တရားႏွင့္ဂါထာေတာ္

ဘုရားေက်ာင္းေဆာင္ဧ။္ တန္ဖုိး

ဘုရားေက်ာင္းေဆာင္ဧ။္ တန္ဖုိး
■■■■■■■■■■■

” အိမ္ဦးခန္း ‘ ဘုရားေက်ာင္းေဆာင္ ‘ တစ္ခုတည္းျဖင့္ ကုသုိလ္ေရးကိစၥ , ပါရမီေရးကိစၥ အားလုံးျပီးစီး ႏုိင္ပါတယ္ ”

မိမိတုိ႕ အိမ္ဦးခန္း ရွိ ဘုရားေက်ာင္းေဆာင္၌

● တိ႒ေႏၲ နိဗၺဳေတစာပိ သေမစိေတၱ သမံ ဖလံ ●

” သက္ေတာ္ထင္ရွား ျမတ္စြာဘုရား၌ လည္းေကာင္း ။ ပရိနိဗၺာန္ စံေတာ္မူ သြားကုန္ေသာ ဘုရားရွင္ တုိ႕၌ လည္း ေကာင္း ။

‘ စိတ္ ေစတနာ ‘ တူမ်ွသည္ ရွိေသာ္ တူေသာအက်ိဳး ေပး၏ ” …

ဟူေသာ ေဒသနာေတာ္ ကုိ ယုံႀကည္ ျမတ္ႏုိး ၍ ပုံေတာ္ကုိ ဂုဏ္ေတာ္သြင္းျပီး

(၁) ဒါနပါရမီ
————–
ဘုရားေက်ာင္းေဆာင္၌ ဆြမ္း , ေရခ်မ္း , ပန္း စသည္တုိ႕ကုိ လွဴဒါန္းျခင္း – ဒါနပါရမီ ။

(၂)သီလပါရမီ
—————-
ဘုရားေက်ာင္းေဆာင္ေရွ႕၌ သက္ေတာ္ထင္ရွား ျမတ္စြာဘုရား ထံေတာ္ပါး က့ဲသုိ႕ ‘သီလ’ ကုိ ရုိေသစြာ ခံယူ ေဆာက္တည္ျခင္း –

သီလပါရမီ ။

(၃) ေနကၡမပါရမီ
——————–
ဘုရားေက်ာင္းေဆာင္ေရွ႕၌ မေကာင္းေသာ အႀကံအစည္ အကုသုိလ္မ်ားမွ ေခတၱ ရုန္းထြက္၍ ေမတၱာ ဘာဝနာ စသည္ တုိ႕ကုိ ပြား

မ်ားေနျခင္း – ေနကၡမပါရမီ ။

(၄) ပညာပါရမီ
—————–
ဘုရားေက်ာင္းေဆာင္ေရွ႕၌ အာနာပါန သမထ ဝိပႆနာ စသည္တုိ႕ကုိ အားထုတ္ျခင္း – ပညာပါရမီ ။

(၅) ဝီရိယပါရမီ
—————–
ဘုရားေက်ာင္းေဆာင္ေရွ႕၌ ဒါန ,သီလ ,သမာဓိ, ပညာ ျဖင့္ အကုသုိလ္မ်ား မျဖစ္ပြားဘဲ ကုသုိလ္တရား ျဖစ္ပြားေအာင္ ႀကိဳးစား

အားထုတ္ျခင္း – ဝီရိယပါရမီ ။

(၆)ခႏၲီပါရမီ
————-
ဘုရားေက်ာင္းေဆာင္ေရွ႕၌ ေညာင္းညာျခင္း , ပ်င္းရိျခင္း , ျခင္ကုိက္ျခင္း စသည္တုိ႕ကုိ သည္းခံ၍ ကုသုိလ္တရားတုိ႕ကုိ ႀကိဳးစားျခင္း –

ခႏၲီပါရမီ ။

(၇)သစၥာပါရမီ
—————-
ဘုရားေက်ာင္းေဆာင္ေရွ႕၌ ဘုရားစာဆုိျခင္း , ပရိတ္ရြတ္ဖတ္ျခင္း စေသာ – သစၥာပါရမီ ။

