အထွေထွေဗဟုသုတ

(ေၾကာက္စရာေကာင္းေသာအစြဲ ) ပါရမီရွင္ျမနန္းေ႐ႊမွ ျပန္လည္မွ်ေဝပါသည္

(ေၾကာက္စရာေကာင္းေသာအစြဲ)

လြန္ခဲ့တဲ့သုံးႏွစ္ေလာက္က ဦးဇင္းနဲ႔အရမ္းရင္းႏွီးတဲ့ ဒကာမတစ္ေယာက္ အသဲကင္ဆာနဲ႔ ဆုံးသြားခဲ့တယ္။

အဲ့ဒီဒကာမဟာဘုရား၊ တရား၊ သံဃာကိုအရမ်းကို ႐ိုေသေလးစားတဲ့ သူတစ္ေယာက္ပါ။ ရပ္ထဲ႐ြာထဲမွာလည္း

သူမပါမၿပီးတဲ့ ခ်က္ျပဳတ္ေရးသမားေကာင္း တစ္ေယာက္ပါ။

ပိ႑ပတ္ဆြမ္းလည္း ေန႔တိုင္းအျပတ္အၿမဲေလာင္းတယ္။ တရားစခန္းတိုင္းမွာလဲ သူမပါရင္မၿပီးဆိုသလို ေဝယ်ာဝစၥေတြကို

ဦးေဆာင္ၿပီး အားႀကိဳးမာန္တတ္လုပ္တတ္တဲ့ သူတစ္ေယာက္ပါ။

ဒါေပမဲ့ တရားေတာ့မထိုင္ဘူး တရားထိုင္ဖို႔ေျပာေတာ့ နဲနဲငယ္ေသးတယ္တဲ့ေနာက္မွထိုင္မယ္တဲ့၊ လႉတာ တန္းတာတို႔၊

ေဝယ်ာဝစၥလုပ္တာေတြပဲ လုပ္တယ္။

ဒီလိုနဲ႔ အသဲကင္ဆာျဖစ္လာတယ္၊ ကင္ဆာလို႔ မထင္ဘူးေဆးမီးတိုႏွင့္ ကုတယ္၊ ဦးဇင္းက သတိေပးတယ္၊

ရန္ကုန္တက္ၿပီး ေဆးကုသမႈ ခံယူဖို႔ကို၊ ဒါေပမဲ့ သူတို႔ကအေလးအနက္မထားၾကဘူး၊

ေလး ငါး ရွစ္လၾကာသြားတယ္၊ေဆးမီးတိုႏွင့္ပဲ ကုၾကတယ္၊

ေနာက္ေတာ့ မသက္သာေတာ့ ရန္ကုန္တက္တယ္၊ေဆး႐ုံေပၚေရာက္မွ တရားကို စမွတ္ျဖစ္တယ္၊ဦးဇင္းလဲ တရားရႈမွတ္နည္း၊

ေဝဒနာခြာနည္း၊ ဒိ႒ိခြာနည္းေတြကို ႏွစ္ခါသုံးခါေလာက္ေတာ့ ဖုန္းနဲ႔အနည္း အက်ဥ္းေလာက္ေတာ့ေျပာျပျဖစ္တယ္၊

ေဆး႐ုံေပၚမွာ ေျခာက္လေလာက္ေတာ့ MP3 နဲ႔ တရားနားေထာင္တယ္၊ အခ်ိန္တိုင္းလိုလို တရားမွတ္တရားနားေထာင္ပဲလုပ္သြားတယ္၊

ဒါေပမဲ့ အနီးကပ္ ဆရာမရွိ၊ တရားစကားေျပာမဲ့ မိတ္ေကာင္းေဆြေကာင္းမရွိေတာ့ ခႏၶာဉာဏ္ မေရာက္ဘူး၊ရမ္းက်င့္ မွန္းက်င့္ပဲျဖစ္ေနတယ္။

႐ြာကို သိပ္အစြဲႀကီးတယ္၊ ဦးဇင္းကိုလဲ စြဲတယ္၊ တရားစခန္းပြဲမွာ လုပ္ကိုင္ေဆာင္႐ြက္ခဲ့တာေတြလဲ စြဲတယ္၊အစြဲဆုံးကေတာ့ ေယာက္်ားႏွင့္

