ျပည္တြင္းသတင္း

ကိုဗစ္ေထာက္ပံ့ေငြအလြဲသုံးစားလုပ္သည့္ ေျမာင္းျမ ကံဘဲ့ေလး‌ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကို ဖမ္းဆီးအေရးယူ

ကိုဗစ္ေထာက္ပံ့ေငြအလြဲသုံးစားလုပ္သည့္ ေျမာင္းျမ ကံဘဲ့ေလး‌ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကို ဖမ္းဆီး

ႏိုင္ငံေတာ္က ပုံမွန္ဝင္ေငြမရွိတဲ့ အိမ္ေထာင္စုေတြကို ေထာက္ပံ့တဲ့ ေငြက်ပ္သိန္း ၅၀ ေက်ာ္ကို ျပည္သူေတြထံမေပးဘဲ အလြဲသုံးစားျပဳလုပ္ခဲ့တဲ့ ေျမာင္းျမၿမိဳ႕နယ္၊

ကံဘဲ့ေလး‌ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးကို ေျမာင္းျမၿမိဳ႕မရဲ႕စခန္းမွာ ဖမ္းဆီးစစ္ေဆးေနတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။

ကံဘဲ့ေလးေက်း႐ြာအုပ္စုရွိ အိမ္ေထာင္စု ၂၇၃ စုအတြက္ တအိမ္ေထာင္ကို ၂ ေသာင္းက်ပ္စီနဲ႔ ႏိုင္ငံေတာ္က ေထာက္ပံ့ေငြ ၅၄ သိန္း ၆ ေသာင္းက်ပ္ကို

ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးတင္ေမာင္ဝင္းက ျပည္သူကိုမေပးဘဲ ကိုယ္က်ိဳးအတြက္ သုံးစြဲခဲ့ေၾကာင္း စစ္‌ေဆးေပၚေပါက္ခဲ့လို႔ ေျမာင္းျမၿမိဳ႕နယ္ ဒုအုပ္ခ်ဳပ္

ေရးမႈးဦးမ်ိဳးခိုင္က တရားလိုျပဳလုပ္ တိုင္တန္းခဲ့တာပါ။

ေျမာင္းျမၿမိဳ႕မ ရဲစခန္းက တာဝန္ရွိသူက “ဦးတင္ေမာင္ဝင္းကို စစ္ေဆးတဲ့အခါမွာ ေငြ ၃ ေသာင္းပဲ သူ႔မွာက်န္ေတာ့တယ္၊ ၄၉ သိန္းကို ဓာတ္ေျမဩဇာဖိုး ေပး

ေခ်တယ္၊ ၅ သိန္း ၃ ေသာင္းကို သုံးစြဲတယ္လို႔ ေပၚေပါက္ခဲ့တယ္။ ျပည္သူေတြကို ေထာက္ပံ့ေငြ မေပးဘဲ ကိုယ္က်ိဳးသုံးခဲ့လို႔ ေျမာင္းျမၿမိဳ႕မရဲစခန္းမွာ ကံဘဲ့

ေလးေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးတင္ေမာင္ဝင္းကို ဖမ္းဆီးစစ္ေဆးေနပါတယ္”လို႔ ေျပာပါတယ္။

ကံဘဲ့ေလးေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႈး ဦးတင္ေမာင္ဝင္းကို ေျမာင္းၿမိဳ႕မရဲစခန္းမွာ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၄၀၉ နဲ႔ ဖမ္းဆီးအမႈဖြင့္ စစ္ေဆးေနပါတယ္။

ေျမာင္းျမၿမိဳ႕နယ္အတြင္း ေက်း႐ြာအုပ္စုေပါင္း ၁၁၄ အုပ္စုရွိၿပီး ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားေတြကို တအိမ္ေထာင္ ေငြက်ပ္ ၂ ေသာင္းက်ပ္ႏႈန္းနဲ႔ အိမ္

ေထာင္စုေပါင္း ၂၉၃၅၁ စုအတြက္ ႏိုင္ငံေတာ္က ဒုတိယ အႀကိမ္ေထာက္ပံ့ေငြ စုစုေပါင္း ၅၈၇,၀၂၀,၀၀၀ က်ပ္ကို ေထာက္ပံ့ေပးအပ္ခဲ့တာလို႔ အေထြေထြအုပ္

