ျပည္တြင္းသတင္း

ၤေအာင္ဆန္းကြင္းကို ႏိုင္ငံတကာအဆင့္မီအားကစားကြင္းႀကီးအျဖစ္ ျပန္ျပင္တည္ေဆာက္မည္

ေအာင္ဆန္းကြင္းကို ႏိုင္ငံတကာအဆင့္မီအားကစားကြင္းႀကီးအျဖစ္ ျပန္ျပင္တည္ေဆာက္မည္
======================

ရန္ကုန္ၿမိဳ႕ သမိုင္းဝင္ ေအာင္ဆန္းအားကစားကြင္းႀကီးကို ႏိုင္ငံတကာစံႏႈန္းႏွင့္အညီ ေခတ္မီကားပါကင္မ်ားပါဝင္ေသာ အားကစားကြင္းႀကီးအျဖစ္ ခမ္းနားစြာ ျပန္

လည္ျပဳျပင္တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ေနျပည္ေတာ္ရွိ အားကစားႏွင့္ ကာယပညာဦးစီးဌာန႐ုံးတြင္ ၿပီးခဲ့သည့္ ဇူလိုင္ ၂၈ ရက္ကျပဳလုပ္ေသာ ေအာင္ဆန္းကြင္းအဆင့္ျမႇင့္တင္တည္ေဆာက္ျခင္းလုပ္

ငန္းႏွင့္ (၁၆) ခုတင္ ဆံ့၊ (၂၅) ခုတင္ဆံ့ ျပည္သူ႔ ေဆး႐ုံမ်ား ဗိသုကာၿပိဳင္ပြဲက်င္းပႏိုင္ေရးႏွင့္ပတ္သက္သည့္ ညႇိႏႈိင္းအစည္းအေဝးမွ သိရသည္။

ျမန္မာႏိုင္ငံ၏ အထင္ကရ အားကစားကြင္းတစ္ခု ျဖစ္ေသာ ေအာင္ဆန္း အားကစား ကြင္းကို ေခတ္စနစ္ႏွင့္အညီ ျပန္လည္ ျပဳျပင္အသုံးျပဳႏိုင္ေရးတြင္ အ

ေဆာက္ အအုံမ်ား ႀကံ့ခိုင္မႈ ရွိ/မရွိ ကို ေဆာက္လုပ္ေရး ဝန္ႀကီးဌာန အေဆာက္အဦ ဦးစီးဌာနမွစစ္ေဆးခဲ့ရာ ၇၀ ရာခိုင္ႏႈန္း ႀကံ့ခိုင္မႈမရွိ၍ အသုံး ျပဳရန္

မသင့္ေတာ္ေၾကာင္း စိစစ္ေတြ႕ရွိရေၾကာင္း သိရသည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာျမေလးစိန္က အဆိုပါကြင္းႀကီး ခမ္းနားစြာ ျပန္လည္ျပဳျပင္တည္ေဆာက္ႏိုင္ေရးအတြက္ ပုံစံသစ္

ဒီဇိုင္းရရွိႏိုင္ေရးတြင္ ၿပိဳင္ပြဲျပဳလုပ္ႏိုင္ေရး ပညာရွင္မ်ားမွ ဝိုင္းဝန္းေဆြးေႏြးေပးၾကရန္ ယင္းအစည္းအေဝးတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

ထို႔အျပင္ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္၊ အာရွေဘာလုံးအဖြဲ႕ခ်ဳပ္တို႔၏ သတ္မွတ္ခ်က္စံမ်ားႏွင့္ ကိုက္ညီေစေရး၊ စီးပြား ေရးလုပ္ငန္းရွင္မ်ား ရင္းႏွီးျမႇဳပ္ႏွံၿပီး လုပ္ကိုင္ႏိုင္

မႈ အခြင့္အေရးရရွိေရး၊ တည္ေဆာက္ျပဳျပင္ ၿပီးစီးပါက ျပည္ သူမ်ားအတြက္ အက်ိဳးျပဳမႈရရွိေစေရး၊ ႏိုင္ငံတကာစံႏႈန္းႏွင့္အညီ ေခတ္မီကားပါကင္မ်ား၊ ေစ်းဆိုင္

မ်ား စနစ္တက်ရွိေစေရး၊ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈအား (BOT) စနစ္ျဖင့္ လုပ္ကိုင္ေဆာင္႐ြက္ႏိုင္ေရးကိစၥရပ္မ်ားကို ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ (MFF) မွ တာဝန္ရွိ

သူမ်ားက ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

“သူတို႔ အဓိကေဆြးေႏြးတဲ့အထဲမွာ ကားပါကင္ေပါ့။ အရင္တုန္းကလို မဟုတ္ေတာ့ဘူး။ ကားပါကင္ကလည္း အဓိကက်တယ္။ ေဘာလုံးပြဲလာၾကည့္တဲ့သူေတြရဲ႕