က်န္ခဲ့တဲ့ သားႏွစ္ေယာက္ကိုပဲ၊ေဆး႐ုံေပၚေနတုန္း ႐ြာကလူေတြနဲ႔စကားေျပာ ျဖစ္ရင္အဲ့ဒီအေၾကာင္းေတြကိုအၿမဲေျပာျဖစ္တယ္တဲ့၊

တဆင့္စကား ျပန္ၾကားရတယ္၊

ေနာက္ေတာ့ သိပ္မၾကာပါဘူး၊ ဆုံးသြားၿပီလို႔ သတင္းၾကားတယ္၊ေသခါနီးမွာ ေရာဂါကလဲျပင္းထန္၊ အစြဲကလဲ ျပင္းထန္၊

တရားစကားေျပာေပးမဲ့ သူမရွိ၊ အစြဲစကားေတြပဲ ေျပာေပးမဲ့သူရွိေတာ့အိမ္စြဲ၊ ေယာက္်ားစြဲ၊ သားစြဲ၊ ႐ြာစြဲနဲ႔အသက္ထြက္သြားတယ္၊

ေသခါနီးမွာ သူႀကိဳက္လို႔ ဖြင့္ထားတဲ့တရားေတြေတာင္ ပိတ္ခိုင္းတယ္၊ေဝဒနာ ျပင္းထန္လြန္းအားႀကီးလို႔နားမေထာင္ႏိုင္ေတာ့ဘူး ။

ရန္ကုန္မွာအသက္ထြက္ခါစပဲ ရွိေသးတယ္၊အိမ္မွာ ဝိဥာဥ္က ေရာက္ေနၿပီ၊ တံျမက္စည္းေတြ လွဲေနတယ္၊အိုးခြက္ေတြကို ေဆးေၾကာေန

တယ္၊ တံခါးေတြ ေလွ်ာက္ပိတ္ေနတယ္၊

ညဘက္ဆိုလဲ လမ္းေပၚမွာ ေလွ်ာက္သြားေနတယ္၊ ပုံစံအမ်ိဳးမ်ိဳးကို လုပ္ျပေနတယ္၊အိမ္မွာလည္း အမ်ိဳးမ်ိဳးကို ေျခာက္ျပေနတယ္၊

မကြၽတ္ဘူး၊ ေျခာက္လွန္႔တယ္လို႔ေျပာရင္သူ႔ေယာက္်ားက မႀကိဳက္ဘူး၊ဒါေၾကာင့္႐ြာကလူေတြက သိပ္မေျပာရဲၾကဘူး၊

သံဃာေတြပင့္ၿပီး ဆြမ္းခဏခဏေကြၽးတယ္၊ ကုသိုလ္ေကာင္းမႈေတြလုပ္ေပးၿပီး အမွ်ေဝလဲ မကြၽတ္ဘူး၊ပိုဆိုးလာတာကေတာ့

သူ႔ေယာက္်ား ေနာက္မိန္းမယူၿပီး..ေနာက္ပိုင္း ပိုဆိုးလာတယ္၊

ပထမကေတာ့ လူမသိေအာင္ မိဘေဆြမ်ိဳးေတြက ဝိုင္ဝန္း ဖုံးဖိထားေပမဲ့ ေနာက္ပိုင္း မရေတာ့ဘူး၊ ပိုဆိုးလာတယ္၊

ဟိုလူ႔ဝင္ပူး၊ ဒီလူ႔ဝင္းပူးနဲ႔၊ သူ႔ေယာက္်ားႏွင့္ ေနာက္မိန္းမကို မေက်နပ္တဲ့အေၾကာင္းေနစရာမရွိ၊ စားစရာမရွိ ပူေလာင္ေနတဲ့

အေၾကာင္း စတဲ့ အမ်ိဳးမ်ိဳးေတြကို ဝင္ပူးတိုင္းေျပာတယ္၊ေယာက်ာ္းယူထားတဲ့ေနာက္မိန္းမကိုလည္း မေနရဲေအာင္အမ်ိဳးမ်ိဳးေျခာက္လန္႔ေန

တာပဲ၊ အိပ္ယာထဲဝင္အိပ္၊ေျခေထာက္ေတြဆြဲခ်နဲ႔ ပါးဝင္႐ိုက္တဲ့အထိ ျဖစ္လာတယ္၊ အလႉလုပ္ေပးၿပီး သာဓုေခၚခိုင္းလည္း မေခၚႏိုင္ဘူး၊