(၈)အဓိ႒ာန္ပါရမီ
——————–
ဘုရားေက်ာင္းေဆာင္ေရွ႕၌ ဝတၱရားမပ်က္ ကုသုိလ္တရားတုိ႕ကုိ ခုိင္ျမဲစြာ ျပဳလုပ္ ေဆာက္တည္ျခင္း – အဓိ႒ာန္ပါရမီ။

(၉)ေမတၱာပါရမီ
——————
ဘုရားေက်ာင္းေဆာင္ေရွ႕၌ သတၱဝါတုိ႕အေပၚ ေမတၱာပုိ႕ုျခင္း , ေမတၱာပြားမ်ားျခင္း – ေမတၱာပါရမီ ။

(၁၀) ဥေပကၡာပါရမီ
———————–
ဘုရားေက်ာင္းေဆာင္ေရွ႕၌ “သေဗၺသတၱာ ကာမၼသကာ ” ဟု အေႀကာင္းကံ ကုိ ႏွလုံသြင္း ဆင္ျခင္ျခင္း – ဥေပကၡာပါရမီ ။

~ တည္းဟူေသာ ‘ ပါရမီ ဆယ္ပါး ‘ ကုသုိလ္ တရားထူးႀကီးမ်ားကုိ ဘုရားေက်ာင္းေဆာင္တစ္ခုတည္းက ေပးစြမ္းႏုိင္ပါေႀကာင္း ကုိ

‘မ်က္စိမလ်ွမ္းႀကဖုိ႕ ‘ အက်ိဳးေမ်ွာ္၍ ႏုိးေဆာ္ အပ္ပါသည္။ ”

” အိမ္ရွိဘုရားေက်ာင္းေဆာင္မွာ လူမူေရး ,စီးပြားေရး , ႀကီးပြားေရး , ေလာကီအက်ိဳးစီးပြား အားလုံး အတြက္ ‘ ေသာ့ ‘ ရွိေနတယ္

အရယူႏုိင္ေအာင္ ႀကိဳးစားႀက ။

‘ေလာကုတၱရာတရား ‘ အတြက္ အေျခခံေကာင္း , ရတနာသုိက္ႀကီးရဲ႕ ‘ေသာ့ ‘ ဟာလဲ ဒီမွာပဲ ရွိတယ္ ။

(ေက်းဇူးရွင္ ေရႊေပၚကြ်န္း အရွင္ေဇယ်သိဒိၶ ဓမၼဉာဏိက ဆရာေတာ္ ဘုရားႀကီး ။ မလူိင္ျမိဳ႕ )

မ်ွေဝ ဒါနျပဳပါသည္ ။

( M . T . N )

——————-

ဘုရားစင္ပဲ ေခၚေခၚ ဘုရားေက်ာင္းေဆာင္ပဲ ေခၚေခၚ

အဓိကေတာ့ မိမိတို႔ရင္ထဲမွာ ပြင့္ေတာ္မူၿပီးေသာ ဘုရားရွင္မ်ား၏

တူညီေသာ ဂုဏ္ေတာ္ ေက်းဇူးေတာ္တို႔ကို ႏွလုံးသားထဲမွာ ထင္ျမင္လာေအာင္ ပြားမ်ား

ၾကည္ညိဳတတ္ဖို႔ အေရးႀကီးပါသည္ ။

ဘုရားေက်ာင္းေဆာင္ေပၚမွာ ရတနာသုံးပါးႏွင့္ သက္ဆိုင္ေသာ ပစၥည္းမ်ားမွလြဲ၍

မည္သည့္ အရာကိုမၽွတင္မထားရပါ

ဘုရားေက်ာင္းေဆာင္ရွင္းမွ စိတ္ရွင္းပါမည္ …

စိတ္ရွင္းမွ ၾကည္ညိဳသဒၶါျဖစ္ၿပီးတရားထိုင္ျခင္းအား အေထာက္အပံ့ျဖစ္ပါမည္ …

ရွင္းလင္းသပၸါယ္ေသာျပည္တြင္း ျပည္ပဘုရားစင္(ဘုရားေက်ာင္းေဆာင္)မ်ားကိုစုစည္းေဖာ္ျပလိုက္ရပါသည္ ။

