ျပည္တြင္းသတင္း

ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ပန္းတိမ္ဆရာလင္းမယားႏွစ္ေယာက္ အသတ္ခံရ

ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ပန္းတိမ္ဆရာလင္းမယားႏွစ္ေယာက္ အသတ္ခံရ

=========================================

ရန္ကုန္တိုင္းေဒသႀကီး၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ၇ ရပ္ကြက္ ၆လမ္း(ခ)တြင္ ေနထိုင္ေသာ ပန္းထိမ္ ဆရာ လင္မယားႏွစ္ဦးျဖစ္ၾကသည့္ ဦးထြန္းလႈိင္ ႏွင့္ ေဒၚ

လွလွတို႔မွာ ဇူလိုင္လ ၃၁ရက္ ၊ ည ၈နာရီခန္႔ အခ်ိန္က သူတို႔၏ ေနအိမ္တိုက္ခန္းတြင္ အသတ္ခံခဲ့ရေၾကာင္း၇ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးလွျမင့္က ျပည္ျမန္

မာကို ေျပာသည္။

”မေန႔ည ၈နာရီေလာက္က လူတစ္ေယာက္က ရုံးကိုလာေျပာလို႔ သိရတယ္။ သိရေတာ့ နယ္ထိန္းကို ဖုန္းဆက္ေပါ့။ ရဲကိုအေၾကာင္းၾကားၿပီးေတာ့ အဲ့အိမ္ကို

၀င္တာေပါ့။ CCTV မွတ္တမ္းနဲ႔ လာတဲ့ လမ္း ေၾကာင္းေတြကို လိုက္ေနတယ္။ ထင္ျမင္ယူဆလို႔ ရတဲ့ လူတစ္ေယာက္ေတာ့ ေတြ႔ထားၿပီးလို႔ သိရ တယ္” ဟု

ဦးလွျမင့္ကေျပာသည္။

အဆိုပါျဖစ္ ျဖစ္စဥ္ႏွင့္ပတ္သက္၍ လူသတ္မႈ ၃၀၂ ပုဒ္မ ျဖင့္ အမႈဖြင့္အေရးယူထားၿပီး ျပစ္မႈက်ဴးလြန္ သူမ်ားကို စုံစမ္းစစ္ေဆးလ်က္ရွိေနေၾကာင္း ေတာင္ဥကၠ

လာပၿမိဳ႕မ ရဲစခန္းမွဴး ဒုရဲမွဴး ေရႊေဌးက ျပည္ျမန္မာကို ေျပာသည္။

မိုင္းေစာလြင္

ဓာတ္ပုံ-Thet Zaw

Unicode

တောင်ဥက္ကလာပမြို့နယ်တွင် ပန်းတိမ်ဆရာလင်းမယားနှစ်ယောက် အသတ်ခံရ =========================================

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ၇ ရပ်ကွက် ၆လမ်း(ခ)တွင် နေထိုင်သော ပန်းထိမ် ဆရာ လင်မယားနှစ်ဦးဖြစ်ကြသည့် ဦးထွန်း

လှိုင် နှင့် ဒေါ်လှလှတို့မှာ ဇူလိုင်လ ၃၁ရက် ၊ ည ၈နာရီခန့် အချိန်က သူတို့၏ နေအိမ်တိုက်ခန်းတွင် အသတ်ခံခဲ့ရကြောင်း၇ ရပ်ကွက်

အုပ်ချုပ်ရေးမှူး ဦးလှမြင့်က ပြည်မြန်မာကို ပြောသည်။

”မနေ့ည ၈နာရီလောက်က လူတစ်ယောက်က ရုံးကိုလာပြောလို့ သိရတယ်။ သိရတော့ နယ်ထိန်းကို ဖုန်းဆက်ပေါ့။ ရဲကိုအကြောင်းကြားပြီးတော့ အဲ့အိမ်ကို

ဝင်တာပေါ့။ CCTV မှတ်တမ်းနဲ့ လာတဲ့ လမ်း ကြောင်းတွေကို လိုက်နေတယ်။ ထင်မြင်ယူဆလို့ ရတဲ့ လူတစ်ယောက်တော့ တွေ့ထားပြီးလို့ သိရ တယ်”

ဟု ဦးလှမြင့်ကပြောသည်။

အဆိုပါဖြစ် ဖြစ်စဉ်နှင့်ပတ်သက်၍ လူသတ်မှု ၃၀၂ ပုဒ်မ ဖြင့် အမှုဖွင့်အရေးယူထားပြီး ပြစ်မှုကျူးလွန် သူများကို စုံစမ်းစစ်ဆေးလျက်ရှိနေ

ကြောင်း တောင်ဥက္ကလာပမြို့မ ရဲစခန်းမှူး ဒုရဲမှူး ရွှေဌေးက ပြည်မြန်မာကို ပြောသည်။

မိုင်းစောလွင်

ဓာတ်ပုံ-Thet Zaw