အရင္တုန္းက သိပ္ျမတ္ႏိုးခဲ့တဲ့ တရားသံေတြလဲ နားမေထာင္ႏိုင္ေတာ့ဘူး၊တရားစကား မေျပာပါနဲ႔တဲ့၊အမွ် မေဝပါနဲ႔တဲ့၊

နားေတြ ရွစ္စိတ္ကြဲမတတ္ခံစားေနရတယ္တဲ့၊ အရင္တုန္းက နင္အရမ္းၾကည္ညိဳခဲ့တဲ့ေတာရဆရာေတာ္က်ာင္းကို သြားပါလား၊

ဆရာေတာ္ကို မမွတ္မိေတာ့ဘူလားဆိုေတာ့၊ မွတ္မိတယ္တဲ့၊ ဒါေပမဲ့ မေျပာပါနဲ႔တဲ့၊ဆရာေတာ္ကို ျမင္လဲမျမင္ႏိုင္ဘူး၊

ဆရာေတာ္ကိုျမင္ရတာ မ်က္လုံးေတြေပါက္ထြက္မတတ္ပူတယ္၊ဆရာေတာ္အသံကိုလဲ မၾကားႏိုင္ဘူး၊ဆရာေတာ္အသံကိုၾကားရတာ

နားကြဲမတတ္ ပူေလာင္ေနတယ္၊ဆရာေတာ္ဆြမ္းခံႂကြလာရင္ေတာင္မွအေဝးႀကီးမွာ သြားေနေနရတယ္တဲ့၊

ေအာ္….စိတ္မေကာင္းလိုက္တာ ဒကာမႀကီးရယ္ အရင္တုန္း ဦးဇင္းဆြမ္းခံႂကြလာရင္ ၾကည္ညိဳလြန္းလို႔ ျေမႀကီးထဲမွာဝပ္ၿပီး ဆရာေတာ္

ေဝးသြားသည္အထိ လက္ အုပ္ခ်ီၿပီးအ႐ိုအေသေပးေနခဲ့သူ၊ဦးဇင္းတရားေတြသိပ္ႀကိဳက္ပါတယ္ဆိုၿပီးMP3ထဲ မွာ သိမ္းဆည္းၿပီးနားေထာင္ေန

တတ္တဲ့သူ၊

ေအာ္….ခုေတာ့ ဆရာေတာ္ကိုျမင္ရတာ ပူေလာင္တယ္တဲ့၊ တရားအသံကြားရတာနားကြဲမတတ္ ခံစားရတယ္တဲ့၊

ျဖစ္မွျဖစ္ရေလ…..ဒကာမႀကီးရယ္၊ျပန္ၾကားေနရတဲ့ ကိုယ့္နားကိုယ္ေတာင္ မယုံႏိုင္ေတာ့ဘူး ၊

ေအာ္..သိပ္ေၾကာက္စရာေကာင္းပါလား၊ေသာတပန္မျဖစ္မျခင္း ေသခါနီးအခ်ိန္မွာေပၚလာတဲ့ အစြဲေတြက ႀကီးက်ယ္လွပါလား၊

အခြင့္သာတုန္းက ငယ္ေသးတယ္ဆိုၿပီးတရားေတြအားမထုတ္ခဲ့၊လြတ္ေအာင္မ႐ုန္းခဲ့လို႔ ဘယ္လိုမွကယ္တင္ဖို႔ မရေတာ့ပါလား၊

႐ုန္းပါဆိုတုန္းက ငယ္ေသးတယ္လို႔ ေျပာလိုေျပာ၊ အလုပ္ေတြရႈပ္တယ္လို႔ ေျပာလိုေျပာ၊မအားဘူး ေျပာလိုေျပာအမ်ိဳးမ်ိဳး ဟိုအေၾကာင္းျပ

ဒီအေၾကာင္းျပနဲ႔၊ ခုေတာ့ ခံစားေနရတဲ့ဒုကၡေတြကို ဘယ္သူ႔ကိုမွ အေၾကာင္းျပခ်က္ ေပးလို႔မရပါလား၊ဘယ္သူမွဝင္ခံေပးလို႔၊ ကယ္တင္ေပးလို႔

မရေတာ့ပါလား…

ဥာဏ္နဲ႔မဆပ္ခဲ့သမွ် ခႏၶာနဲ႔ေပးဆပ္ေနပါလား၊ ႏွစ္ေပါင္း ဘယ္ေလာက္ၾကာမွဒီလိုေၾကာက္စရာေကာင္းတဲ့အျဖစ္ဆိုးႀကီးက လြတ္ေျမာက္ရမယ္

ဆိုတာ မသိႏိုင္ပါတကား….

