ပြည်တွင်းသတင်း
=========================================
ကိုစိုးကြီး
Unicode
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေနံချောင်းမြို့နယ် ကုန်းသောင်ကျေးရွာ အ.ထ.က(ခွဲ)ကျောင်း ယာယီပိတ်ထားရ
=========================================
ရေနံချောင်း ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဝက်လွတ်ကျေးရွာအုပ်စု ကုန်းသောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ဧရာဝတီမြစ်ရေဝင်
ရောက်မှုကြောင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ များ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဇူလိုင် ၃၀ ရက်နေ့မှ စတင်၍
ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။
ဧရာဝတီမြစ်ရေမြှင့်တက်မှုကြောင့် ဇူလိုင် ၃၀ ရက်နေ့တွင် ကုန်းသောင်ကျေးရွာ အ.ထ.က(ခွဲ)ကျောင်း အတွင်း မြစ်ရေနှစ်ပေနီးပါး ဝင်ရောက်ခဲ့
ပြီး ဆရာ/ဆရာမ ၁၃ ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၁၁ ဦးတို့အား ဘေးန္တရာယ်ကင်းရှင်းစေရန် အတွက် ယာယီပိတ်ထားခဲ့
ခြင်းဖြစ်သည်။ အဆိုပါကျောင်းပိတ်ရက် များကို မြစ်ရေပြန်လည်ကျဆင်းချိန် အဖိတ်နေ့များတွင် ပြန်လည် အစားထိုးသင်ကြားသွား မည်ဖြစ်ကြောင်း သိရ
သည်။
ရေနံချောင်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းနှင့် အထက်တန်း(ခွဲ) ကျောင်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး
ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ယခုလ ၂၁ ရက်နေ့မှစ၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး