ဆယ္လီသတင္း

၈၃ နှစ် အဘိုးအိုကို မြင်မြင်ချင်း ချစ်မိသွားလို့ လက်ထပ်ယူခဲ့သည့် ၂၇ နှစ် အမျိုးသမီး

အသက္ ၈၃ ႏွစ္အ႐ြယ္ အမ်ိဳးသားတဦးကို ျမင္ျမင္ခ်င္း ခ်စ္မိသြားလို႔ လက္ထပ္ယူခဲ့တဲ့ အသက္ ၂၇ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတဦးရဲ႕အေၾကာင္းဟာ အာရွမီဒီယာေတြထက္မွာ ေရပန္းစားေနပါတယ္။ဒီျဖစ္ရပ္ဟာ အင္ဒိုနီးရွားႏိုင္ငံအလယ္ပိုင္း ဂ်ာဗားျပည္နယ္မွာ ျဖစ္ပြားခဲ့တာပါ။ ႏူရာနီလို႔ ေခၚတဲ့ အမ်ိဳးသမီးတဦးဟာ သူ႔မိသားစုနဲ႔အတူ နာမည္ေက်ာ္နတ္ဆရာတဦးဆီကို သြားေရာက္ခဲ့ၾကပါတယ္။အဲဒီေနာက္မွာေတာ့ ႏူရာနီဟာ အသက္ ၈၃ ႏွစ္အ႐ြယ္ နတ္ဆရာ ဆူဒါဂိုကို ျမင္ျမင္ခ်င္း ခ်စ္မိသြားခဲ့ပါတယ္။ ဒါ့ေၾကာင့္ သူမဟာ နတ္ဆရာဆီကို အေၾကာင္းအမ်ိဳးမ်ိဳးျပ သြားေရာက္ခဲ့ၿပီး သူ ဘယ္ေလာက္ ခ်စ္မိေနေၾကာင္းလည္း အသိေပးခဲ့တယ္လို႔ ဆိုပါတယ္။

အသက္အ႐ြယ္ ကြာဟလြန္းတာေၾကာင့္ နတ္ဆရာဘက္က သူမနဲ႔ ဇာတ္လမ္းမျဖစ္လိုခဲ့ေပမယ့္ ႏူရာနီရဲ႕ ဆြဲေဆာင္မႈကိုေတာ့ ၾကာၾကာေတာင့္မခံႏိုင္ခဲ့ပါဘူး။ အဲဒါေၾကာင့္ပဲ သူတို႔ႏွစ္ဦးဟာ လက္ထပ္ဖို႔အထိ ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

ဒီအခ်စ္ဇာတ္လမ္းမွာ ႏူရာနီရဲ႕ မိဘေတြဘက္က လိုလိုလားလားပဲ သေဘာတူခဲ့ၾကေပမယ့္ ေျမး ရွစ္ေယာက္ ရွိေနၿပီျဖစ္တဲ့ နတ္ဆရာရဲ႕ သားသမီးေတြကေတာ့ မၾကည္ျဖဴခဲ့ပါဘူး။

ဆူဒါဂိုရဲ႕ သားအႀကီးဆုံးျဖစ္သူက အသက္ ၅၁ ႏွစ္အ႐ြယ္ရွိေနၿပီ ျဖစ္ၿပီး ဒါဟာ ႏူရာနီရဲ႕ အေဖ အသက္နဲ႔ မတိမ္းမယိမ္းပါပဲ။ ဒါ့ေၾကာင့္ ႏူရာနီအေနနဲ႔ သူမနဲ႔ သက္တူ႐ြယ္တူေတြကို မရွာဘဲ ဘာလို႔ သူတို႔အေဖကိုမွ လက္ထပ္ခ်င္တာလဲဆိုတာ သူတို႔အတြက္ ေမးခြန္းထုတ္စရာ ျဖစ္ခဲ့ပါတယ္။

“ဟုတ္ပါတယ္။ သူတို႔က ဘာလို႔ သက္တူ႐ြယ္တူကို မရွာဘဲ သူတို႔အေဖကိုမွ လက္ထပ္ခ်င္ရတာလဲလို႔ က်မကို ေမးခဲ့ပါတယ္။ အေၾကာင္းကေတာ့ က်မက ဒီအမ်ိဳးသားကိုပဲ ခ်စ္မိေနလို႔ပါ” လို႔ ႏူရာနီက ျပန္ေျဖၾကားခဲ့ပါတယ္။

ဆူဒါဂိုရဲ႕သမီးတဦးကလည္း ႏူရာနီကို ဒီေမးခြန္းေမးခဲ့ၿပီး ႏူရာနီရဲ႕ သေဘာထားနဲ႔ သူတို႔အေဖရဲ႕ဆႏၵကို ရွင္းရွင္းလင္းလင္း သိရွိၿပီးတဲ့ေနာက္မွာ ဒီထူးထူးဆန္းဆန္း စုံတြဲကို သေဘာတူေပးခဲ့ၾကတယ္လို႔ သိရပါတယ္။