ေသခါနီးအခ်ိန္မွာ ၾကားျဖတ္ဝင္လာတဲ့ အာသဏၰကံေတြကအရမ္းေၾကာက္ဖို႔ေကာင္းပါလား၊ဒါေၾကာင့္ ဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးက ေျပာ

တာ၊ လူတစ္သိန္း နတ္တစ္သိန္းေသလို႔ သုဂတိကို တစ္ေယာက္ျပန္မေရာက္ဘူးတဲ့၊

ဒါေၾကာင့္ တရားစာဖတ္ေနၾကတဲ့ ဒကာ၊ ဒကာမေတြလည္း ဒီဒကာမႀကီးလို အျဖစ္ဆိုးမ်ိဳးနဲ႔ မႀကဳံၾကရေအာင္ ေသခ်ာမူ႔မရွိတဲ့

ကံအလုပ္ႀကီးပဲ အားကိုးမေနၾကဘဲ မလုပ္ၾကဘဲဥာဏ္အားကိုးတဲ့_ဝိပႆနာလုပ္ငန္းေတြကို အေသမဦးခင္ ဥာဏ္ဦးေအာင္

ျပင္ဆင္ႀကိဳးစားထားသင့္သည္၊

ဘာျဖစ္လို႔လဲဆိုေတာ့ေနာင္မွရတဲ့ ေနာင္တဆိုတာျ ပင္ဆင္ဖို႔ အခြင့္အေရးရွိဖို႔ဆိုတာမေသခ်ာေတာ့ဘူး၊ ဒါေၾကာင့္ေသခ်ာလမ္းကို အေသမဦး

ခင္ေလွ်ာက္လမ္းထားၾကပါလို႔ ေစတနာေမတၱာ ေရွ႕ထားၿပီးမွာၾကားပါရေစ။

မွတ္ခ်က္ကာယကံရွင္မိသားစုကိုသိကၡာက်ေစလိုေသာဆႏၵျဖင့္ေရးျခင္း မဟုတ္ပါ၊ စာရႈသူအေပါင္းသံေဝဂရေစရန္ ရည္႐ြယ္ပါသည္၊

#အရွင္ေကာဝိဒ (ရခိုင္႐ိုးမေတာင္တန္း)
🙏🙏🙏

***ပါရမီရွင္ျမနန္းေ႐ႊမွ ျပန္လည္မွ်ေဝပါသည္။ with Damasayti Nayla.

Via. Dr Shwe Tun

Unicode

(ကြောက်စရာကောင်းသောအစွဲ)

လွန်ခဲ့တဲ့သုံးနှစ်လောက်က ဦးဇင်းနဲ့အရမ်းရင်းနှီးတဲ့ ဒကာမတစ်ယောက် အသဲကင်ဆာနဲ့ ဆုံးသွားခဲ့တယ်။

အဲ့ဒီဒကာမဟာဘုရား၊ တရား၊ သံဃာကိုအရမျးကို ရိုသေလေးစားတဲ့ သူတစ်ယောက်ပါ။ ရပ်ထဲရွာထဲမှာလည်း

သူမပါမပြီးတဲ့ ချက်ပြုတ်ရေးသမားကောင်း တစ်ယောက်ပါ။

ပိဏ္ဍပတ်ဆွမ်းလည်း နေ့တိုင်းအပြတ်အမြဲလောင်းတယ်။ တရားစခန်းတိုင်းမှာလဲ သူမပါရင်မပြီးဆိုသလို ဝေယျာဝစ္စတွေကို

ဦးဆောင်ပြီး အားကြိုးမာန်တတ်လုပ်တတ်တဲ့ သူတစ်ယောက်ပါ။

ဒါပေမဲ့ တရားတော့မထိုင်ဘူး တရားထိုင်ဖို့ပြောတော့ နဲနဲငယ်သေးတယ်တဲ့နောက်မှထိုင်မယ်တဲ့၊ လှူတာ တန်းတာတို့၊

