အထှထှေဗေဟုသုတ


➖➖➖➖➖➖➖

ဖိနပ်​ရဲ့တန်​ဖိုးကို


သိရသလို

လူ့ဘဝတန်​ဖိုးဟာလည်း

သေပီး​နောက်​ဘဝကျမှ

သိရတတ်​ပါတယ်​။


ကာယကံ၊ဝစီကံ၊မ​နောကံ

စတဲ့ ကံသုံးပါးကို


အသိ သတိ အမြဲရှိနေပါစေ။

လက်​ရှိအချိန်​ဟာ

ဘဝအတွက်




ဘယ်​သူမပြု မိမိမူပါပဲ။

အထူးသဖြင့်


စေတနာအပြည့်​ထားပြီး


လုပ်ဆောင်နေရမှာပါ။




တကယ်​​တော့



တန်​ဖိုးကျဖို့က​တော့



အမြဲ သတိရှိ​နေပါ။

သံသရာ မဆုံးသမျှ





ပြုသင့်​ပြုထိုက်​တဲ့



မပြုသင့်​ မပြုအပ်တဲ့


မပြုဖြစ်ရလေအောင်


နေသင့်​ပါ​ကြောင်း


💕မျိုးနိုင်-တန့်ဆည်ည်

Unicode

လူဖြစ်ရကျိုးနပ်စေဖို့
➖➖➖➖➖➖➖

ဖိနပ်ရဲ့တန်ဖိုးကို

ကန္တာရ နေပူပူထဲ သွားနေရမှ

သိရသလို

လူ့ဘဝတန်ဖိုးဟာလည်း

သေပီးနောက်ဘဝကျမှ

သိရတတ်ပါတယ်။

အသေမဦးခင် အနေထူးဖို့အတွက်

ကာယကံ၊ဝစီကံ၊မနောကံ

စတဲ့ ကံသုံးပါးကို

အထူးစောင့်ရှောက်ထိမ်းသိမ်းနေဖို့

အသိ သတိ အမြဲရှိနေပါစေ။

လက်ရှိအချိန်ဟာ

ဘဝအတွက်

အကောင်းဆုံး ပြင်ဆင်လုပ်ဆောင်နိုင်ဖို့

အခွင့်အရေး အပြည့်အဝ ရရှိနေပါတယ်။

အကျိုးရှိရှိ အသုံးချနိုင်ဖို့်ကတော့

ဘယ်သူမပြု မိမိမူပါပဲ။

အထူးသဖြင့်

ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်

စေတနာအပြည့်ထားပြီး

အများ ‌ကောင်းကျိုး‌ရှေ့ရှူ့ကာ

လုပ်ဆောင်နေရမှာပါ။

ကိုယ့်လုပ်ရပ်ဟာ ကိုယ့်သမိုင်းမို့

အကောင်းဆုံး ‌ရေးထိုးနိုင်ဖို့

အစဉ်ကြိုးစား လုပ်ဆောင်နေသင့်ပါတယ်။

တကယ်တော့

တန်ဖိုးတက်ဖို့ နှစ်ကာလရှည်ကြာ

ထိမ်းသိမ်းစောင့်ရှောက်ရတတ်ပြီး

တန်ဖိုးကျဖို့ကတော့

တစ်မိနစ် တစ်စက္ကန့်အတွင်း မှာပဲ

ချင်ချင်း ကျဆင်းသွားနိုင်တယ်ဆိုတာ

အမြဲ သတိရှိနေပါ။

သံသရာ မဆုံးသမျှ

ဘဝက ကျင်လည်ရအုံးမှာမို့

လူ့ဘဝခဏတာ အလည်ရောက်လာခိုက်

လူဖြစ်ရကျိုး နပ်စေဖို့ အတွက်

ဘဝရဲ့ တန်ဖိုးကို နားလည်ကာ

ပြုသင့်ပြုထိုက်တဲ့

ကုသိုလ်ကောင်းမှု မှန်သမျှ

ကြိုးစား အားထုတ် လုပ်ဆောင်နေရင်း

မပြုသင့် မပြုအပ်တဲ့

မကောင်းမှုတွေကိုလည်း

မပြုဖြစ်ရလေအောင်

ဂရုတစိုက် ထိမ်းသိမ်းစောင့်ရှောက်

နေသင့်ပါကြောင်း

စေတနာကောင်းနဲ့ အသိပေးပါရစေ…။

💕မျိုးနိုင်-တန့်ဆည်ည်