သတၱဝါမွန္သေရြ႕ တရားေတြ႕

ခ်မ္းေျမ့သာယာရွိပါေစ …

min min (mogok)

Credit…ထပ္ဆင့္ပူေဇာ္အပ္ပါသည္ဘုရား…

ဘုရားကျောင်းဆောင်ဧ။် တန်ဖိုး
■■■■■■■■■■■

” အိမ်ဦးခန်း ‘ ဘုရားကျောင်းဆောင် ‘ တစ်ခုတည်းဖြင့် ကုသိုလ်ရေးကိစ္စ , ပါရမီရေးကိစ္စ အားလုံးပြီးစီး နိုင်ပါတယ် ”

မိမိတို့ အိမ်ဦးခန်း ရှိ ဘုရားကျောင်းဆောင်၌

● တိဋ္ဌန္တေ နိဗ္ဗုတေစာပိ သမေစိတ္တေ သမံ ဖလံ ●

” သက်တော်ထင်ရှား မြတ်စွာဘုရား၌ လည်းကောင်း ။ ပရိနိဗ္ဗာန် စံတော်မူ သွားကုန်သော ဘုရားရှင် တို့၌ လည်း ကောင်း ။

‘ စိတ် စေတနာ ‘ တူမျှသည် ရှိသော် တူသောအကျိုး ပေး၏ ” …

ဟူသော ဒေသနာတော် ကို ယုံကြည် မြတ်နိုး ၍ ပုံတော်ကို ဂုဏ်တော်သွင်းပြီး

(၁) ဒါနပါရမီ
————–
ဘုရားကျောင်းဆောင်၌ ဆွမ်း , ရေချမ်း , ပန်း စသည်တို့ကို လှူဒါန်းခြင်း – ဒါနပါရမီ ။

(၂)သီလပါရမီ
—————-
ဘုရားကျောင်းဆောင်ရှေ့၌ သက်တော်ထင်ရှား မြတ်စွာဘုရား ထံတော်ပါး ကဲ့သို့ ‘သီလ’ ကို ရိုသေစွာ ခံယူ ဆောက်တည်

ခြင်း – သီလပါရမီ ။

(၃) နေက္ခမပါရမီ
——————–
ဘုရားကျောင်းဆောင်ရှေ့၌ မကောင်းသော အကြံအစည် အကုသိုလ်များမှ ခေတ္တ ရုန်းထွက်၍ မေတ္တာ ဘာဝနာ စသည် တို့

ကို ပွားများနေခြင်း – နေက္ခမပါရမီ ။

(၄) ပညာပါရမီ
—————–
ဘုရားကျောင်းဆောင်ရှေ့၌ အာနာပါန သမထ ဝိပဿနာ စသည်တို့ကို အားထုတ်ခြင်း – ပညာပါရမီ ။

(၅) ဝီရိယပါရမီ
—————–
ဘုရားကျောင်းဆောင်ရှေ့၌ ဒါန ,သီလ ,သမာဓိ, ပညာ ဖြင့် အကုသိုလ်များ မဖြစ်ပွားဘဲ ကုသိုလ်တရား ဖြစ်ပွားအောင် ကြိုးစား

အားထုတ်ခြင်း – ဝီရိယပါရမီ ။

(၆)ခန္တီပါရမီ
————-
ဘုရားကျောင်းဆောင်ရှေ့၌ ညောင်းညာခြင်း , ပျင်းရိခြင်း , ခြင်ကိုက်ခြင်း စသည်တို့ကို သည်းခံ၍ ကုသိုလ်တရားတို့ကို ကြိုးစား

ခြင်း – ခန္တီပါရမီ ။

(၇)သစ္စာပါရမီ
—————-
ဘုရားကျောင်းဆောင်ရှေ့၌ ဘုရားစာဆိုခြင်း , ပရိတ်ရွတ်ဖတ်ခြင်း စသော – သစ္စာပါရမီ ။

