FEATURE

ဝူဟန်ရောဂါ ကာကွယ်ရေးအတွက် လှူဒါန်းတော့မယ့်သီရိသုဓမ္မ သူကြွယ်ဘွဲ့ရ ဦးစိုင်းမျိုးဝင်း မိသားစု

ဆရာဝန်သုံး ကာကွယ်ရေးဝတ်စုံ PPE အစုံ 3000 တိတိလှူဒါန်းပါမယ် လိုအပ်တဲ့ဆေးရုံများဆက်သွယ်ဖို့ ပြောလာတဲ့ သီရိသုဓမ္မ သူကြွယ်ဘွဲ့ရ ဦးစိုင်းမျိုးဝင်း မိသားစု….

ဆရာဝန်သုံး ကာကွယ်ရေးဝတ်စုံ PPE အစုံ 3000 တိတိလှူဒါန်းပါမယ် လိုအပ်တဲ့ဆေးရုံများဆက်သွယ်ဖို့ ပြောလာတဲ့ သီရိသုဓမ္မ သူကြွယ်ဘွဲ့ရ ဦးစိုင်းမျိုးဝင်း မိသားစု ( EXCELLENT FORTUNE FOUNDATION )မှ PPE ဝတ်စုံ အစုံ ၃၀၀၀ လှူဒါန်းမည်။(လိုအပ်သည့်ဆေးရုံများ ဆက်သွယ်ပါ)ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ COVID-19 ကို မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားသူ ယခုချိန်ထိ တစ်ဦးတစ်ယောက် မှ မတွေ့ရှိရသေးသော်လည်း ပြည်ပ နိုင်ငံများတွင် ပျံ့နှံ့မှုများ ရှိနေပါသဖြင့် ကမ္ဘာ့ကပ်ရောဂါ( Pandemic )အနေဖြင့် ( ၁၁-၃-၂၀၂၀ )ရက်နေ့တွင် သတ်မှတ်ကြေညာခဲ့ပါသည်။

ကျွန်တော်တို့ EFF (FOUNDATION( EXCELLENT FORTUNE FOUNDATION )သည် ပြည်သူ့ဆေးရုံများအတွက် လိုအပ်လျက်ရှိသည့် ခါးပတ်ကြိုးပါ တစ်ကိုယ်ရည်သုံး ရောဂါ အကာအကွယ်ဝတ်စုံ( PPE ဝတ်စုံ ) ၃,၀၀၀စုံ၊ တစ်ခါသုံး ရာဘာလက်အိတ်များ( Vinyl Disposal Gloves )နှင့် ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ( Face Masks )ကို တရုတ်နိုင်ငံမှ မှာယူထားပြီး လမ်းခရီး အဆင်ပြေပါက ( ၂၀.၃..၂၀၂၀ ) ရက်နေ့ခန့်တွင် ရန်ကုန်မြို့သို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။

ကျွန်တော်တို့ EFF FOUNDATION အနေဖြင့် လိုအပ်သည့် ပြည်သူ့ဆေးရုံများသို့ ကိုယ်တိုင် သွားရောက် လှူဒါန်းခြင်း ( သို့ ) ဆေးရုံ တာဝန်ရှိသူများမှ လာရောက်ထုတ်ယူခြင်း စသည့် နည်းလမ်းများဖြင့် လှူဒါန်းမည်ဖြစ်ပါသောကြောင့် လိုအပ်လျက်ရှိသော ဆေးရုံများမှ တာဝန်ရှိသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။

ဦးတင့်ဆွေ – ၀၉ (၅၀ ၆ ၂၂ ၆၆)ဦးဝေဖြိုးဇော် – (၀၉၉ ၇၇ ၆၆၆ ၉၉၄)ဒေါ်ကေသွယ်အောင် – (၀၉ ၅၃ ၉၄ ၈၈၈)

Source # Cele News Media 14 March 2020

Leave a Comment