ပြည်တွင်းသတင်း




နေပြည်တော်။ သြဂုတ် ၁






၏လက်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၈၅ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄.၂၅ သိန်း)၊ နေ


ကာလပေါက် ဈေးတန်ဖိုးငွေကျပ် ၁.၂၅ သိန်း)၊ Ice အလေးချိန် ၂ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁.၆ သိန်း)၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင်အ







အဆိုပါအခန်းအား ၀င်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၇၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၉၈၅၀ )နှင့် လက်ကိုင်ဖုန်း ၁ လုံး




Unicode

တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်မြို့နယ်တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံများအား ငွေကျပ်သိန်း ၉၈၅၇.၁ တန်ဖိုးရှိ စိတ်ကြွ

ရူးသွပ်ဆေးပြားများနှင့်အတူ ထပ်မံဖမ်းဆီးရမိ

နေပြည်တော်။ သြဂုတ် ၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် တနင်္သာရီတိုင်းဒေသ ကြီး၊ ထား၀ယ်မြို့နယ်တွင်

မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံများအား ငွေကျပ်သိန်း ၉၈၅၇.၁ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့

ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၃၁ ရက်နေ့ ၀၃၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များ သည် သတင်းအရ သက်သေများ

နှင့်အတူ ထား၀ယ်မြို့၊ ဘုမ္မာရပ်ကွက်နေ သန်းအောင်(ခ)နိုင်နိုင်၀င်း ၅၃ နှစ် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်တွင်၎င်းနှင့်အတူ

ထား၀ယ်မြို့၊ ဝဲကျွန်းမြို့သစ်ရပ်ကွက်နေ နေမျိုးသူစိုး(ခ) နေနေ ၂၄ နှစ်နှင့် ဝဲကျွန်းထိန်ဟောင်းရပ်ကွက်နေ ရန်နိုင်၀င်း(ခ)ရန်နိုင် ၂၅ နှစ်တို့အားတွေ့

ရှိပြီး သန်းအောင် (ခ)နိုင်နိုင်၀င်း ၏လက်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၈၅ ပြား (ဒေသကာလ

ပေါက်စျေးတန်ဖိုးငွေကျပ် ၄.၂၅ သိန်း)၊ နေမျိုးသူစိုး(ခ)နေနေ နှင့် ရန်နိုင်၀င်း(ခ)ရန်နိုင် တို့ထိုင်နေ သည့်အနီးမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထ

ည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၅ ပြား(ဒေသကာလပေါက် စျေးတန်ဖိုးငွေကျပ် ၁.၂၅ သိန်း)၊ Ice အလေးချိန် ၂ ဂရမ် (ဒေသကာလပေါက်စျေး

တန်ဖိုးငွေကျပ် ၁.၆ သိန်း)၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရ မိခဲ့

ပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးခဲ့ပါသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါမူးယစ်ဆေးဝါးများအား ထား၀ယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်တွင် ဌားရမ်းနေထိုင် သည့် ကျော်ကျော်ဆက်(ခ)ဂွမ်း ၂၅

နှစ်ထံမှ ၀ယ်ယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သဖြင့် စုံစမ်းခဲ့ရာ ၎င်းမှာ လောင်းလုံးမြို့ နယ်၊ မောင်းမကန်ကျေးရွာရှိ ——ဘန်ဂလိုသို့ရောက်ရှိနေ

ကြောင်းသိရှိခဲ့ပြီး သွားရောက်ရှာဖွေရာ ဘန်ဂလိုထဲတွင် ကျော်ကျော်ဆက်(ခ)ဂွမ်း နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊

(၉)ရပ်ကွက်နေ ထွန်းဦးကျော်(ခ) အာကာ ၂၈ နှစ် နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မလစ်ရပ်ကွက်နေ မထက်ထက်ဦး(ခ)ထက်ထက် ၂၁

နှစ် တို့ အားတွေ့ရှိပြီး စစ်ဆေးခဲ့ရာ ၎င်းတို့ ၃ ဦးဌားရမ်းနေထိုင်သည့် ဆင်ဆိပ်ရပ်ကွက်၊(၅)ခန်းတွဲ၊ (၄)ခန်းမြောက်အခန်း တွင် စိတ်ကြွရူးသွပ်

ဆေးပြားများသိမ်းဆည်းထားကြောင်း ပေါ်ပေါက်သဖြင့် ၁၄၀၀ အချိန်တွင် အဆိုပါအခန်းအား ၀င်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၇၀၀၀

ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၉၈၅၀ )နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါသိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်ပြီး ထား၀ယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ

ဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိ ကြောင်း သတင်းရရှိသည်။