ဝေယျာဝစ္စလုပ်တာတွေပဲ လုပ်တယ်။

ဒီလိုနဲ့ အသဲကင်ဆာဖြစ်လာတယ်၊ ကင်ဆာလို့ မထင်ဘူးဆေးမီးတိုနှင့် ကုတယ်၊ ဦးဇင်းက သတိပေးတယ်၊

ရန်ကုန်တက်ပြီး ဆေးကုသမှု ခံယူဖို့ကို၊ ဒါပေမဲ့ သူတို့ကအလေးအနက်မထားကြဘူး၊

လေး ငါး ရှစ်လကြာသွားတယ်၊ဆေးမီးတိုနှင့်ပဲ ကုကြတယ်၊

နောက်တော့ မသက်သာတော့ ရန်ကုန်တက်တယ်၊ဆေးရုံပေါ်ရောက်မှ တရားကို စမှတ်ဖြစ်တယ်၊ဦးဇင်းလဲ တရားရှုမှတ်နည်း၊

ဝေဒနာခွာနည်း၊ ဒိဋ္ဌိခွာနည်းတွေကို နှစ်ခါသုံးခါလောက်တော့ ဖုန်းနဲ့အနည်း အကျဉ်းလောက်တော့ပြောပြဖြစ်တယ်၊

ဆေးရုံပေါ်မှာ ခြောက်လလောက်တော့ MP3 နဲ့ တရားနားထောင်တယ်၊ အချိန်တိုင်းလိုလို တရားမှတ်တရားနားထောင်ပဲလုပ်သွား

တယ်၊ဒါပေမဲ့ အနီးကပ် ဆရာမရှိ၊ တရားစကားပြောမဲ့ မိတ်ကောင်းဆွေကောင်းမရှိတော့ ခန္ဓာဉာဏ် မရောက်ဘူး၊ရမ်းကျင့်

မှန်းကျင့်ပဲဖြစ်နေတယ်။ရွာကို သိပ်အစွဲကြီးတယ်၊ ဦးဇင်းကိုလဲ စွဲတယ်၊ တရားစခန်းပွဲမှာ လုပ်ကိုင်ဆောင်ရွက်ခဲ့တာတွေလဲ စွဲတယ်၊

အစွဲဆုံးကတော့ ယောက်ျားနှင့်ကျန်ခဲ့တဲ့ သားနှစ်ယောက်ကိုပဲ၊ဆေးရုံပေါ်နေတုန်း ရွာကလူတွေနဲ့စကားပြော ဖြစ်ရင်အဲ့ဒီအကြောင်း

တွေကိုအမြဲပြောဖြစ်တယ်တဲ့၊တဆင့်စကား ပြန်ကြားရတယ်၊

နောက်တော့ သိပ်မကြာပါဘူး၊ ဆုံးသွားပြီလို့ သတင်းကြားတယ်၊သေခါနီးမှာ ရောဂါကလဲပြင်းထန်၊ အစွဲကလဲ ပြင်းထန်၊

တရားစကားပြောပေးမဲ့ သူမရှိ၊ အစွဲစကားတွေပဲ ပြောပေးမဲ့သူရှိတော့အိမ်စွဲ၊ ယောက်ျားစွဲ၊ သားစွဲ၊ ရွာစွဲနဲ့အသက်ထွက်သွားတယ်၊

သေခါနီးမှာ သူကြိုက်လို့ ဖွင့်ထားတဲ့တရားတွေတောင် ပိတ်ခိုင်းတယ်၊ဝေဒနာ ပြင်းထန်လွန်းအားကြီးလို့နားမထောင်နိုင်တော့ဘူး ။

ရန်ကုန်မှာအသက်ထွက်ခါစပဲ ရှိသေးတယ်၊အိမ်မှာ ဝိဉာဉ်က ရောက်နေပြီ၊ တံမြက်စည်းတွေ လှဲနေတယ်၊အိုးခွက်တွေကို

ဆေးကြောနေတယ်၊ တံခါးတွေ လျှောက်ပိတ်နေတယ်၊

ညဘက်ဆိုလဲ လမ်းပေါ်မှာ လျှောက်သွားနေတယ်၊ ပုံစံအမျိုးမျိုးကို လုပ်ပြနေတယ်၊အိမ်မှာလည်း အမျိုးမျိုးကို ခြောက်ပြနေတယ်၊

