရမယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်

​ဒေါက်တာ နန္ဒမာလာဘိဝံသ