(၈)အဓိဋ္ဌာန်ပါရမီ
——————–
ဘုရားကျောင်းဆောင်ရှေ့၌ ဝတ္တရားမပျက် ကုသိုလ်တရားတို့ကို ခိုင်မြဲစွာ ပြုလုပ် ဆောက်တည်ခြင်း – အဓိဋ္ဌာန်ပါရမီ။

(၉)မေတ္တာပါရမီ
——————
ဘုရားကျောင်းဆောင်ရှေ့၌ သတ္တဝါတို့အပေါ် မေတ္တာပို့ုခြင်း , မေတ္တာပွားများခြင်း – မေတ္တာပါရမီ ။

(၁၀) ဥပေက္ခာပါရမီ
———————–
ဘုရားကျောင်းဆောင်ရှေ့၌ “သဗ္ဗေသတ္တာ ကာမ္မသကာ ” ဟု အကြောင်းကံ ကို နှလုံသွင်း ဆင်ခြင်ခြင်း – ဥပေက္ခာပါရမီ ။

~ တည်းဟူသော ‘ ပါရမီ ဆယ်ပါး ‘ ကုသိုလ် တရားထူးကြီးများကို ဘုရားကျောင်းဆောင်တစ်ခုတည်းက ပေးစွမ်းနိုင်ပါကြောင်း ကို

‘မျက်စိမလျှမ်းကြဖို့ ‘ အကျိုးမျှော်၍ နိုးဆော် အပ်ပါသည်။ ”

” အိမ်ရှိဘုရားကျောင်းဆောင်မှာ လူမူရေး ,စီးပွားရေး , ကြီးပွားရေး , လောကီအကျိုးစီးပွား အားလုံး အတွက် ‘ သော့ ‘

ရှိနေတယ် အရယူနိုင်အောင် ကြိုးစားကြ ။

‘လောကုတ္တရာတရား ‘ အတွက် အခြေခံကောင်း , ရတနာသိုက်ကြီးရဲ့ ‘သော့ ‘ ဟာလဲ ဒီမှာပဲ ရှိတယ် ။

(ကျေးဇူးရှင် ရွှေပေါ်ကျွန်း အရှင်ဇေယျသိဒ္ဓိ ဓမ္မဉာဏိက ဆရာတော် ဘုရားကြီး ။ မလိူင်မြို့ )

မျှဝေ ဒါနပြုပါသည် ။

( M . T . N )

——————-

ဘုရားစင်ပဲ ခေါ်ခေါ်

ဘုရားကျောင်းဆောင်ပဲ ခေါ်ခေါ်

အဓိကတော့ မိမိတို့ရင်ထဲမှာ

ပွင့်တော်မူပြီးသော ဘုရားရှင်များ၏

တူညီသော ဂုဏ်တော် ကျေးဇူးတော်တို့ကို

နှလုံးသားထဲမှာ ထင်မြင်လာအောင် ပွားများ

ကြည်ညိုတတ်ဖို့ အရေးကြီးပါသည် ။

ဘုရားကျောင်းဆောင်ပေါ်မှာ ရတနာသုံးပါးနှင့်

သက်ဆိုင်သော ပစ္စည်းများမှလွဲ၍

မည်သည့် အရာကိုမျှတင်မထားရပါ

ဘုရားကျောင်းဆောင်ရှင်းမှ စိတ်ရှင်းပါမည် …

စိတ်ရှင်းမှ ကြည်ညိုသဒ္ဓါဖြစ်ပြီး

တရားထိုင်ခြင်းအား အထောက်အပံ့ဖြစ်ပါမည် …

ရှင်းလင်းသပ္ပါယ်သော

ပြည်တွင်း ပြည်ပ

ဘုရားစင်(ဘုရားကျောင်းဆောင်)များကို

စုစည်းဖော်ပြလိုက်ရပါသည် ။

သတ္တဝါမှန်သရွေ့ တရားတွေ့

ချမ်းမြေ့သာယာရှိပါစေ …

min min (mogok)

Credit…ထပ်ဆင့်ပူဇော်အပ်ပါသည်ဘုရား…