မကျွတ်ဘူး၊ ခြောက်လှန့်တယ်လို့ပြောရင်သူ့ယောက်ျားက မကြိုက်ဘူး၊ဒါကြောင့်ရွာကလူတွေက သိပ်မပြောရဲကြဘူး၊

သံဃာတွေပင့်ပြီး ဆွမ်းခဏခဏကျွေးတယ်၊ ကုသိုလ်ကောင်းမှုတွေလုပ်ပေးပြီး အမျှဝေလဲ မကျွတ်ဘူး၊ပိုဆိုးလာတာကတော့

သူ့ယောက်ျား နောက်မိန်းမယူပြီး..နောက်ပိုင်း ပိုဆိုးလာတယ်၊

ပထမကတော့ လူမသိအောင် မိဘဆွေမျိုးတွေက ဝိုင်ဝန်း ဖုံးဖိထားပေမဲ့ နောက်ပိုင်း မရတော့ဘူး၊ ပိုဆိုးလာတယ်၊

ဟိုလူ့ဝင်ပူး၊ ဒီလူ့ဝင်းပူးနဲ့၊ သူ့ယောက်ျားနှင့် နောက်မိန်းမကို မကျေနပ်တဲ့အကြောင်းနေစရာမရှိ၊ စားစရာမရှိ ပူလောင်နေတဲ့

အကြောင်း စတဲ့ အမျိုးမျိုးတွေကို ဝင်ပူးတိုင်းပြောတယ်၊ယောကျာ်းယူထားတဲ့နောက်မိန်းမကိုလည်း မနေရဲအောင်အမျိုးမျိုးခြောက်လန့်နေ

တာပဲ၊ အိပ်ယာထဲဝင်အိပ်၊ခြေထောက်တွေဆွဲချနဲ့ ပါးဝင်ရိုက်တဲ့အထိ ဖြစ်လာတယ်၊ အလှူလုပ်ပေးပြီး သာဓုခေါ်ခိုင်းလည်း မခေါ်နိုင်ဘူး၊

အရင်တုန်းက သိပ်မြတ်နိုးခဲ့တဲ့ တရားသံတွေလဲ နားမထောင်နိုင်တော့ဘူး၊တရားစကား မပြောပါနဲ့တဲ့၊အမျှ မဝေပါနဲ့တဲ့၊

နားတွေ ရှစ်စိတ်ကွဲမတတ်ခံစားနေရတယ်တဲ့၊ အရင်တုန်းက နင်အရမ်းကြည်ညိုခဲ့တဲ့တောရဆရာတော်ကျာင်းကို သွားပါလား၊

ဆရာတော်ကို မမှတ်မိတော့ဘူလားဆိုတော့၊ မှတ်မိတယ်တဲ့၊ ဒါပေမဲ့ မပြောပါနဲ့တဲ့၊ဆရာတော်ကို မြင်လဲမမြင်နိုင်ဘူး၊

ဆရာတော်ကိုမြင်ရတာ မျက်လုံးတွေပေါက်ထွက်မတတ်ပူတယ်၊ဆရာတော်အသံကိုလဲ မကြားနိုင်ဘူး၊ဆရာတော်အသံကိုကြားရတာ

နားကွဲမတတ် ပူလောင်နေတယ်၊ဆရာတော်ဆွမ်းခံကြွလာရင်တောင်မှအဝေးကြီးမှာ သွားနေနေရတယ်တဲ့၊

အော်….စိတ်မကောင်းလိုက်တာ ဒကာမကြီးရယ် အရင်တုန်း ဦးဇင်းဆွမ်းခံကြွလာရင် ကြည်ညိုလွန်းလို့ ြမေကြီးထဲမှာဝပ်ပြီး

ဆရာတော်ဝေးသွားသည်အထိ လက် အုပ်ချီပြီးအရိုအသေပေးနေခဲ့သူ၊ဦးဇင်းတရားတွေသိပ်ကြိုက်ပါတယ်ဆိုပြီးMP3ထဲ မှာ သိမ်းဆည်း

