တရားႏွင့္ဂါထာေတာ္

ဆရာေတာ္ေဒါက္တာအရွင္ နႏၵမာလာဘိဝံသ၏ နတ္ေတြေျပာတဲ့ သူေတာ္ေကာင္း

နတ္ေတြေျပာတဲ့ သူေတာ္ေကာင္း
††††††††††††††††††††††††

သူေတာ္ေကာင္းဆိုတဲ့ အဓိပါယ္ကိုတာဝတႎသာနတ္ေတြက ဖြင့္ဆိုသတ္မွတ္ၾကတာ ရွိတယ္ ။

နတ္ေတြ သတ္မွတ္တဲ့ အရည္အေသြးဟာ မွတ္သားစရာ ေကာင္းတယ္ ။

သူတို႔က အရည္အေသြး ( ၇) ရပ္ကို ထုတ္ေဖာ္သတ္မွတ္ ျပထားတာ ၊ဒီအရည္အေသြး ( ၇ ) ရပ္ကို ျပ႒ာန္းေျပာဆိုတာလည္း နတ္

တို႔ရဲ႕ဘုရင္သၾကားမင္း ကိုယ္တိုင္ လူ႔ဘဝတုန္းက က်င့္သုံးခဲ့တဲ့ က်င့္ဝတ္ေတြကိုရည္ၫႊန္းတာပါ ။ အဲဒါ ဘာလဲ ဆိုရင္ –

( ၁ )
.
လူ႔ဘဝ ေရာက္လာတဲ့အခါ လူေတြရဲ႕ ပထမဆုံးေက်းဇူး အရွိဆုံး ပုဂၢိဳလ္အေမနဲ႔ အေဖ ပဲ ။ အဲဒီ ေက်းဇူးအရွိဆုံး ပုဂၢိဳလ္ေတြကို ေက်းဇူး

ဆပ္တတ္လို႔ ရွိရင္ ဒါ သူေတာ္ေကာင္း ပဲ ။အသက္ထက္ဆုံး မိဘႏွစ္ပါးကို ေလးေလးစားစား ျပဳစုေစာင့္ေရွာက္ တတ္တဲ့ သားသမီးကို

သူေတာ္ေကာင္း လို႔ တာဝတႎသာနတ္ေတြက သတ္မွတ္တယ္ ။

( ၂ )

ကိုယ့္အမ်ိဳးထဲက ႐ိုေသေလးစားထိုက္တဲ့ ပုဂၢိဳလ္ေတြကိုေလးစားတာလည္း သူေတာ္ေကာင္း ပါပဲ ။

အေဖ့ဘက္က ေတာ္တဲ့အမ်ိဳးအေမ့ဘက္က ေတာ္တဲ့အမ်ိဳးမိသားစုထဲက ကိုယ့္ထက္ အသက္ႀကီးတဲ့ အကို , အမေတြ

ကိုယ့္အမ်ိဳးထဲက ႐ိုေသေလးစားထိုက္တဲ့ ပုဂၢိဳလ္ေတြကို ေလးစားတာလည္းသူေတာ္ေကာင္း ပါပဲ ။

( ၃ )

ေနာက္တစ္ခုက –

စကားေျပာတဲ့အခါ ယဥ္ယဥ္ေက်းေက်း သိမ္သိမ္ေမြ႕ေမြ႕ေျပာတတ္တဲ့ ပုဂၢိဳလ္ဟာလည္း သူေတာ္ေကာင္း ပါပဲ ။

ကိုယ္ေျပာလိုက္တဲ့ စကားတစ္ခုဟာ အျပစ္မပါဘူး ။ အျပစ္ ကင္းရမယ္ ။ ၾကားလိုက္တဲ့ ပုဂၢိဳလ္ရဲ႕နားမွာ ခ်မ္းသာရမယ္ ။

နားခ်မ္းသာတယ္ ဆိုတာ – စိတ္ခ်မ္းသာမႈကို ျဖစ္ေစတယ္ ။ ဒီစကားကို လူတိုင္း ႏွစ္ၿမိဳတယ္ ခြၽဲခြၽဲပ်စ္ပ်စ္ ေျပာတာမ်ိဳး မဟုတ္ဘူး တဲ့ ။