ခ်ဳပ္ေရးမႉး႐ုံးက သိရပါတယ္။

ဧရာဝတီတိုင္းအတြင္း ႏိုင္ငံေတာ္မွပုံမွန္ဝင္ေငြ မရွိတဲ့ အိမ္ေထာင္စုေတြကို ေထာက္ပံ့တဲ့ ေငြေတြကို ျပည္သူေတြမေပးဘဲ အလြဲသုံးစားျပဳလုပ္မႈနဲ႔ ဖမ္းဆီးအေရးယူ

ခဲ့မႈမွာ ပထမဆုံးအႀကိမ္လည္း ျဖစ္ပါတယ္။

မင္းထက္မုန္း (ပုသိမ္)

Unicode

နိုင်ငံတော်က ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့တဲ့ ငွေကျပ်သိန်း ၅၀ ကျော်ကို ပြည်သူတွေထံမပေးဘဲ အလွဲသုံးစားပြုလုပ်ခဲ့တဲ့ မြောင်း

မြမြို့နယ်၊ ကံဘဲ့လေး‌ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို မြောင်းမြမြို့မရဲ့စခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကံဘဲ့လေးကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၂၇၃ စုအတွက် တအိမ်ထောင်ကို ၂ သောင်းကျပ်စီနဲ့ နိုင်ငံတော်က ထောက်ပံ့ငွေ ၅၄ သိန်း ၆ သောင်းကျပ်

ကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက ပြည်သူကိုမပေးဘဲ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ကြောင်း စစ်‌ဆေးပေါ်ပေါက်ခဲ့လို့ မြောင်းမြမြို့နယ် ဒု

အုပ်ချုပ်ရေးမှုးဦးမျိုးခိုင်က တရားလိုပြုလုပ် တိုင်တန်းခဲ့တာပါ။

မြောင်းမြမြို့မ ရဲစခန်းက တာဝန်ရှိသူက “ဦးတင်မောင်ဝင်းကို စစ်ဆေးတဲ့အခါမှာ ငွေ ၃ သောင်းပဲ သူ့မှာကျန်တော့တယ်၊ ၄၉ သိန်းကို

ဓာတ်မြေဩဇာဖိုး ပေးချေတယ်၊ ၅ သိန်း ၃ သောင်းကို သုံးစွဲတယ်လို့ ပေါ်ပေါက်ခဲ့တယ်။ ပြည်သူတွေကို ထောက်ပံ့ငွေ မပေးဘဲ ကိုယ်ကျိုးသုံးခဲ့လို့ မြောင်းမြ

မြို့မရဲစခန်းမှာ ကံဘဲ့လေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းကို ဖမ်းဆီးစစ်ဆေးနေပါတယ်”လို့ ပြောပါတယ်။

ကံဘဲ့လေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးတင်မောင်ဝင်းကို မြောင်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ နဲ့ ဖမ်းဆီးအမှုဖွင့် စစ်ဆေးနေ

ပါတယ်။

မြောင်းမြမြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း ၁၁၄ အုပ်စုရှိပြီး ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို တအိမ်ထောင် ငွေကျပ် ၂ သောင်းကျပ်

နှုန်းနဲ့ အိမ်ထောင်စုပေါင်း ၂၉၃၅၁ စုအတွက် နိုင်ငံတော်က ဒုတိယ အကြိမ်ထောက်ပံ့ငွေ စုစုပေါင်း ၅၈၇,၀၂၀,၀၀၀ ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့တာ

လို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

ဧရာဝတီတိုင်းအတွင်း နိုင်ငံတော်မှပုံမှန်ဝင်ငွေ မရှိတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့တဲ့ ငွေတွေကို ပြည်သူတွေမပေးဘဲ အလွဲသုံးစားပြုလုပ်မှုနဲ့

ဖမ်းဆီးအရေးယူခဲ့မှုမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

မင်းထက်မုန်း (ပုသိမ်)