ဆယ္လီသတင္း

မ်ိဳးတုန္းေပ်ာက္ကြယ္လုနီးပါးျဖစ္ေနတဲ့ ဧရာဝတီလင္းပိုင္ေလးေတြကို ကာကြယ္ဖို႔ အစီအစဥ္တစ္ခု မွ်ေဝလာတဲ့ တုတု

လတ္တေလာ လူမႈကြန္ရက္မွာ အမ်ားဆုံးေတြ႕ျမင္ေနရတဲ့ စိတ္မေကာင္းစရာအျဖစ္တစ္ခုကေတာ့ ဧရာဝတီလင္းပိုင္ေလးေတြရဲ႕ ေသဆုံးမႈပါ။ ကမာၻ႔ရွားပါးမ်ိဳးစိတ္

တစ္ခုျဖစ္တဲ့အျပင္ အေကာင္ေရ(၈၀) ေအာက္သာ က်န္ရွိေတာ့တာမို႔ ဒီထက္ပိုၿပီး မေသေအာင္ ဂ႐ုစိုက္ၾကရမွာ ႏိုင္ငံသားတိုင္းရဲ႕တာဝန္ျဖစ္ေပမယ့္ အသိ

ဉာဏ္မဲ့သူတခ်ိဳ႕ရဲ႕ ဖမ္းဆီးသတ္ျဖတ္ခံရျခင္း၊ ေရွာ့တိုက္သတ္ျခင္းခံေနရေၾကာင့္ အေကာင္ေရ တျဖည္းျဖည္းေလ်ာ့ပါးလာခဲ့ၿပီျဖစ္ပါတယ္။ မ်ိဳးတုန္းလုနီးပါးျဖစ္ေန

တဲ့ ဧရာဝတီလင္းပိုင္ေလးေတြရဲ႕အနာဂတ္အတြက္ အကုန္ဝိုင္းဝန္းပူးေပါင္းၾကဖို႔ လူမႈကြန္ရက္မွာ စာေတြျဖန္႔ေဝေနၾကသလို ပရိသတ္ရဲ႕အခ်စ္ေတာ္ေဆာင္းဝတ္

ရည္ေမကလည္း အစီအစဥ္တစ္ခုကို မွ်ေဝခဲ့ပါတယ္။

“တိုတိုနဲ႔လိုရင္းပဲေရးပါ့မယ္ေနာ္ ။ဒီ Post ေလးကို လူတစ္ေယာက္ကေန စၿပီး လူအမ်ားျမင္ႏိုင္ေအာင္ sharing လုပ္ေပးေစခ်င္ပါတယ္။ Dolphins ေလး

ေတြဆိုတာ ခ်စ္စရာေရေန ႏို႔တိုက္သတၱဝါေလးေတြပါ ။ တစ္ျခားေသာ ေရေနသတၱဝါေတြနဲ႔လည္းမတူဘဲ intelligence ပိုရွိၿပီး လူေတြနဲ႔ Friendlyျဖစ္

ေအာင္ေနတတ္တဲ့ သတၱဝါေလးေတြပါ ။ Dolphins ေလးေတြ အ႐ြယ္ေရာက္လာဖို႔အခ်ိန္ကလည္း အရမ္းကိုအခ်ိန္ယူၿပီး ႀကီးထြားလာရလို႔ ဆုံးရႈံးရတဲ့အခါမွာ

လည္း ပိုႏွေမ်ာရပါတယ္ရွင္။ ဒီလိုႏို႔တိုက္ သတၱဝါေလးေတြ ဆုံးရႈံးေနရတာကလည္းသူတို႔ထပ္ အသိဉာဏ္အမ်ားႀကီး ပိုရွိလွတဲ့ ကြၽန္မတို႔ လူသားေတြေၾကာင့္ပါ ။

အခုမ်ိဳးတုန္းေပ်ာက္ကြယ္လုနီးပါးျဖစ္ေနတဲ့ ျမန္မာ့လင္းပိုင္ေလးေတြကိုလည္း ထပ္မဆုံးရႈံးရေအာင္ အားလုံးပဲ ဝိုင္းဝန္းၿပီး ကာကြယ္ေစာင့္ေရွာက္ေစခ်င္ပါတယ္ရွင္။

ၿပိဳင္တူတြန္းလွ်င္ ေ႐ြ႕ႏိုင္ပါတယ္ရွင္ ။ အားလုံးဝိုင္းဝန္းကာကြယ္ၾကရေအာင္ပါ” ဆိုၿပီး ေရးသားခဲ့တဲ့အျပင္

ေနာက္တစ္ပတ္ထဲမွာ လူအမ်ားစုဆီကလက္မွတ္ေကာက္ၿပီး ထိေရာက္တဲ့ကာကြယ္အေရးယူမႈေတြကို ေတာင္းဆိုဖို႔ ပညာရွင္မ်ားစြာတိုင္ပင္ၿပီး campaign ေလး

တစ္ခုစီစဥ္သြားမယ့္အေၾကာင္းမွ်ေဝခဲ့ပါတယ္။ လင္းပိုင္ေလးေတြကို ကာကြယ္ဖို႔ ပါဝင္ခ်င္တယ္ဆိုရင္ေတာ့ Irrawaddy Dolphin Awareness campaign

ဆိုတဲ့ ေဖ့ဘြတ္ခ္ေပ့ခ်္ေလးကို Like လုပ္ကာ ေစာင့္ၾကည့္ၿပီး ပူးေပါင္းပါဝင္ႏိုင္တဲ့အေၾကာင္း သူ႔ရဲ႕ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။ ပရိသတ္ႀကီးေရ ကာ