သူေျပာတဲ့ စကားေလးက တန္ဖိုး ရွိလိုက္တာ ။တစ္ဖက္သား စိတ္ခ်မ္းသာစရာ ျဖစ္တယ္ ။အဲဒီစကားမ်ိဳး ေျပာလို႔ရွိရင္ ဖ႐ုသဝါစာ

ၾကမ္းတမ္း ကင္းတဲ့ အတြက္ေၾကာင့္ သိမ္ေမြ႕တယ္ ။အဲလိုပုဂၢိဳလ္မ်ိဳးကိုလည္း တာဝတႎသာနတ္ေတြကသူေတာ္ေကာင္းတို႔ သတ္မွတ္တယ္ ။

( ၄ )

ေနာက္တစ္ခုက –

လူႏွစ္ေယာက္ဆုံ လို႔ရွိရင္ ေနာက္တစ္ေယာက္အေၾကာင္းကို ေျပာမိတတ္ၾကတယ္ ။အေကာင္းေျပာတာထက္ အဆိုးေျပာတာ ပိုမ်ားတတ္

တယ္။ ဒါ လူ႔သဘာဝကို ေျပာတာ ။ အတင္းအဖ်င္း ေျပာတယ္ ေခၚတာေပါ့ ။ႏွစ္ေယာက္က က်န္သူတစ္ေယာက္ရဲ႕ အတင္းေတြ ေျပာ

ျပီးေတာ့တစ္ေယာက္က သြားစရာရွိလို႔ ထသြားရင္ က်န္ရစ္တဲ့ တစ္ေယာက္ကဘာလုပ္တုန္း ဆိုရင္ ေမးေငါ့လိုက္တယ္ ။

သူလည္း အတူတူ ပါပဲတဲ့ ။ အဲဒီေတာ့ လူေတြရဲ႕ အက်င့္ဟာ အတင္းအဖ်င္းေျပာတာ ,ကုန္းတိုက္တာတစ္ေယာက္နဲ႔ တစ္ေယာက္ မ

တည့္ေအာင္ လုပ္ခ်င္တာအဲဒီ စိတ္ဓါတ္ေတြ ကင္းၿပီဆိုရင္ သူေတာ္ေကာင္း တဲ့ ။

( ၅ )

မစၦရိယ တရားကို ဖယ္ရွားႏိုင္တဲ့ ပုဂၢိဳလ္ ၊

မစၧရိယ ဆိုတာ ကိုယ္ရတဲ့ အခြင့္အေရးတစ္ခု သူမ်ားကို မရေစခ်င္တာ ။ကိုယ္ေအာင္ျမင္ႀကီးပြားသလို သူမ်ားကို မႀကီးပြားေစခ်င္တာ ။

လူတစ္ေယာက္ရဲ႕ ဂုဏ္ေက်းဇူးကို ခ်ီးမြမ္းတဲ့အခါ ထိန္ခ်ိန္ထားတာ ။ ဒါလည္း မစၦရိယပဲ ။

မစၦရိယ ( ၅ ) မ်ိဳး ရွိတယ္ ။

အာဝါသမစၦရိယ – အေဆာက္အဦး ေနရာထိုင္ခင္းနဲ႔ ပတ္သက္ၿပီး ဝန္တိုတာ ။

ကုလမစၦရိယ -အေပါင္းအသင္းနဲ႔ ပတ္သက္ၿပီး ဝန္တိုတာ ။

လာဘမစၧရိယ -ကိုယ္ရတဲ့ လာဘ္လာဘနဲ႔ ပတ္သက္ၿပီး ဝန္တိုတာ။

ဝဏၰ မစၦရိယ -ဂုဏ္ေက်းဇူး , ခ်ီးမြမ္းခံရတဲ့ စကားတို႔နဲ႔ ပတ္သက္ၿပီး ဝန္တိုတာ ။

ဓမၼ မစၦရိယ -တရားဓမၼ နဲ႔ ပတ္သက္ၿပီး ဝန္တိုတာ ။

အဲဒီ မစၦရိယ တရား ဖယ္ရွားလို႔ရွိရင္ ဘာသာတရား ထြန္းကားတုန္း ဆိုေတာ့” စာဂ – စြန္႔ႀကဲမႈ , စြန္႔လႊတ္မႈ ” တဲ့ ။