ကားေတြထားဖို႔အတြက္ ကားပါကင္ေတြကလည္း လိုတာေပါ့။ သူတို႔လည္း စဥ္းစားမွာေပါ့။ ႏိုင္ငံျခားက ေခတ္မီတဲ့ကြင္းေတြလည္းရွိပါတယ္။ Bernabeu ကြင္းေ

တြ ဘာေတြၾကည့္ၿပီးေတာ့ သူတို႔ထက္သာတဲ့ ကြင္းေတြဆြဲေပါ့။ ဒါကိုလည္း တာဝန္ရွိသူေတြ ဒီဇိုင္းဆြဲဖို႔ လုပ္မွာေပါ့။ အစ္ကိုတို႔ကလည္း အေကာင္းဆုံးျဖစ္ခ်င္

တာေပါ့။ ရန္ကုန္တိုင္းမွာ ကြင္းအႀကီးေတြ ခန႔္ခန႔္ ညားညားေတြ လိုခ်င္တာေပါ့။ ေအာင္ဆန္းကြင္း ေျပးလမ္းဆိုရင္လည္း ဘာမွ သုံးလို႔မရ ေတာ့ဘူး။ ေအာင္

ဆန္းကြင္းက ပြဲၾကည့္စင္ေတြလည္း မေကာင္းေတာ့ဘူး။ အိမ္သာေတြ ၊ မိလႅာစနစ္ေတြလည္း အမ်ားႀကီး ျပန္လုပ္ရမွာပါ”ဟု အားကစားႏွင့္ ကာယပညာဦးစီး

ဌာနမွ တာဝန္ရွိသူတဦးက ေျပာသည္။

ေအာင္ဆန္းအားကစားကြင္းပတ္လည္တြင္ ပုဂၢလိကသို႔ငွားရမ္းထားသည့္ ဆိုင္ခန္းေပါင္း ၃၂၁ ခန္းရွိေနၿပီး ကြင္းပတ္လည္တြင္ ကားလက္မွတ္အရာင္းဂိတ္မ်ား၊

ဆိုင္ခန္းမ်ားျဖင့္ အျမင္မတင့္တယ္ျဖစ္ေနေၾကာင္း အင္ဂ်င္နီယာပညာရွင္မ်ားက အႀကံျပဳထားေၾကာင္း သိရသည္။

၂၀၁၈-၁၉ ခု၊ဘ႑ာေရးႏွစ္ ရေငြစာရင္းအရ ဆိုင္းခန္းမ်ား၏ ၁ ႏွစ္ငွားရမ္းခရေငြမွာ က်ပ္သိန္း ၄၈၀ ေက်ာ္သာရွိသည့္အတြက္ ငွားရမ္းခတိုးျမႇင့္ေကာက္ခံရန္

လႊတ္ေတာ္အစည္းအေဝးမ်ားတြင္ ေထာက္ျပခဲ့ၾကသည္။

Credit : လင္းလင္းေအာင္

#popolay #popolaytv #news #ေအာင္ဆန္းကြင္း #ရန္ကုန္

Unicode

အောင်ဆန်းကွင်းကို နိုင်ငံတကာအဆင့်မီအားကစားကွင်းကြီးအဖြစ် ပြန်ပြင်တည်ဆောက်မည်
======================

ရန်ကုန်မြို့ သမိုင်းဝင် အောင်ဆန်းအားကစားကွင်းကြီးကို နိုင်ငံတကာစံနှုန်းနှင့်အညီ ခေတ်မီကားပါကင်များပါဝင်သော အားကစားကွင်းကြီးအဖြစ်

ခမ်းနားစွာ ပြန်လည်ပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နေပြည်တော်ရှိ အားကစားနှင့် ကာယပညာဦးစီးဌာနရုံးတွင် ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်ကပြုလုပ်သော အောင်ဆန်းကွင်းအဆင့်မြှင့်တင်

တည်ဆောက်ခြင်းလုပ်ငန်းနှင့် (၁၆) ခုတင် ဆံ့၊ (၂၅) ခုတင်ဆံ့ ပြည်သူ့ ဆေးရုံများ ဗိသုကာပြိုင်ပွဲကျင်းပနိုင်ရေးနှင့်ပတ်သက်သည့် ညှိနှိုင်း

အစည်းအဝေးမှ သိရသည်။

မြန်မာနိုင်ငံ၏ အထင်ကရ အားကစားကွင်းတစ်ခု ဖြစ်သော အောင်ဆန်း အားကစား ကွင်းကို ခေတ်စနစ်နှင့်အညီ ပြန်လည် ပြုပြင်အသုံးပြုနိုင်ရေးတွင်