ပြီးနားထောင်နေတတ်တဲ့သူ၊အော်….ခုတော့ ဆရာတော်ကိုမြင်ရတာ ပူလောင်တယ်တဲ့၊ တရားအသံကွားရတာနားကွဲမတတ် ခံစားရ

တယ်တဲ့၊ဖြစ်မှဖြစ်ရလေ…..ဒကာမကြီးရယ်၊ပြန်ကြားနေရတဲ့ ကိုယ့်နားကိုယ်တောင် မယုံနိုင်တော့ဘူး ၊

အော်..သိပ်ကြောက်စရာကောင်းပါလား၊သောတပန်မဖြစ်မခြင်း သေခါနီးအချိန်မှာပေါ်လာတဲ့ အစွဲတွေက ကြီးကျယ်လှပါလား၊

အခွင့်သာတုန်းက ငယ်သေးတယ်ဆိုပြီးတရားတွေအားမထုတ်ခဲ့၊လွတ်အောင်မရုန်းခဲ့လို့ ဘယ်လိုမှကယ်တင်ဖို့ မရတော့ပါလား၊

ရုန်းပါဆိုတုန်းက ငယ်သေးတယ်လို့ ပြောလိုပြော၊ အလုပ်တွေရှုပ်တယ်လို့ ပြောလိုပြော၊မအားဘူး ပြောလိုပြောအမျိုးမျိုး ဟိုအကြောင်းပြ

ဒီအကြောင်းပြနဲ့၊ ခုတော့ ခံစားနေရတဲ့ဒုက္ခတွေကို ဘယ်သူ့ကိုမှ အကြောင်းပြချက် ပေးလို့မရပါလား၊ဘယ်သူမှဝင်ခံပေးလို့၊

ကယ်တင်ပေးလို့မရတော့ပါလား…ဉာဏ်နဲ့မဆပ်ခဲ့သမျှ ခန္ဓာနဲ့ပေးဆပ်နေပါလား၊ နှစ်ပေါင်း ဘယ်လောက်ကြာမှဒီလိုကြောက်

စရာကောင်းတဲ့အဖြစ်ဆိုးကြီးက လွတ်မြောက်ရမယ်ဆိုတာ မသိနိုင်ပါတကား….

သေခါနီးအချိန်မှာ ကြားဖြတ်ဝင်လာတဲ့ အာသဏ္ဏကံတွေကအရမ်းကြောက်ဖို့ကောင်းပါလား၊ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီး

က ပြောတာ၊ လူတစ်သိန်း နတ်တစ်သိန်းသေလို့ သုဂတိကို တစ်ယောက်ပြန်မရောက်ဘူးတဲ့၊

ဒါကြောင့် တရားစာဖတ်နေကြတဲ့ ဒကာ၊ ဒကာမတွေလည်း ဒီဒကာမကြီးလို အဖြစ်ဆိုးမျိုးနဲ့ မကြုံကြရအောင် သေချာမူ့မရှိတဲ့

ကံအလုပ်ကြီးပဲ အားကိုးမနေကြဘဲ မလုပ်ကြဘဲဉာဏ်အားကိုးတဲ့_ဝိပဿနာလုပ်ငန်းတွေကို အသေမဦးခင် ဉာဏ်ဦးအောင်

ပြင်ဆင်ကြိုးစားထားသင့်သည်၊ဘာဖြစ်လို့လဲဆိုတော့နောင်မှရတဲ့ နောင်တဆိုတာြ ပင်ဆင်ဖို့ အခွင့်အရေးရှိဖို့ဆိုတာမသေချာတော့

ဘူး၊ ဒါကြောင့်သေချာလမ်းကို အသေမဦးခင်လျှောက်လမ်းထားကြပါလို့ စေတနာမေတ္တာ ရှေ့ထားပြီးမှာကြားပါရစေ။

မှတ်ချက်ကာယကံရှင်မိသားစုကိုသိက္ခာကျစေလိုသောဆန္ဒဖြင့်ရေးခြင်း မဟုတ်ပါ၊ စာရှုသူအပေါင်းသံဝေဂရစေရန် ရည်ရွယ်

ပါသည်၊

#အရှင်ကောဝိဒ (ရခိုင်ရိုးမတောင်တန်း)
🙏🙏🙏

***ပါရမီရှင်မြနန်းရွှေမှ ပြန်လည်မျှဝေပါသည်။ with Damasayti Nayla.

Via. Dr Shwe Tun