ကိုယ္ရလာတဲ့ အခြင့္အေရးတစ္ခုကို အားလုံးနဲ႔ ရွယ္ယာ လုပ္ၿပီးေတာ့ မွ်မွ်တတ လူ႔ေလာကမွာ အသုံးျပဳတတ္တယ္ ။

ဒါေၾကာင့္ တာဝတႎသာနတ္ေတြက အစၦရိယ ဆိုတဲ့ စိတ္အညစ္အေၾကးကို ဖယ္ရွားပစ္ႏိုင္ၿပီး မစၦရိယ ကင္းတဲ့ ပုဂၢိဳလ္ ဆိုရင္ သူေတာ္

ေကာင္းလို႔ သတ္မွတ္တယ္ ။

( ၆ )

ေနာက္တစ္ခုက ဘာတုန္းဆိုရင္

ေလာကလူေတြက စကားေျပာလို႔ရွိရင္ အမွန္တရားကို တိတိက်က်ေျပာဖို႔ရာ ဝန္ေလးေနသလို ျဖစ္တယ္ ။ ” မုသားမပါ လကၤာမေခ်ာ ”

တဲ့ ။ေခ်ာေအာင္ အပိုေလး အဆစ္ေလး မဟုတ္တာေလး ျဖည့္စြက္ ေျပာတတ္တယ္ ။

အဲဒီလို မမွန္မကန္တာ လုံးဝမထည့္ဘဲ မွန္တဲ့အတိုင္း ေျပာလို႔ရွိရင္ သစၥာ လို႔ ေခၚတယ္ ။

မွန္တဲ့ သစၥာစကားဟာ အလြန္တန္ဖိုးရွိၿပီးအလြန္ တန္ခိုးႀကီးတယ္။ လူတိုင္းလူတိုင္း ဝစီသစၥာလို႔ ေခၚတဲ့ မွန္တဲ့စကားကို အသုံးခ်ၿပီး

ကိုယ္လိုခ်င္တာ တစ္ခု ေျပာမယ္ဆိုရင္ ဒီသစၥာ ရဲ႕ အစြမ္းသတၱိေတြ ရွိတယ္ လို႔ ဆိုတယ္ ။

အဲဒီလို မွန္မွန္ကန္ကန္ , မွန္တဲ့စကားကို ေျပာရဲတဲ့ ပုဂၢိဳလ္ဟာလည္း သူေတာ္ေကာင္း ပဲ တဲ့ ။

( ၇ ) ေနာက္ဆုံးတစ္ခုက – အမ်က္ေဒါသကို ထိန္းသိမ္းဖယ္ရွားႏိုင္တဲ့ ပုဂၢိဳလ္ ၊

ေလာကမွာ စိတ္ဆိုးလို႔ ျပသနာ တက္တာ အမ်ားႀကီးပဲေလ ။ေဒါသက ေတာ္ေတာ္မ်ားမ်ား ေလာကကို ဒုကၡေပးေနတယ္ ။

ကံႀကီးေတြ ထိုက္ေအာင္ လုပ္တာ ၾကည့္ေလ ။

– အမိသတ္ကံ ,

– အဖသတ္ကံ ,

– ရဟႏၲာသတ္ကံ ,

-ဘုရား ေသြးစိမ္း တည္ေအာင္ လုပ္တဲ့ ကံ

ဒါေတြက ေဒါသအေျခခံၿပီးေတာ့ ျဖစ္တာ ။ အဲဒီ ေဒါသကို မထိန္းႏိုင္ဘူး ။ မဖယ္ရွားႏိုင္ဘူး ဆိုလို႔ရွိရင္ ေလာကႀကီးမွာ

ျပသနာေတြ အမ်ားႀကီး တက္တယ္ ။ဒါေၾကာင့္မို႔လို႔ ကိုယ့္ေဒါသကို ကိုယ္ထိန္းႏိုင္တဲ့ ပုဂၢိဳလ္ဟာ လူေတာ္လူေကာင္း တစ္ေယာက္ပဲ ။

သူေတာ္ေကာင္းပဲ ။ ဒါဟာ တာဝတႎသာနတ္ေတြက သူေတာ္ေကာင္းလို႔ သတ္မွတ္ရတဲ့ စံေတြပဲ ။
.
.