အဆောက် အအုံများ ကြံ့ခိုင်မှု ရှိ/မရှိ ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန အဆောက်အဦ ဦးစီးဌာနမှစစ်ဆေးခဲ့ရာ ၇၀ ရာခိုင်နှုန်း ကြံ့ခိုင်

မှုမရှိ၍ အသုံး ပြုရန် မသင့်တော်ကြောင်း စိစစ်တွေ့ရှိရကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အဆိုပါကွင်းကြီး ခမ်းနားစွာ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးအတွက် ပုံစံ

သစ်ဒီဇိုင်းရရှိနိုင်ရေးတွင် ပြိုင်ပွဲပြုလုပ်နိုင်ရေး ပညာရှင်များမှ ဝိုင်းဝန်းဆွေးနွေးပေးကြရန် ယင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ်တို့၏ သတ်မှတ်ချက်စံများနှင့် ကိုက်ညီစေရေး၊ စီးပွား ရေးလုပ်ငန်းရှင်များ ရင်းနှီး

မြှုပ်နှံပြီး လုပ်ကိုင်နိုင်မှု အခွင့်အရေးရရှိရေး၊ တည်ဆောက်ပြုပြင် ပြီးစီးပါက ပြည် သူများအတွက် အကျိုးပြုမှုရရှိစေရေး၊ နိုင်ငံတကာ

စံနှုန်းနှင့်အညီ ခေတ်မီကားပါကင်များ၊ စျေးဆိုင်များ စနစ်တကျရှိစေရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအား (BOT) စနစ်ဖြင့် လုပ်ကိုင်

ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြောင်း သိရသည်။

“သူတို့ အဓိကဆွေးနွေးတဲ့အထဲမှာ ကားပါကင်ပေါ့။ အရင်တုန်းကလို မဟုတ်တော့ဘူး။ ကားပါကင်ကလည်း အဓိကကျတယ်။ ဘောလုံးပွဲလာကြည့်တဲ့သူ

တွေရဲ့ ကားတွေထားဖို့အတွက် ကားပါကင်တွေကလည်း လိုတာပေါ့။ သူတို့လည်း စဉ်းစားမှာပေါ့။ နိုင်ငံခြားက ခေတ်မီတဲ့ကွင်းတွေလည်းရှိပါတယ်။

Bernabeu ကွင်းတွေ ဘာတွေကြည့်ပြီးတော့ သူတို့ထက်သာတဲ့ ကွင်းတွေဆွဲပေါ့။ ဒါကိုလည်း တာဝန်ရှိသူတွေ ဒီဇိုင်းဆွဲဖို့ လုပ်မှာပေါ့။ အစ်ကိုတို့က

လည်း အကောင်းဆုံးဖြစ်ချင်တာပေါ့။ ရန်ကုန်တိုင်းမှာ ကွင်းအကြီးတွေ ခန့်ခန့် ညားညားတွေ လိုချင်တာပေါ့။ အောင်ဆန်းကွင်း ပြေးလမ်းဆိုရင်လည်း

ဘာမှ သုံးလို့မရ တော့ဘူး။ အောင်ဆန်းကွင်းက ပွဲကြည့်စင်တွေလည်း မကောင်းတော့ဘူး။ အိမ်သာတွေ ၊ မိလ္လာစနစ်တွေလည်း အများကြီး ပြန်လုပ်ရ

မှာပါ”ဟု အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

အောင်ဆန်းအားကစားကွင်းပတ်လည်တွင် ပုဂ္ဂလိကသို့ငှားရမ်းထားသည့် ဆိုင်ခန်းပေါင်း ၃၂၁ ခန်းရှိနေပြီး ကွင်းပတ်လည်တွင် ကားလက်မှတ်

အရာင်းဂိတ်များ၊ ဆိုင်ခန်းများဖြင့် အမြင်မတင့်တယ်ဖြစ်နေကြောင်း အင်ဂျင်နီယာပညာရှင်များက အကြံပြုထားကြောင်း သိရသည်။

၂၀၁၈-၁၉ ခု၊ဘဏ္ဍာရေးနှစ် ရငွေစာရင်းအရ ဆိုင်းခန်းများ၏ ၁ နှစ်ငှားရမ်းခရငွေမှာ ကျပ်သိန်း ၄၈၀ ကျော်သာရှိသည့်အတွက်

ငှားရမ်းခတိုးမြှင့်ကောက်ခံရန် လွှတ်တော်အစည်းအဝေးများတွင် ထောက်ပြခဲ့ကြသည်။

Credit : လင်းလင်းအောင်

#popolay #popolaytv #news #အောင်ဆန်းကွင်း #ရန်ကုန်