Knowledge

ဆိုင်ကယ် လည်း ဆုံး မိန်းမဖြစ်သူ ကို လည်း ဆုံးရှုံးခဲ့ ရ တဲ့ ဆိုင်ကယ် ကယ် ရီသမား သားအဖ အတွက် ကယ်တင်ရှင်

၁ ၁.၃.၂၀၂၀….ဂရုဏာရှင်မိသားစုစေတနာဒီသူငယ်လေးကယခင်က ဆိုင်ကယ် ကယ်ရီမောင်းပါတယ် မိန်းမနေမကောင်းဖြစ်တော့ ဆိုင်ကယ်လေးပေါင်ပြီးဆေးကုတယ်

မိန်းမ လည်းဆုံး ဆိုင်ကယ်လေးလည်း အပေါင်ဆုံးသွားတော့ ကျန်ခဲ့တဲ့အမိမဲ့သားလေးကို စက်ဘီးဟောင်းလေးမှာတင်ပြီး မြွေပါး ကင်းပါး .တောထဲမှာဖက်ခူးပြီးဝမ်းစာရှာရတယ်…

မိမိကမကြာခဏခေါ်ယူပြီးလှူဒါန်းနေဖြစ်တယ် လွန်ခဲ့တဲ့ရက်မှာဂျပန်ပြည်က သမီးငယ်အေးအေးရှင်ကို အကြောင်းပြုပြီ သမီးသူငယ်ချင်း မယဉ်ယဉ်ဆွေက သူ့အဖွားဒေါ်သန်းအားအမှူးထားပြီး ကွယ်လွန်သူမိခင်ကြီးဒေါ်ခင်မိုးလှိုင်အားရည်စူးလျှက်ဖခင်ဦးအောင်ငွေ…၇၈..နှစ်မွေးနေ့အလှူသားသမီးများနှင့်မြေးစွမ်းလပြည့်မိသားစုကောင်းမှုအဖြစ်​ငွေ၁သိန်းလွှဲပို့လှူဒါန်းထားတယ်

မိမိနဲ့သူတို့နဲ့အာရုံတူနေတာကသူတို့သားအဖဘဝလေးကိုအခြေမြင့်ပေးလိုတာပဲ ဒါကြောင့် သူတို့ဘဝလေး အဆင်အပြေဆုံးဖြစ်စေဖို့အကြမ်းခံပြီးကယ်ရီဆွဲစားလို့ရမယ့် လိုင်စင်ပါတဲ့ဆိုင်ကယ်အသစ်တစ်စီးကို ရပ်ရွာလူကြီးတွေရှေ့မှာ လှူဒါန်းပေးလိုက်ပါတယ် သူကအဘရယ်ညကခေါ်ပြီးဆိုင်ကယ်အသစ်စက်စက်တစ်စီးလှူပေးမယ်

ကွယ်လွန်သူမိန်းမကိုသတိရတိုင်း စားဝတ်နေရေးအဆင်မပြေတိုင်းသေရည်ကိုမသောက်ဖို့ဆိုင်ကယ်ရသွားရင် သားလေးကို အကျိုးရှိမယ့် ကလေးထိန်းကျောင်း ယဉ်ကျေးလိမ္မာကျောင်းပို့ထားဖို့ ခေါ်ပြောတော့ဂတိတွေအထပ်ထပ်ပေးပြီး ဆိုင်ကယ်သစ်လေးရရင်ဆိုတဲ့ စိတ်ကူးနဲ့အိပ်မပျော်ပါဘူး ခုလည်းအိပ်မက်လိုလိုပါပဲ ကိုယ့်အသားကိုယ်ပြန်ဆိတ်ကြည့်နေရပါတယ်တဲ့…

ဟုပ်ပါတယ်…နယ်တွေမှာက လိုင်စင်မပါတဲ့…ဆိုင်ကယ်ဟောင်းတွေကိုပဲ…ဈေးပေါပေါစီးကြတာ ခုလိုလိုင်စက်ဘီးအသစ်လေးရတော့ ကိုယ့်အသားကိုယ်ပြန်ဆိတ်နေရတယ်ဆိုပဲ ပုံမှန်ဝင်ငွေလေးတော့သူတို့အတွက် ရသွားပါပြီ ကလေးငယ်လေးနဲ့မို့နေရေးလေးအဆင်ပြေဖို့သူတို့တဲလေးကို သွားရောက်ပြင်ဆင်ပေးပါဦးမယ် ထိထိရောက်ရောက်ရှိတဲ့အလှူလေးမို့ မိသားစုအားလုံး…ကောင်းကျိုးလိုရာ ဆန္ဒပြည့်စုံကြပါစေပေါ့…

Credit နှလုံးသားမေတ္တာရှင်

Leave a Comment