ေဒါက္တာအရွင္ နႏၵမာလာဘိဝံသ

Unicode

နတ်တွေပြောတဲ့ သူတော်ကောင်း
††††††††††††††††††††††††

သူတော်ကောင်းဆိုတဲ့ အဓိပါယ်ကို

တာဝတိံသာနတ်တွေက ဖွင့်ဆိုသတ်မှတ်ကြတာ ရှိတယ် ။

နတ်တွေ သတ်မှတ်တဲ့ အရည်အသွေးဟာ မှတ်သားစရာ ကောင်းတယ် ။

သူတို့က အရည်အသွေး ( ၇) ရပ်ကို ထုတ်ဖော်သတ်မှတ် ပြထားတာ ၊

ဒီအရည်အသွေး ( ၇ ) ရပ်ကို ပြဋ္ဌာန်းပြောဆိုတာလည်း နတ်တို့ရဲ့ဘုရင်

သကြားမင်း ကိုယ်တိုင် လူ့ဘဝတုန်းက ကျင့်သုံးခဲ့တဲ့ ကျင့်ဝတ်တွေကို

ရည်ညွှန်းတာပါ ။ အဲဒါ ဘာလဲ ဆိုရင် –

( ၁ )

လူ့ဘဝ ရောက်လာတဲ့အခါ လူတွေရဲ့ ပထမဆုံးကျေးဇူး အရှိဆုံး ပုဂ္ဂိုလ်

အမေနဲ့ အဖေ ပဲ ။ အဲဒီ ကျေးဇူးအရှိဆုံး ပုဂ္ဂိုလ်တွေကို ကျေးဇူး ဆပ်တတ်လို့ ရှိရင် ဒါ သူတော်ကောင်း ပဲ ။

အသက်ထက်ဆုံး မိဘနှစ်ပါးကို လေးလေးစားစား ပြုစုစောင့်ရှောက် တတ်တဲ့ သားသမီးကို သူတော်ကောင်း လို့ တာဝတိံသာနတ်

တွေက သတ်မှတ်တယ် ။

( ၂ )

ကိုယ့်အမျိုးထဲက ရိုသေလေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကိုလေးစားတာလည်း သူတော်ကောင်း ပါပဲ ။

အဖေ့ဘက်က တော်တဲ့အမျိုးအမေ့ဘက်က တော်တဲ့အမျိုးမိသားစုထဲက ကိုယ့်ထက် အသက်ကြီးတဲ့ အကို , အမတွေ

ကိုယ့်အမျိုးထဲက ရိုသေလေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို လေးစားတာလည်းသူတော်ကောင်း ပါပဲ ။

( ၃ )

နောက်တစ်ခုက –

စကားပြောတဲ့အခါ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ပြောတတ်တဲ့ ပုဂ္ဂိုလ်ဟာလည်း သူတော်ကောင်း ပါပဲ ။

ကိုယ်ပြောလိုက်တဲ့ စကားတစ်ခုဟာ

– အပြစ်မပါဘူး ။ အပြစ် ကင်းရမယ် ။

– ကြားလိုက်တဲ့ ပုဂ္ဂိုလ်ရဲ့နားမှာ ချမ်းသာရမယ် ။

နားချမ်းသာတယ် ဆိုတာ – စိတ်ချမ်းသာမှုကို ဖြစ်စေတယ် ။

– ဒီစကားကို လူတိုင်း နှစ်မြိုတယ် ။

ချွဲချွဲပျစ်ပျစ် ပြောတာမျိုး မဟုတ်ဘူး တဲ့ ။

– သူပြောတဲ့ စကားလေးက တန်ဖိုး ရှိလိုက်တာ ။

တစ်ဖက်သား စိတ်ချမ်းသာစရာ ဖြစ်တယ် ။

အဲဒီစကားမျိုး ပြောလို့ရှိရင် ဖရုသဝါစာ – ကြမ်းတမ်း ကင်းတဲ့ အတွက်ကြောင့် သိမ်မွေ့တယ် ။