ကြယ္ေစာင့္ေရွာက္မႈ အျပည့္အဝလိုအပ္ေနတဲ့ ဧရာဝတီလင္းပိုင္ေလးေတြအတြက္ တုတုနဲ႔အတူ တစ္တပ္တစ္အား ဝိုင္းဝန္းကူညီလိုက္ၾကရေအာင္ေနာ္။

Source – Hsaung Wutyee May

Rainbow- Cele Gabar

Unicode

လတ်တလော လူမှုကွန်ရက်မှာ အများဆုံးတွေ့မြင်နေရတဲ့ စိတ်မကောင်းစရာအဖြစ်တစ်ခုကတော့ ဧရာဝတီလင်းပိုင်လေးတွေရဲ့ သေဆုံးမှုပါ။ ကမ္

ဘာ့ရှားပါးမျိုးစိတ်တစ်ခုဖြစ်တဲ့အပြင် အကောင်ရေ(၈၀) အောက်သာ ကျန်ရှိတော့တာမို့ ဒီထက်ပိုပြီး မသေအောင် ဂရုစိုက်ကြရမှာ နိုင်ငံသားတိုင်း

ရဲ့တာဝန်ဖြစ်ပေမယ့် အသိဉာဏ်မဲ့သူတချို့ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ ရှော့တိုက်သတ်ခြင်းခံနေရကြောင့် အကောင်ရေ တဖြည်းဖြည်းလျော့ပါးလာခဲ့ပြီဖြစ်

ပါတယ်။ မျိုးတုန်းလုနီးပါးဖြစ်နေတဲ့ ဧရာဝတီလင်းပိုင်လေးတွေရဲ့အနာဂတ်အတွက် အကုန်ဝိုင်းဝန်းပူးပေါင်းကြဖို့ လူမှုကွန်ရက်မှာ စာတွေဖြန့်ဝေနေကြ

သလို ပရိသတ်ရဲ့အချစ်တော်ဆောင်းဝတ်ရည်မေကလည်း အစီအစဉ်တစ်ခုကို မျှဝေခဲ့ပါတယ်။

“တိုတိုနဲ့လိုရင်းပဲရေးပါ့မယ်နော် ။ဒီ Post လေးကို လူတစ်ယောက်ကနေ စပြီး လူအများမြင်နိုင်အောင် sharing လုပ်ပေးစေချင်ပါတယ်။ Dolphins လေး

တွေဆိုတာ ချစ်စရာရေနေ နို့တိုက်သတ္တဝါလေးတွေပါ ။ တစ်ခြားသော ရေနေသတ္တဝါတွေနဲ့လည်းမတူဘဲ intelligence ပိုရှိပြီး လူတွေနဲ့

Friendlyဖြစ်အောင်နေတတ်တဲ့ သတ္တဝါလေးတွေပါ ။ Dolphins လေးတွေ အရွယ်ရောက်လာဖို့အချိန်ကလည်း အရမ်းကိုအချိန်ယူပြီး ကြီးထွားလာရလို့

ဆုံးရှုံးရတဲ့အခါမှာလည်း ပိုနှမျောရပါတယ်ရှင်။ ဒီလိုနို့တိုက် သတ္တဝါလေးတွေ ဆုံးရှုံးနေရတာကလည်းသူတို့ထပ် အသိဉာဏ်အများကြီး

ပိုရှိလှတဲ့ ကျွန်မတို့ လူသားတွေကြောင့်ပါ ။ အခုမျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့လင်းပိုင်လေးတွေကိုလည်း ထပ်မဆုံးရှုံးရအောင်

အားလုံးပဲ ဝိုင်းဝန်းပြီး ကာကွယ်စောင့်ရှောက်စေချင်ပါတယ်ရှင်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါတယ်ရှင် ။ အားလုံးဝိုင်းဝန်းကာကွယ်ကြရအောင်ပါ”

ဆိုပြီး ရေးသားခဲ့တဲ့အပြင်

နောက်တစ်ပတ်ထဲမှာ လူအများစုဆီကလက်မှတ်ကောက်ပြီး ထိရောက်တဲ့ကာကွယ်အရေးယူမှုတွေကို တောင်းဆိုဖို့ ပညာရှင်များစွာတိုင်ပင်ပြီး

campaign လေးတစ်ခုစီစဉ်သွားမယ့်အကြောင်းမျှဝေခဲ့ပါတယ်။ လင်းပိုင်လေးတွေကို ကာကွယ်ဖို့ ပါဝင်ချင်တယ်ဆိုရင်တော့ Irrawaddy Dolphin

Awareness campaign ဆိုတဲ့ ဖေ့ဘွတ်ခ်ပေ့ချ်လေးကို Like လုပ်ကာ စောင့်ကြည့်ပြီး ပူးပေါင်းပါဝင်နိုင်တဲ့အကြောင်း သူ့ရဲ့ပရိသတ်တွေကို အသိပေးခဲ့ပါ

တယ်။ ပရိသတ်ကြီးရေ ကာကွယ်စောင့်ရှောက်မှု အပြည့်အဝလိုအပ်နေတဲ့ ဧရာဝတီလင်းပိုင်လေးတွေအတွက် တုတုနဲ့အတူ တစ်တပ်တစ်အား

ဝိုင်းဝန်းကူညီလိုက်ကြရအောင်နော်။

Source – Hsaung Wutyee May

Rainbow- Cele Gabar