Celebrities

ချစ်ဇနီးချောလေးရွှေမှုံကိုယ်တိုင်လုပ်ပေးတဲ့ပေါက်စီစားရလို့ ပျော်ရွှင်ကြည်နူးနေတဲ့ ရွှေထူး

ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးခြင်းကို ရရှိထားသူကတော့ အဆိုတော် ရွှေထူးပဲ ဖြစ်ပါတယ်။ သူဟာ ဂီတလောကတွင် အောင်မြင်ရုံသာမကဘဲ သရုပ်ဆောင်ဘက်သို့ ကူးပြောင်းခဲ့ရာတွင်လည်း ပရိသတ်တွေက ပိုပိုပြီး အားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းဟောင်းလေးတွေဟာလည်း ပရိသတ်တွေကြားမှာ ပျံ့လွင့်ကြားနေရဆဲပဲ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း ချစ်ဇနီးလေး ရွှေမှုံရတီနဲ့အတူ ” ကမ်း ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးစီးခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အသက်ငယ်ငယ်လေးနဲ့ ဝါသနာပါရာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ပြီး အောင်မြင်မှုတွေ ရရှိထားတာကြောင့် ပရိသတ်တွေက အားကျနေကြတာပါ။ အခုမှာလည်း ရွှေထူးရဲ့ Facebook Myday လေးမှာ ဓာတ်ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ချစ်ဇနီးချောလေးရွှေမှုံကိုယ်တိုင်လုပ်ပေးတဲ့ပေါက်စီကို ကိုင်ကာ ရိုက်ကူးထားတာပဲ ဖြစ်ပြီး ” မှုန်ကြီး ကိုယ်တိုင်လုပ် ပေါက်စီ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သူတို့နှစ်ယောက်ရဲ့ တစ်ယောက်အပေါ် တစ်ယောက်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို သိရှိနိုင်ရန် အတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်

Sourceand Photo Credit- Htoo Khant’s

Facebook Myday

Leave a Comment