အဲလိုပုဂ္ဂိုလ်မျိုးကိုလည်း တာဝတိံသာနတ်တွေက

သူတော်ကောင်းတို့ သတ်မှတ်တယ် ။

( ၄ )

နောက်တစ်ခုက –

လူနှစ်ယောက်ဆုံ လို့ရှိရင် နောက်တစ်ယောက်အကြောင်းကို ပြောမိတတ်ကြတယ် ။

အကောင်းပြောတာထက် အဆိုးပြောတာ ပိုများတတ်တယ် ။

ဒါ လူ့သဘာဝကို ပြောတာ ။ အတင်းအဖျင်း ပြောတယ် ခေါ်တာပေါ့ ။

နှစ်ယောက်က ကျန်သူတစ်ယောက်ရဲ့ အတင်းတွေ ပြောပြီးတော့

တစ်ယောက်က သွားစရာရှိလို့ ထသွားရင် ကျန်ရစ်တဲ့ တစ်ယောက်က

ဘာလုပ်တုန်း ဆိုရင် မေးငေါ့လိုက်တယ် ။

သူလည်း အတူတူ ပါပဲတဲ့ ။ အဲဒီတော့ လူတွေရဲ့ အကျင့်ဟာ

အတင်းအဖျင်းပြောတာ ,

ကုန်းတိုက်တာ

တစ်ယောက်နဲ့ တစ်ယောက် မတည့်အောင် လုပ်ချင်တာ

အဲဒီ စိတ်ဓါတ်တွေ ကင်းပြီဆိုရင် သူတော်ကောင်း တဲ့ ။

( ၅ )

