ျပည္တြင္းသတင္း

ရခိုင္မွရန္ကုန္(ေတာင္ဥကၠလာ)တြင္ေျပာင္းေ႐ႊ႕ေနထိုင္ေနသည့္ ဇနီးေမာင္ႏွံႏွစ္ဦးကို တိုက္ခန္းအတြင္း ေသဆုံး

ရခိုင္မွရန္ကုန္(ေတာင္ဥကၠလာ)တြင္ေျပာင္းေ႐ႊ႕ေနထိုင္ေနသည့္ ဇနီးေမာင္ႏွံႏွစ္ဦးကို တိုက္ခန္းအတြင္း ေသဆုံးလ်က္ေတြ႕

မ်ိဳးသီရိေက်ာ္ | DMG ၾသဂုတ္ ၁ ၊ ရန္ကုန္

ရန္ကုန္တိုင္းေဒသႀကီး၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ (၇)ရပ္ကြက္၊ ေျခာက္လမ္း(ခ)ရွိကန္ထရိုက္တိုက္

ငါးလႊာတြင္ ေနထိုင္ေနသည့္ ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕မွ ရခိုင္ဇနီးေမာင္ႏွံႏွစ္ဦး တိုက္ခန္းအတြင္း ေသဆုံးေနသည္ကို ဇူလိုင္လ ၃၁ ရက္ေန႕

ည ၇ နာရီေက်ာ္ခန့္ကေတြ႕ရွိခဲ့ေၾကာင္း မိသားစုဝင္မ်ားထံမွသိရသည္။

ေသဆုံးသူႏွစ္ဦးမွာ ဦးထြန္းလွိုင္ (၄၈ ႏွစ္)ႏွင့္ ေဒၚလွလွ (၄၈ ႏွစ္)တို႔ျဖစ္ၾကၿပီး ဇနီးသည္ျဖစ္သူ က်န္းမာေရးမေကာင္းသျဖင့္ ရန္ကုန္ၿမိဳ႕သို႔ေျပာင္းေ႐ႊ႕

ကာ ေဆးကုသရင္းေနထိုင္ေနသည္မွာ ၂ ႏွစ္ခန့္ ရွိၿပီျဖစ္ေၾကာင္း ဦးထြန္းလွိုင္၏ အစ္မျဖစ္သူ ေဒၚေအးမျဖဴကေျပာသည္။

၎တို႔ဇနီးေမာင္ႏွံမွာ ယခင္က ဘူးသီးေတာင္ၿမိဳ႕တြင္ ရကၡေတာ္ဝင္အမည္ရွိ ေ႐ႊဆိုင္ႏွင့္ ပန္းထိမ္ဆိုင္ လုပ္ငန္းကိုလုပ္ကိုင္ခဲ့ကာ လက္ရွိတြင္ မည္သည့္လုပ္ငန္း

မွ် မလုပ္ကိုင္ေတာ့ဘဲ ဘဏ္အတိုးျဖင့္သာ စားေသာက္လွ်က္ရွိေၾကာင္း မိသားစုဝင္မ်ားထံမွသိရသည္။

အိပ္မက္မေကာင္းလို႔ သူတို႔ကို ၿပီးခဲ့တဲ့ ၅ ရက္ကဖုန္းဆက္တယ္။ ဖုန္းကတစ္လုံးမွ ဆက္မရဘူး။ အကုန္လုံး ပိတ္ထားတယ္။ အဲဒီမွာ ေဆြမ်ိဳးေတြလည္း မရွိ

တာေၾကာင့္ ရဲစခန္းေတြကိုအေၾကာင္းၾကားၿပီးသူတို႔ေနတဲ့ အခန္းကိုသြားၾကည့္ခိုင္းတာပါ။ အဲမွာ လင္မယားႏွစ္ေယာက္လုံး ေသၿပီးေတြ႕တယ္လို႔ မေန႕ကဖုန္း

ဆက္ လာတယ္ ဟု ေဒၚေအးမျဖဴက ဆိုသည္။

တိုက္ခန္းအတြင္း ေသဆုံးေနသည့္ ဦးထြန္းလွိုင္၏ ဝမ္းဗိုက္တြင္ ဓားဒဏ္ရာ အခ်က္ေပါင္းမ်ားစြာျဖင့္ေသဆုံး ေနျခင္းျဖစ္ၿပီး ဇနီးျဖစ္သူ ေဒၚလွလွမွာ ေမွာက္

လွ်က္အေနအထားျဖင့္ ေသဆုံးေနသည္ကိုေတြ႕ရွိခဲ့သည္ဟု တာဝန္ရွိသူမ်ား၏ ေျပာဆိုခ်က္အရ သိရေၾကာင္း ေဒၚေအးမျဖဴက ေျပာသည္။

မီးခံေသတၱာမွာလည္း ေ႐ႊေတြဘာမွမရွိေတာ့ဘူး။ ကြၽန္မေမာင္ရဲ႕ လည္ပင္းမွာ ဝတ္ထားတဲ့ဆြဲႀကိဳးလည္း မရွိေတာ့ဘူး။ အခုလိုမ်ိဳးေသဆုံးသြားတာဟာ တရားဥ