သူတို႔ႏွစ္ဦးဟာ ႏွစ္ဖက္မိသားစုေတြ၊ ႐ြာသူ႐ြာသားေတြရဲ႕ ေရွ႕ေမွာက္မွာ လက္ထပ္ခဲ့ၾကပါတယ္။ ဒီမဂၤလာပြဲဟာ ႏူရာနီအတြက္ ပထမဆုံးအႀကိမ္ ျဖစ္ေပမယ့္ ဆူဒါဂိုအတြက္ေတာ့ ေလးႀကိမ္ေျမာက္ျဖစ္တယ္လို႔ သိရပါတယ္။
Unicode

အသက် ၈၃ နှစ်အရွယ် အမျိုးသားတဦးကို မြင်မြင်ချင်း ချစ်မိသွားလို့ လက်ထပ်ယူခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတဦးရဲ့အကြောင်းဟာ အာရှမီဒီယာတွေထက်မှာ ရေပန်းစားနေပါတယ်။ဒီဖြစ်ရပ်ဟာ အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဂျာဗားပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။ နူရာနီလို့ ခေါ်တဲ့ အမျိုးသမီးတဦးဟာ သူ့မိသားစုနဲ့အတူ နာမည်ကျော်နတ်ဆရာတဦးဆီကို သွားရောက်ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ နူရာနီဟာ အသက် ၈၃ နှစ်အရွယ် နတ်ဆရာ ဆူဒါဂိုကို မြင်မြင်ချင်း ချစ်မိသွားခဲ့ပါတယ်။ ဒါ့ကြောင့် သူမဟာ နတ်ဆရာဆီကို အကြောင်းအမျိုးမျိုးပြ သွားရောက်ခဲ့ပြီး သူ ဘယ်လောက် ချစ်မိနေကြောင်းလည်း အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

အသက်အရွယ် ကွာဟလွန်းတာကြောင့် နတ်ဆရာဘက်က သူမနဲ့ ဇာတ်လမ်းမဖြစ်လိုခဲ့ပေမယ့် နူရာနီရဲ့ ဆွဲဆောင်မှုကိုတော့ ကြာကြာတောင့်မခံနိုင်ခဲ့ပါဘူး။ အဲဒါကြောင့်ပဲ သူတို့နှစ်ဦးဟာ လက်ထပ်ဖို့အထိ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီအချစ်ဇာတ်လမ်းမှာ နူရာနီရဲ့ မိဘတွေဘက်က လိုလိုလားလားပဲ သဘောတူခဲ့ကြပေမယ့် မြေး ရှစ်ယောက် ရှိနေပြီဖြစ်တဲ့ နတ်ဆရာရဲ့ သားသမီးတွေကတော့ မကြည်ဖြူခဲ့ပါဘူး။

ဆူဒါဂိုရဲ့ သားအကြီးဆုံးဖြစ်သူက အသက် ၅၁ နှစ်အရွယ်ရှိနေပြီ ဖြစ်ပြီး ဒါဟာ နူရာနီရဲ့ အဖေ အသက်နဲ့ မတိမ်းမယိမ်းပါပဲ။ ဒါ့ကြောင့် နူရာနီအနေနဲ့ သူမနဲ့ သက်တူရွယ်တူတွေကို မရှာဘဲ ဘာလို့ သူတို့အဖေကိုမှ လက်ထပ်ချင်တာလဲဆိုတာ သူတို့အတွက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။

“ဟုတ်ပါတယ်။ သူတို့က ဘာလို့ သက်တူရွယ်တူကို မရှာဘဲ သူတို့အဖေကိုမှ လက်ထပ်ချင်ရတာလဲလို့ ကျမကို မေးခဲ့ပါတယ်။ အကြောင်းကတော့ ကျမက ဒီအမျိုးသားကိုပဲ ချစ်မိနေလို့ပါ” လို့ နူရာနီက ပြန်ဖြေကြားခဲ့ပါတယ်။

ဆူဒါဂိုရဲ့သမီးတဦးကလည်း နူရာနီကို ဒီမေးခွန်းမေးခဲ့ပြီး နူရာနီရဲ့ သဘောထားနဲ့ သူတို့အဖေရဲ့ဆန္ဒကို ရှင်းရှင်းလင်းလင်း သိရှိပြီးတဲ့နောက်မှာ ဒီထူးထူးဆန်းဆန်း စုံတွဲကို သဘောတူပေးခဲ့ကြတယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးဟာ နှစ်ဖက်မိသားစုတွေ၊ ရွာသူရွာသားတွေရဲ့ ရှေ့မှောက်မှာ လက်ထပ်ခဲ့ကြပါတယ်။ ဒီမင်္ဂလာပွဲဟာ နူရာနီအတွက် ပထမဆုံးအကြိမ် ဖြစ်ပေမယ့် ဆူဒါဂိုအတွက်တော့ လေးကြိမ်မြောက်ဖြစ်တယ်လို့ သိရပါတယ်။