မစ္ဆရိယ တရားကို ဖယ်ရှားနိုင်တဲ့ ပုဂ္ဂိုလ် ၊

မစ်ဆရိယ ဆိုတာ –

ကိုယ်ရတဲ့ အခွင့်အရေးတစ်ခု သူများကို မရစေချင်တာ ။

ကိုယ်အောင်မြင်ကြီးပွားသလို သူများကို မကြီးပွားစေချင်တာ ။

လူတစ်ယောက်ရဲ့ ဂုဏ်ကျေးဇူးကို ချီးမွမ်းတဲ့အခါ ထိန်ချိန်ထားတာ ။

ဒါလည်း မစ္ဆရိယပဲ ။

မစ္ဆရိယ ( ၅ ) မျိုး ရှိတယ် ။

အာဝါသမစ်ဆရိယ –

အဆောက်အဦ နေရာထိုင်ခင်းနဲ့ ပတ်သက်ပြီး ဝန်တိုတာ ။

ကုလမစ်ဆရိယ –

အပေါင်းအသင်းနဲ့ ပတ်သက်ပြီး ဝန်တိုတာ ။

လာဘမစ်ဆရိယ –

ကိုယ်ရတဲ့ လာဘ်လာဘနဲ့ ပတ်သက်ပြီး ဝန်တိုတာ။

ဝဏ္ဏ မစ္ဆရိယ –

ဂုဏ်ကျေးဇူး , ချီးမွမ်းခံရတဲ့ စကားတို့နဲ့ ပတ်သက်ပြီး ဝန်တိုတာ ။

ဓမ်မ မစ်ဆရိယ –

တရားဓမ္မ နဲ့ ပတ်သက်ပြီး ဝန်တိုတာ ။

အဲဒီ မစ္ဆရိယ တရား ဖယ်ရှားလို့ရှိရင် ဘာသာတရား ထွန်းကားတုန်း ဆိုတော့

” စာဂ – စွန့်ကြဲမှု , စွန့်လွှတ်မှု ” တဲ့ ။

ကိုယ်ရလာတဲ့ အခွင့်အရေးတစ်ခုကို အားလုံးနဲ့ ရှယ်ယာ လုပ်ပြီးတော့

မျှမျှတတ လူ့လောကမှာ အသုံးပြုတတ်တယ် ။

ဒါကြောင့် တာဝတိံသာနတ်တွေက အစ္ဆရိယ ဆိုတဲ့ စိတ်အညစ်အကြေး

ကို ဖယ်ရှားပစ်နိုင်ပြီး မစ္ဆရိယ ကင်းတဲ့ ပုဂ္ဂိုလ် ဆိုရင် သူတော်ကောင်း

လို့ သတ်မှတ်တယ် ။

( ၆ )

နောက်တစ်ခုက ဘာတုန်းဆိုရင်

လောကလူတွေက စကားပြောလို့ရှိရင် အမှန်တရားကို တိတိကျကျ

ပြောဖို့ရာ ဝန်လေးနေသလို ဖြစ်တယ် ။ ” မုသားမပါ လင်္ကာမချော ” တဲ့ ။

ချောအောင် အပိုလေး အဆစ်လေး မဟုတ်တာလေး ဖြည့်စွက် ပြောတတ်တယ် ။

အဲဒီလို မမှန်မကန်တာ လုံးဝမထည့်ဘဲ မှန်တဲ့အတိုင်း ပြောလို့ရှိရင်

သစ္စာ လို့ ခေါ်တယ် ။

မှန်တဲ့ သစ္စာစကားဟာ အလွန်တန်ဖိုးရှိပြီးအလွန် တန်ခိုးကြီးတယ်။

လူတိုင်းလူတိုင်း ဝစီသစ္စာလို့ ခေါ်တဲ့ မှန်တဲ့စကားကို အသုံးချပြီး

ကိုယ်လိုချင်တာ တစ်ခု ပြောမယ်ဆိုရင် ဒီသစ္စာ ရဲ့

အစွမ်းသတ္တိတွေ ရှိတယ် လို့ ဆိုတယ် ။

အဲဒီလို မှန်မှန်ကန်ကန် , မှန်တဲ့စကားကို ပြောရဲတဲ့ ပုဂ္ဂိုလ်ဟာလည်း

သူတော်ကောင်း ပဲ တဲ့ ။

( ၇ ) နောက်ဆုံးတစ်ခုက – အမျက်ဒေါသကို ထိန်းသိမ်းဖယ်ရှားနိုင်တဲ့ ပုဂ္ဂိုလ် ၊

လောကမှာ စိတ်ဆိုးလို့ ပြသနာ တက်တာ အများကြီးပဲလေ ။

ဒေါသက တော်တော်များများ လောကကို ဒုက္ခပေးနေတယ် ။

ကံကြီးတွေ ထိုက်အောင် လုပ်တာ ကြည့်လေ ။

– အမိသတ်ကံ ,

– အဖသတ်ကံ ,

– ရဟန္တာသတ်ကံ ,

-ဘုရား သွေးစိမ်း တည်အောင် လုပ်တဲ့ ကံ

ဒါတွေက ဒေါသအခြေခံပြီးတော့ ဖြစ်တာ ။

အဲဒီ ဒေါသကို မထိန်းနိုင်ဘူး ။ မဖယ်ရှားနိုင်ဘူး ဆိုလို့ရှိရင် လောကကြီးမှာ

ပြသနာတွေ အများကြီး တက်တယ် ။

ဒါကြောင့်မို့လို့ ကိုယ့်ဒေါသကို ကိုယ်ထိန်းနိုင်တဲ့ ပုဂ္ဂိုလ်ဟာ လူတော်

လူကောင်း တစ်ယောက်ပဲ ။ သူတော်ကောင်းပဲ ။

ဒါဟာ တာဝတိံသာနတ်တွေက သူတော်ကောင်းလို့ သတ်မှတ်ရတဲ့ စံတွေပဲ ။
.
.

ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