ပေဒစိုးမိုးမႈ မရွိဘူးလို႔ထင္ပါတယ္ ဟု ၎ကဆိုသည္။

လက္ရွိတြင္ ေဒၚေအးမျဖဴမွာ ရန္ကုန္ၿမိဳ႕သို႔သြားေရာက္ ေနဆဲျဖစ္သျဖင့္ အမႈဖြင့္ထားျခင္းႏွင့္ပတ္သက္ၿပီး သက္ဆိုင္ရာမွ မည္သို႔ေဆာင္႐ြက္ေနသည္ကို မသိ

ရေသးေၾကာင္း ေျပာသည္။

အမႈအေျခအေနႏွင့္ပတ္သက္ၿပီး ေတာင္ဥကၠလာပၿမိဳ႕မရဲစခန္းသို႔ DMG က ဆက္သြယ္ခဲ့ေသာ္လည္း အဆက္အသြယ္မရရွိခဲ့ပါ။

Development Media Group

ဓါတ္ပုံ – Facebook

Unicode

ရခိုင်မှရန်ကုန်(တောင်ဥက္ကလာ)တွင်ပြောင်းရွှေ့နေထိုင်နေသည့် ဇနီးမောင်နှံနှစ်ဦးကို တိုက်ခန်းအတွင်း သေဆုံးလျက်တွေ့

မျိုးသီရိကျော် | DMG သြဂုတ် ၁ ၊ ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်၊ ခြောက်လမ်း(ခ)ရှိကန်ထရိုက်တိုက်ငါးလွှာတွင် နေထိုင်နေသည့် ရခိုင်ပြည်နယ်၊

ဘူးသီးတောင်မြို့မှ ရခိုင်ဇနီးမောင်နှံနှစ်ဦး တိုက်ခန်းအတွင်း သေဆုံးနေသည်ကို ဇူလိုင်လ ၃၁ ရက်နေ့ ည ၇ နာရီကျော်ခန့်ကတွေ့ရှိခဲ့ကြောင်း

မိသားစုဝင်များထံမှသိရသည်။

သေဆုံးသူနှစ်ဦးမှာ ဦးထွန်းလှိုင် (၄၈ နှစ်)နှင့် ဒေါ်လှလှ (၄၈ နှစ်)တို့ဖြစ်ကြပြီး ဇနီးသည်ဖြစ်သူ ကျန်းမာရေး

မကောင်းသဖြင့် ရန်ကုန်မြို့သို့ပြောင်းရွှေ့ကာ ဆေးကုသရင်းနေထိုင်နေသည်မှာ ၂ နှစ်ခန့် ရှိပြီဖြစ်ကြောင်း ဦးထွန်းလှိုင်၏ အစ်မဖြစ်သူ

ဒေါ်အေးမဖြူကပြောသည်။

၎င်းတို့ဇနီးမောင်နှံမှာ ယခင်က ဘူးသီးတောင်မြို့တွင် ရက္ခတော်ဝင်အမည်ရှိ ရွှေဆိုင်နှင့် ပန်းထိမ်ဆိုင် လုပ်ငန်းကိုလုပ်ကိုင်ခဲ့ကာ

လက်ရှိတွင် မည်သည့်လုပ်ငန်းမျှ မလုပ်ကိုင်တော့ဘဲ ဘဏ်အတိုးဖြင့်သာ စားသောက်လျှက်ရှိကြောင်း မိသားစုဝင်များထံမှ

သိရသည်။

အိပ်မက်မကောင်းလို့ သူတို့ကို ပြီးခဲ့တဲ့ ၅ ရက်ကဖုန်းဆက်တယ်။ ဖုန်းကတစ်လုံးမှ ဆက်မရဘူး။ အကုန်လုံး ပိတ်ထားတယ်။ အဲဒီမှာ ဆွေမျိုးတွေ

လည်း မရှိတာကြောင့် ရဲစခန်းတွေကိုအကြောင်းကြားပြီးသူတို့နေတဲ့ အခန်းကိုသွားကြည့်ခိုင်းတာပါ။ အဲမှာ လင်မယားနှစ်ယောက်လုံး သေပြီးတွေ့တယ်

လို့ မနေ့ကဖုန်းဆက် လာတယ် ဟု ဒေါ်အေးမဖြူက ဆိုသည်။

တိုက်ခန်းအတွင်း သေဆုံးနေသည့် ဦးထွန်းလှိုင်၏ ဝမ်းဗိုက်တွင် ဓားဒဏ်ရာ အချက်ပေါင်းများစွာဖြင့်သေဆုံး နေခြင်းဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်လှလှမှာ

မှောက်လျှက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရကြောင်း ဒေါ်အေးမဖြူက ပြောသည်။

မီးခံသေတ္တာမှာလည်း ရွှေတွေဘာမှမရှိတော့ဘူး။ ကျွန်မမောင်ရဲ့ လည်ပင်းမှာ ဝတ်ထားတဲ့ဆွဲကြိုးလည်း မရှိတော့ဘူး။ အခုလိုမျိုးသေဆုံး

သွားတာဟာ တရားဥပဒေစိုးမိုးမှု မရှိဘူးလို့ထင်ပါတယ် ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဒေါ်အေးမဖြူမှာ ရန်ကုန်မြို့သို့သွားရောက် နေဆဲဖြစ်သဖြင့် အမှုဖွင့်ထားခြင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ မည်သို့ဆောင်ရွက်

နေသည်ကို မသိရသေးကြောင်း ပြောသည်။

အမှုအခြေအနေနှင့်ပတ်သက်ပြီး တောင်ဥက္ကလာပမြို့မရဲစခန်းသို့ DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

Development Media Group

ဓါတ်ပုံ – Facebook